အလုပ်အကိုင်အိုးအိမ်နှင့်ပါတ်သက်သောအဓိဌာန်လေးတစ်ခု။
အလုပ်အကိုင်အိုးအိမ်နှင့်ပါတ်သက်သောအဓိဌာန်လေးတစ်ခု။
ကျွန်ုပ်၏ ကိုယ်တွေ့အဓိဌာန်ပါ။
၂၀၁၄ ခုနှစ်..ကျွန်ုပ်သည် ကုမ္ပဏီတစ်ခုမှ ထွက်၍ နောက်အလုပ်တစ်ခုပြောင်းရှာသော်.. ကုမ္ပဏီက ကိုယ့်ကို ကြိုက်ပြန်သော်လည်း လစာကမကြိုက်၊ လစာအကြိုက်ရပြန်သော်လည်း ကုမ္ပဏီဖွဲ့စည်းပုံကိုမကြိုက်၊ အမျိုးမျိုးချေးများရင်း အလုပ်မရှိတဲ့လတွေကြာလာတော့ အောက်ဖော်ပြမည့် အဓိဌာန်တစ်ခုအား သွားရောက်ဆောင်ရွက်ရာ ၂ပါတ်ပြည့် (၂ ကြိမ်)မှာပင် မိမိမလျှောက်ထားဘဲ ဘိတ်-ကော့သောင်းလမ်းပိုင်း Project Manager ရာထူးနှင့် မိမိတောင်းဆိုသောလစာအတိုင်း လွယ်ကူစွာခေါ်ယူခန့်အပ်ခဲ့လေသည်။
အဓိဌာန်
တနင်္ဂနွေနေ့ နံက် ၉ နာရီတွင် စနေထောင့် နေလဘုရား နှင့်ကပ်လျှက် မင်းငါးပါးကိုးကွယ်ခဲ့သည့် #နန်းဦးဘုရား ရုပ်ပွားတော်ရှေ့တွင် ပန်းမာလ်၊နံသာဆီမီးလှူကာ #အောင်အရဟံသိဒ္ဓိ ဂါထာအား ပုတီး ၉ ပါတ်ဖြင့်ပူဇော်ပါ။ ထို့နောက် တင်ပလ္လင်ခွေကာ ဒူးနှစ်ဘက်ပေါ် လက်ဝါးဖြန့်တင်လျှက် (ဥပမာ..အလုပ်ကောင်း အမြန်ရရှိပါစေ) ၉ ကြိမ်တိတိ လေးနက်စွာဆုတောင်းပါ။ ထို့နောက်မေတ္တာပို့အမျှအတန်းဝေပါ။
မှတ်ချက်။
(အလုပ်ကိစ္စ၊အိုးအိမ်ကိစ္စ၊အမှု့အခင်းကိစ္စတို့အတွက်သာ ဆောင်ရွက်နိုင်သည်။)
ထို့နောက် ဒုတိယ ဘုရားအနေဖြင့် မြောက်ဘက်စောင်းတန်း (လောကပါလမယ်တော်ကြီးနောက်ကျော ညာဘက်ယွန်းယွန်းရှိ)
#ရာဇမုနိရုပ်ပွားတော် ရှေ့မှောက်တွင် အထက်ပါ နန်းဦးဘုရားတွင်လှူခဲ့သည့် အတိုင်း၊အောင်အရဟံသိဒ္ဓိ ၉ပါတ်နှင့် ထပ်တူဆုတောင်းခြင်းပြု မေတ္တာပို့အမျှအတန်းဝေပါ။
အထူးသတိပြုရန်မှာ
လှူဖွယ်အရေအတွက်တူရမည်၊ ပုတီးအပါတ်ရေတူရမည်၊ဆုတောင်းခြင်းတစ်ထပ်ထဲကျစေရမည်။
ဤသို့ဆိုလျှင် အဓိဌာန်ပြီးမြောက်ပါသည်။
တနင်္ဂနွေနေ့တိုင်း ၉ နာရီတွင်အထက်ပါ အဓိဌာန်အား မိမိဆန္ဒမပြည့်မခြင်း ဝင်ပါ။ ကံအလျှောက် ကျွန်ုပ်ကတော့ နှစ်ကြိမ်မြောက်မှာပင်ဆန္ဒပြည့်ဝခဲ့ပါသည်။
အလုပ်အကိုင် အကြံစီးပွားများတိုးတက်အောင်မြင်ကြပါစေ။
မြစကြာဆရာ လူမင်းအောင်
Comments
Post a Comment