ဘုရားခန်းဆိုတာ
ဘုရားခန်းဆိုတာ ဖူးမျှော်ရတာရှင်းလင်းနေမှ ကောင်းတယ် ဘုရားပန်းဆိုတာ မြင်ရသူတိုင်း လန်းဆန်းနေမှ ကောင်းတယ် ဘုရားဆင်းတုဆိုတာ စက်လက္ခဏာတွေကို အပြည့်အစုံထွင်းထုကိုးကွယ်မှ သဒ္ဓါတိုးပွါး အကျိုးများမယ် ဘုရားစာ ဘုရားတရား ဘုရားဂုဏ်တော်တွေဆိုတာ သာယာဖြေးညှင်း ကြည်လင်ပီသ ရှင်းလင်းပြတ်သားစွာ ရွတ်ဖတ်ပူဇော်ပါမှ နားဝင်ချိုတယ် ကုသိုလ်ကောင်းမှုဆိုတာ နောင်သံသရာဒုက္ခ ပြန်မရမှ ကုသိုလ်စစ်တယ် ကံတရားထက် ဉာဏ်တရားကိုအလေးထား သူတွေမှ ဗုဒ္ဓဘာသာဝင်လို့ခေါ်တယ် ဘုရား”မ”ဖို့မမျှော်လင့်ပါနဲ့ ရုတ်တရက်ခလုတ်တိုက်မိရင်တောင်မှ ဘုရားတမိဖို့ကြိုးစားပါ နိဗ္ဗာန်ကိုဦးတိုက်နိုင်ဖို့ဆိုရင် အထုံဝါသနာဗီဇကို ခုထဲက ကောင်းနိုင်သမျှ ကောင်းအောင် ကြိုးစားထားမှ တော်ရာကျမယ်လေ