ပုတီး ရ ရခြင်း ဘာလုပ်မလဲ...?
ပုတီး ရ ရခြင်း ဘာလုပ်မလဲ...? ဒါကတော့ လောကီလမ်းကို လေ့လာလိုက်စားကြတဲ့သူတွေ မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုပါ ။ တစ်ချို့က ပုတီး စတင် စိပ်ခါစဖြစ်တော့ ပုတီးနဲ့ပတ်သက်ပြီး သိချင်တာတွေ ရှိကြပါတယ် ။ အဲဒါနဲ့ပတ်သက်ပြီး အခုလို ဖြေပေးလိုက်ပါတယ် ။ ကျနော်ပုတီးစိပ်ခါစကတော့ ဘာမှ မသိပါဘူး ။ ပါရမီလို့ ပြောရမလား မသိပါဘူး ။ ဟိုးငယ်ငယ်လေးကတည်းက ပုတီးစိပ်ရတာကို ဝါသနာထုံခဲ့တယ် ။ လူကြီးတွေနဲ့ ပုတီးလိုက်စိပ်ဖြစ်ပါတယ် ။ လူကြီးတွေက အရဟံတစ်လုံးပဲ သင်ပေးပါတယ် ။ အဲဒီလိုကနေ စ စိပ်ရင်း နောက်တော့ ဆရာတစ်ယောက်ဆီကနေ ပုတီးရခဲ့တယ် ။ အဲဒီဆရာပုတီးက အတော်စိပ်လို့ ကောင်းတယ် ။ မည်းနက်နေပြီး လက်နှစ်ဘက်ကိုင်စိပ်ရတာ အားရပါတယ် ။ အဲဒီကနေမှ နောက်ပိုင်း ကိုယ်ပိုင်ပုတီးနဲ့ စိပ်ဖြစ်လာခဲ့ပါတယ် ။ ပုတီးက သာမန်စိပ်ရင် သာမန်သဘောသာ ရှိပါတယ် ။ ဒါပေမယ့် လမ်းစဥ်တစ်ခုလို သွားပြီဆိုရင် သိသင့် သိထိုက်တာတွေ သိဖို့ လိုလာတတ်ပါတယ် ။ ပုတီးနဲ့ပတ်သက်ပြီး ပထမဦးဆုံး လိုအပ်တာက အသားကောင်းကောင်းနဲ့ စိပ်လို့ ကောင်းမယ့်ပုတီးမျိုး လိုအပ်ပါတယ် ။ ပိတောက်သားက အကောင်းဆုံးဖြစ်ပါတယ် ။ မွှေးတယ် ။ ပေါ့ပါးတယ် ။ ပိတောက်သားနဲ့ပုတီးစိပ်ရင် လက်မှာ မွှေးပြီး...