အဘဘိုးဘိုးအောင် ပေးသောပုတီးစိပ်နည်း
အဘဘိုးဘိုးအောင် ပေးသောပုတီးစိပ်နည်း
**********************************
ဒီပုတီးစိပ်နည်းက ပြည်မြို့ ၊ လောကမာရဇိန်ဆရာတော် ဦးသေဋ္ဌမာရ်အောင်အား အဘဘိုးဘိုးအောင်မှ ချီးမြင့်ပေးထားသော ပုတီးစိပ်နည်းဖြစ်ကြောင်း သိရပါတယ် ။ လောကမာရဇိန်ဆရာတော်က တရားထိုင်နေစဥ်အတွင်း အဘဘိုးဘိုးအောင်က ရောက်လာပြီး ယခုပုတီးစိပ်နည်းကို ပေးလှူသွားခဲ့ပါတယ် ။
ပထမံအဘကြီး အဘဘိုးဘိုးအောင်ရဲ့ ဂါထာတွေက နာမည်ကြီးပေမယ့် ပုတီးစိပ်နည်းကတော့ တွေ့ရခဲပါတယ် ။ ယခုနည်းကတော့ ရှားပါးတဲ့ အဘဘိုးဘိုးအောင် ပုတီးစိပ်နည်း ဖြစ်ပါတယ် ။ အဘဘိုးဘိုးအောင်ရဲ့ ပဋ္ဌာန်းဆက်များအနေနဲ့ အဓိဋ္ဌာန်ဝင် ပုတီးစိပ်နိုင်ပါတယ် ။
ပုတီးစိပ်နည်းကတော့
အဓိဋ္ဌာန်ဝင်မည့်နေ့တွင် ပထမဦးဆုံး ပရိတ်ပဋ္ဌာန်းစသည့် ရသမျှ ဘုရားရှိခိုးစာဖြင့် ဘုရားရှိခိုး ဝတ်ပြုရပါတယ် ။ ပြီးရင် ငါးပါးသီလကို ခံယူဆောက်တည် ရပါတယ် ။ စွမ်းနိုင်လျှင် စက်ပရိတ်ကို နေ့စဥ်ရွတ်ဖတ်ပူဇော်ရပါတယ် ။ အဓိဋ္ဌာန်ရက်အတွင်း သက်သတ်လွတ်သာ စားသုံးရပါတယ် ။ သားကြီး ငါးကြီး မစားရပါဘူး ။ ပုတီး စ တင် စိပ်ရမည့်ရက်က မိမိမွေးနေ့မွေးရက်မှာပဲ စ စိပ်ရပါတယ် ။ ပုတီးပရိကံကို မှန်ကန်စွာ ဆောင်ရွက်ရပါတယ် ။
ပြီးတာနဲ့ ပုတီးမစိပ်ခင် ဗုဒ္ဓနိမ္မိတဂါထာမန္တာန်ကို အရင်ရွတ်ဖတ်ရပါတယ် ။ ဗုဒ္ဓနိမ္မိတဂါထာက အောက်ပါအတိုင်း ငါးပိုဒ် ရှိပါတယ် ။
၁ ။ ဗုဒ္ဓေါ ဗုဒ္ဓဿ ဣဒ္ဓိ ဗုဒ္ဓဿ နိမ္မိတံ ဓာတုဗုဒ္ဓေါ ။
၂ ။ ဘဂဝါ တုမှာကံ အတ္တဘာဝံ နိမ္မိတံ ဗုဒ္ဓေါ ။
၃ ။ ဗုဒ္ဓေါ ဗုဒ္ဓဿ ဣဒ္ဓိ ဗုဒ္ဓဿ နိမ္မိတံ စိတ္တံဗုဒ္ဓေါ ။
၄ ။ ဗုဒ္ဓေါ ဗုဒ္ဓဿ ဣဒ္ဓိ ဗုဒ္ဓဿ နိမ္မိတံ ကာယ ဗုဒ္ဓေါ ။
၅ ။ ဗုဒ္ဓေါ ဗုဒ္ဓဿ ဣဒ္ဓိ ဗုဒ္ဓဿ နိမ္မိတံ သညာဏ ဗုဒ္ဓေါ ။
အဲဒီဂါထာမန္တာန်ငါးပိုဒ်ကို ရွတ်ဆိုပြီးရင် အောက်ပါအတိုင်း ပထမနေ့မှာ ပုတီးစိပ်ရပါမယ် ။
အရဟံ ( ၄ ) ပတ်
သမ္မာသမ္ဗုဒ္ဓေါ ( ၆ ) ပတ်
ဝိဇ္ဇာစရဏသမ္ပန္နော ( ၈ ) ပတ်
သုဂတော ( ၁၀ ) ပတ်
လောကဝိဒူ ( ၁၂ ) ပတ်
အနုတ္တရော ပုရိသဒမ္မသာရထိ ( ၁၄) ပတ်
သတ္ထာဒေဝမနုဿာနံ ( ၁၆) ပတ်
ဗုဒ္ဓေါ ( ၁၈ ) ပတ်
ဘဂဝါ ( ၂၀ ) ပတ်
စုစုပေါင်း ( ၁၀၈) ပတ် ပြည့်ပြီး နဝင်းအားပြည့်သွားပါတယ် ။ တစ်ထိုင်တည်းနဲ့ အပြီး မစိပ်နိုင်ရင် ခွဲစိပ်လို့ ရပါတယ် ။ ဂုဏ်တော်သုံးပါးကို တစ်ကြိမ်ထိုင် စိပ် ၊ ဂုဏ်တော်ကိုးပါးဆိုတော့ သုံးကြိမ် ထိုင်စိပ်ရင် ပြည့်သွားပါပြီ ။ သတိပြုရမှာက အဲဒီ (၁၀၈) ပတ်ကို တစ်ရက်တည်း ပြီးအောင် စိပ်ရပါမယ် ။ ရက်မကူး ရပါဘူး ။ ဒီနည်းအတိုင်း ၉ ရက် ၊ ၁၈ ရက် စသည်ဖြင့် ၁၀၈ ရက် တိုင်အောင် ကိုးရက်စီ တိုး၍ အဓိဋ္ဌာန်တင်ပြီး အားထုတ်နိုင်ပါတယ် ။ နိမ္မိတဂါထာသက်သက်နဲ့တင် အကျိုးကြီးပါပြီ ။ အမှန်နေ့ည ၊ တစ်လကြာအောင် ၊ ကိုးကွယ်ဆောင်မူ ၊ ကြီးခေါင်အာဏာ ၊ ပညာလျင်လျား ၊ စသည်ဖြင့် အကျိုးလင်္ကါ ရှည်လျားစွာ ရှိပါတယ် ။ ဒီဗုဒ္ဓနိမ္မိတဂါထာက အဘဘိုးဘိုးအောင်ရဲ့ ဝိဇ္ဇာပညာဆိုင်ရာမှာ အောင်မြင်ထားသော ဂါထာလည်း ဖြစ်ပါတယ် ။
ဒီနည်းက သစ္စာ ( ၄ ) ပါးကို အရင်းတည်ပြီး နေ လ နှစ်ပါးဖြင့် နှစ်ခုစီ တိုး၍ တိုး၍ ၁၀၈ နဝင်းသင်္ချာအထိ ပုတီးစိပ်ရသော ပထမံအဘဘိုးဘိုးအောင် ပေးထားသောပုတီးစိပ်နည်း ဖြစ်ပါတယ် ။ ပရမတ္ထသစ္စာ ၊ လောကသစ္စာတို့ဖြင့် တွဲဖက်ထားသော နည်းလည်း ဖြစ်ပါတယ် ။ ပထမံအဘဘိုးဘိုးအောင်ထံမှ ပညာလိုလားသော ပုဂ္ဂိုလ်များနှင့် အဘပဋ္ဌာန်းဆက်များ ဤနည်းအတိုင်း ပုတီးစိပ်နိုင်ပါတယ် ။
မေတ္တာဖြင့် ပြန်လည် မျှဝေလိုက်ပါသည် ။
ကျမ်းကိုး - ပုတီးစိပ်နည်း နိဿယည်းကျမ်း

Comments
Post a Comment