Posts

Showing posts from May, 2023

နယုန်လပြည့် မဟာသမယ အခါတော်နေ့

Image
  နယုန်လပြည့် မဟာသမယ အခါတော်နေ့   နယုန်လသည် မြန်မာလများတွင် တတိယလ ဖြစ်သည်။ နွေဥတုတွင် ပါဝင်သည်။ နွေရာသီကုန်ဆုံးရန် ၁၅ ရက်မျှသာ ကျန်တော့သဖြင့် စာဆိုပညာရှင်များက ထိုလကို ‘ နွေနှောင်းလ၊ နွေစွန်လ’ ဟု စာဖွဲ့လေ့ရှိကြသည်။ နွေနှောင်းလဖြစ်သည့်အလျောက် ကဆုန်လတွင် ခြစ်ခြစ်တောက် ပူပြင်းခဲ့သော နေမင်းသည် နယုန်လတွင် အပူရှိန် အားလျော့လာသည်။ ကောင်းကင်ပြင်တစ်ခုလုံးတွင် မိုးသားများ မည်းမှောင်အုံ့ဆိုင်းပြီး မိုးသီး မိုးပေါက်များ ရွာသွန်းတတ်သည်။ ကဆုန်လ၏ အပူရှိန်အောက်၌ ရွက်ခြောက်များ ကြွေကာ အရိုးပြိုင်းပြိုင်းဖြစ်နေကြသည့် သစ်ပင်သစ်ကိုင်းများမှ ရွက်ညွန့်ကလေးများ ထွက်ပြူ လာသည်။ စိမ်းစိုလန်းဆန်းလာကြသည်။ နယုန်လ၏ မိုးသေးမိုးဖွဲကလေးများကြောင့် မြေပြင်တွင်လည်း မြက်နုကလေးများဖြင့် စိုပြည်လာသည်။ ထို့ကြောင့် ရှေးမြန်မာတို့က ‘နယုန်မိုးသေး မြက်သားမွေး’ ဟု ဆိုရိုးပြုကြသည်။ ဖြူစင်ရှင်းသန့်သော စံပယ်ဖြူပန်းတို့လည်း လှိုင်လှိုင်ပွင့်လာကြသည်။ ဗုဒ္ဓဘုရားရှင်သည် နယုန်လပြည့်နေ့၌ လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့အား မဟာသမယသုတ်တော်ကို ဟောတော်မူခဲ့သည်။ ထိုသို့ ဟောတော်မူသည်ကို အစွဲပြု၍ နယုန် လပြည့်နေ့တွင် ‘မဟာသမယ အ...

ပျားအုံနိမိတ်အကြောင်း သိကောင်းစရာ

Image
  ပျားအုံနိမိတ်အကြောင်း သိကောင်းစရာ  မြန်မာလူမျိုးရှေ့လူကြီးသူမများဟာ မြန်မာရိုးရာဓလေ့ထုံးထမ်းများအရအိမ်တစ်အိမ်များပျားစွဲတဲ့အခါ ပျားလာရာအရပ်ကို ကြည့်ပြီး ကံကောင်းမလား ကံဆိုးမလားဆိုတာကို နိမိတ်ယူကြပါတယ်။ ပျားလာရာအရပ်ကိုသာ သတိထားပြီးကြည့်နိုင်မယ်ဆိုရင် အတိတ်နိမိတ်ကောက်ရာမှာပိုပြီးလွယ်ကူမှန်ကန်နိုင်ပါတယ်။ အိမ်ရှေ့ဘက်ကလာပြီး ပျားအုံစွဲပါက စီးပွားပျက်တတ်တဲ့အတွက်ကြောင့် အမြန်ဆုံးဖယ်ရှားဖို့အကြုံပြုချင်ပါတယ်။ အိမ်ရဲ့အနောက်ဘက်မှလာ၍စွဲပါက လာဘ်လာဘမှရတတ်တာကြောင့်ကောင်းတဲ့အတိတ်နိမိတ်ပါ။ အိမ်၏တောင်ဘက်မှ ပျားလာ၍ဆွဲသော် အိမ်တွင်းသောကရောက်တတ်ပါတယ်။ အိမ်၏မြောက်ဘက်မှလာ၍ပျားစွဲခဲ့သည်ရှိသော်စီးပွားရေးကျတတ်ပါတယ်။ ပျားသည် အိမ်ရဲ့အရှေ့မြောက်ဘက်မှလာစွဲပါက ချီးမြောက်ပူဇော်ခြင်းခံရပေမည်။ အိမ်ရဲ့အရှေ့တောင်ဘက်မှလာစွဲပါက ကြံစည်ထားသမျှ အောင်မြင်တတ်ပါတယ်။ အိမ်ရဲ့အနောက်မြောက်ဘက်မှပျားလာဆွဲခဲ့သည်ရှိသော် ဥစ္စာပစ္စည်းတိုးပွားလာနိုင်သည်။ ပျားသည်အနောက်တောင်မှ လာစွဲပါက ဘေးတွေ့တတ်တာမို့သတိထားနေထိုင်သင့်ပါတယ်။ အိမ်ရဲ့အရှေ့တံခါးမှာ ပျားလာစွဲပါက လာဘ်ရတက်ပါတယ်။ ပျားလာရာအရပ်အလိုက် အကျိုးစီးပွားဖြစ်ထွန်းတာ အကျိုးယု...

အတိတ်နိမိတ်ယုံကြည်မှုအပေါ် ဆရာတော်ဘုရားကြီးရဲ့မှတ်သားစရာဩဝါဒ

Image
  အတိတ်နိမိတ်ယုံကြည်မှုအပေါ် ဆရာတော်ဘုရားကြီးရဲ့မှတ်သားစရာဩဝါဒ ပုထုဇဉ်မှန်သမျှ နိမိတ်ကောက်တဲ့သူတွေ များတယ် မျက်ခုံးလှုပ်ရင်လာဘ်ရမယ် လက်ဖဝါးယားရင် ပိုက်ဆံရမယ် လို့နိမိတ်ကောက်တတ်ကြတယ်။ အိမ်မြှောင်စုတ်ထိုးတာ ငှက်မြည်တာ,ခွေးဟောင်တာမကျန် ပုထုဇဉ်က နိမိတ်ကောက်တတ်ကြတယ်။ နိမိတ်ကောက်တဲ့အတိုင်း မှန်သွားရင် ဒီဟာမြင်လို့,ဒီအသံကြားလို့ ဆိုပြီး ယူဆသွားတတ်တယ် ဒီအကျိုးတရားဟာ ငါပြုလုပ်ဖူးတဲ့ ကံကြောင့်ဆိုတာ ပြတ်ပြတ်သားသား သိထားဖို့လိုတယ်။ ဒီအတိတ်နိမိတ်ကြောင့် ဒီလိုဖြစ်ရတာပဲလို့ ယုံကြည်မိရင်တော့ "မင်္ဂလိကဒိဋ္ဌိ"လို့ခေါ်တယ်အယူမှားမိစ္ဆာဒိဋ္ဌိပဲ...။ (ဗန်းမော်ဆရာတော်ကြီး) ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ

တေဇော(သို့မဟုတ်)`မီး´

Image
  တေဇော(သို့မဟုတ်)`မီး´ ဟိုဘက်ကမ်းက မီးရောင်ထိန်..၊ ဆီမီးရောင်ဝါ လင်းပါလို့..၊ မနှင်းတို့အိမ်..။ ဒီဘက်ကမ်းက မီးရောင်မှိန်..၊ ဆီမီး ရောင်ဝါ ကင်းပါပေါ့..၊ `ငဘ´တို့အိမ်..။ တို့တိုင်းဋ္ဌာနီဝယ်..၊ `ကံ´ကြမ္မာရယ် မညီညွှတ်သောကြောင့်..၊ တုံးအောက်ကဖား..ပြားသည့်ဖားကပြား..၊ ဖောင်းသည့် ဖားက..ဖောင်း..၊ ကောင်းကြရောပဲ..။ မနက်ခင်း..နေထွက်သော်လည်း..၊ ဘဝတွေက..မှောင်မိုက်ဆဲ..။ ညနေခင်း..နေဝင်သော်လည်း..၊ ဘဝတွေက..ကြွေပျက်ဆဲ..။ အိပ်စက်နားချိန်မှာ.. စိတ်သက်သာခွင့် ရဖို့အရေး..၊ ဘုရားစင်ထက်က..ရောင်ဝါမီးကို..၊ လှမ်းမျှော်ကာကြည့်လိုက်ပြန်တော့..၊ အလင်းမဲ့နေဆဲ..ပျက်နေဆဲ..။ အမှောင်ခွင်းမည့် `ဘ´မင်းခေါင်လည်း..၊ မေးစေ့ကိုင်ဆဲ..တွေးနေဆဲ..။ တေဇောမီးရယ်က.. ကပ်ရောဂါ တစ်ခုပါ တကား..။ ကုရာနတ္ထိ..ဆေးမရှိပါ တကား..။ စာကြွင်း.. ဝိဇ္ဇာတို့၏ အတွေးသာလျှင်ဖြစ်ပေ၏ ။ နိုင်ငံရေး မဟုတ်ပါခင်ဗျာ ။

ရွှေပေါ်ကျွန်းဆရာတော်ဘုရားကြီး ချီးမြှင့်‌ တော်မူသော တြိ တြံ တြာ

Image
  ရွှေပေါ်ကျွန်းဆရာတော်ဘုရားကြီး ချီးမြှင့်‌ တော်မူသော တြိ တြံ တြာ   ကျေးဇူးတော်ရှင်ရွှေပေါ်ကျွန်းဆရာတော်ဘုရားကြီးက သီလလုံ၍ ဘာသာရေးမြဲသော တပည့်သာဝက အပေါင်းတို့အား ချီးမြှင့်တော်မူခဲ့သော တြိ တြံ တြာ အစီအရင်ဖြစ်ပါတယ်။   တြိ = ဘုရား၊ တရား၊ သံဃာ တို့၏ တန်ခိုးရှိန်စော်အာနုဘော်တော်တို့ကြောင့် တြံ = ကြံစည်အပ်သည့် စီးစိမ်ဥစ္စာရတနာရွှေငွေတို့သည် တြာ= မကြာချက်ချင် အလျှင်အမြန် ရောက်လာပါစေသတည်း ...   မွေးနေ့ နံနက် (၉:၄၅) နာရီတိတိအချိန်တွင် ဘုရားစင်ရှေ့၌ ထိုင်ကာ တြိ တြံ တြာရေးထားသော စတေကာကိုကိုင်၍ “ဥုံ တြိ တြံ တြာ” ဟု အခေါက်ရေ (၁၀၀၀) တိတိ ရွတ်ဖတ်ပူဇော်စီရင်ရမည်။ ရွတ်ဖတ်စီရင်သူသည် စီရင်မည့်နေ့၌ အနည်းဆုံး ငါးပါးသီလလုံခြုံရမည်၊ အရက်သေစာမသောက်ရ၊ ကျွဲသားနွားသားမစားရ (သားသတ်လွတ်စားနိုင်လျှင်ပိုကောင်းသည်) ၊ ရေချိုးသန့်စင်ရမည်။ အလုပ်ရုံ၊ ပွဲရုံ၊ ဆိုင်ခန်း၊ မော်တော်ယာဉ်များတွင် စတေကာကပ်ခြင်း (သို့) ချိတ်ဆွဲထားခြင်းဖြင့် စီးပွား‌လာဘ်လာဘများသိသာထင်ရှားစွာတိုးတက်အောင်မြင်စေနိုင်ပါသည်။ [ မှတ်ချက် ။ ။ ဘာသာရေးမမြဲသူ၊ ကျွဲသား၊ နွားသားစားသူ၊ အရက်သေစာသောက်သုံးသူ၊ သူများသားမယားပစ်မှားစော်ကားသူမ...

နယုန်လမွေးဖွားသူများအကြောင်း၊ ဆောင်ရန်၊ ရှောင်ရန်နှင့် ယတြာ

Image
  နယုန်လမွေးဖွားသူများ အကြောင်း၊ ဆောင်ရန်၊ ရှောင်ရန်နှင့် ယတြာ နယုန်လတွင်မွေးဖွားသူများသည် ဘာမဆိုစိတ်ဝင်စားတတ်၏။ မိတ်ဖွဲ့ကောင်း၏အပေါင်းအသင်းအလွန်မက်မည်။ အပေါင်းအဖော်နှင့်နေရမှပျော်တတ်တယ်။စိတ်ထိခိုက်လွယ်ပြီးလိုချင်တာအငမ်းမရဖြစ်တတ်တယ်။ တဇွတ်ထိုးလုပ်တတ်တယ်၊ စိတ်နှစ်ခွရှိမယ်၊ဘယ်ကိစ္စမဆို စိတ်ဒွိဟနှင့် ဆုံးဖြတ်ရခက်နေတတ်တယ်။သို့သော် အသိဉာဏ်ထက်မြက်ကြမယ်။ ယောက်ျားပီသသော စိတ်ဓါတ်ရှိမယ်။ အမျိုးသမီးများမှာလည်း ထက်မြက်ကြမယ်။ ယောကျာၤးဆန်မယ်။ မလိမ်တတ် မညာတတ်။ ဘယ်အခက်အခဲမျိုးကိုမှ နောက်မဆုတ်တတ်။ လွတ်လပ်မှုကိုမြတ်နိုးတယ်။ စည်းကမ်းဘောင်တို့ကိုလုံးဝမကြိုက်အ ထူး လွတ်လပ်လိုစိတ်ရှိမယ်။ ငွေကိုပြင်းထန်စွာရှာတတ်တယ်။ လောင်းကစားဘက်ရောက်သွားတတ်တယ်။ သူဋ္ဌေးဖြစ် ခွေးဖြစ်ကြံတတ်၏။ သုံးစရာရှိက သုံးပစ်တတ်၏။ ကုန်သွားကလည်း မနှမြောတတ်။ ရွှေတစ်နေ့ငွေတစ်နေ့ဖြစ်နေမယ် ။ လောဘကြီးတတ်တယ်။ အတွေးအခေါ်ဉာဏ်ထက်သလောက် အစွန်းရောက်တတ်တယ်။ အပြုသမားဖြစ်လျှင်လည်း သူများထက်ပို၍ ထူးခြားစွာအများကောင်းကျိုးဆောင်ရွက်တတ်တယ်။ အပြုသမားမဖြစ်က အဖျက်သမားကြီးဖြစ်တတ်မယ်။ လောင်းကစားမှုကို အထုံဝါသနာ အစွဲကြီးစွာ ပါလာတတ်ပြီး တစ်ချီကော...