Posts

၄၉ရက် အဓိဋ္ဌာန် ဘာကြောင့် ဝင်ကြသလဲ

Image
  ၄၉ရက် အဓိဋ္ဌာန် ဘာကြောင့် ဝင်ကြသလဲ အကျင့်စခန်းမှာ အဓိဋ္ဌာန်သမား အတော်များများ ၄၉ ရက် အဓိဋ္ဌာန်ဝင်လေ့ ရှိကြပါတယ်။ အဲ့ဒါ ဘာ့ကြောင့်ပါလဲဘုရား . . ? "ဘုရား အရိယာတို့ မည်သည် . . . ကျင့်ကတည်းက ကိုယ့်အတွက် မဟုတ်ဘူးဗျ။ သတ္တဝါ ဝေနေယျများအတွက် ခုနှစ်ရက်သားသမီးများ အတွက်ဗျ။ ခုနှစ်ရက် သားသမီးများ အတွက်ဆိုတော့ ခွန် ခွန် နှစ်လီ ၄၉ မို့လားဗျ . . . အဲဒါကြောင့် ၄၉ရက် အဓိဋ္ဌာန် ဝင်ပြီဆိုကတည်းက ခုနှစ်ရက်သားသမီးအတွက် အလုပ်လုပ်ရတယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက စပြီး ၄၉ ဂဏန်းကို သုံးသွားတာပဲ . . . ဘုရားအဖြစ် ရောက်တော်မူမည့်နေ့ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ့မနက်စောစော သုဇာတာ သူဌေးသမီးကပ်တဲ့ ဃနာနို့ဆွမ်းကို ဘုဉ်းပေးတာ ဘယ်နှလုတ်လဲဗျ . . . "၄၉ လုတ်ပါဘုရား . . ." အဲ့ဒါ ခုနှစ်ရက် သားသမီးအကျိုး လောကအကျိုး ရည်ညွှန်းတာပဲဗျ . ဘုရားဖြစ်တော့ကောဗျာ . . .။ ဗောဓိပင်နဲ့ ရွှေပလ္လင်ကစပြီး သတ္တဌာန ခုနှစ်ဌာန သီတင်းသုံးသွားတယ် မဟုတ်လား တစ်ဌာန တစ်ဌာနစီမှာလည်း ဘယ်နှစ်ရက် သီတင်းသုံးသွားတာလဲဗျ . . . "ခုနှစ်ရက်ပါ ဘုရား" 'ခုနှစ်ဌာန ခုနှစ်ရက်စီ...
Image
  ပုတီးသမား နှင့် ဟိတ်တန်ခိုး သော့ချက် ပုတီးစိပ်နည်းတွေ၊ ပုတီးစိပ် ဂါထာတွေ စတာတွေကတော့ မရိုးအောင် တွေ့နေကြရပြီမို့ အထူးတလည် မပြောလိုတော့။ ကျွန်ုပ် ပုတီးစိပ်သက်တမ်းတလျှောက်မှ အဓိက အနှစ်ချုပ်တွေ ဆွဲထုတ်ကာ ပြလိုသည်။ (1) ပင်လယ်ကူးမှာ ဆုတောင်းပါ ပုတီးတစ်ပတ်ပြည့်၍ ပင်လယ်ကူး ခေါ် ပုတီးခေါင်း နေရာ ရောက် လျှင် အများစုက ကျော်သွားတတ်ကြသည်။ ဂါထာကို ပုတီးသိပ်ရန်ကား မဟုတ်။ သို့သော် ထို ပုတီးခေါင်း နေရာကို စိပ်၍ မိမိလိုလားသော ဆုတစ်ဆု တောင်းရန် ဖြစ်သည်။ ငွေကြေးသောကကြောင့် ပုတီးအဓိဋ္ဌာန်ဝင်နေတယ် ဆိုလျှင် ပုတီးခေါင်း နေရာရောက်လျှင် " ငွေကြေးသောကမှ အမြန်လွတ်မြောက်ပါစေ " သို့မဟုတ် "ငွေများ ဝင်ပါစေ" စသဖြင့် တစ်ခုခုပေါ့။ (2) မြောက်အရပ်မျက်နှာမူ စိပ်ပါ တတ်နိုင်လျှင်/ အခွင့်ရေးရလျှင် မြောက်အရပ် မျက်နှာမူစိပ်ပါ။ မြောက် အရပ်ကား လျှို့ဝှက်ချက်များ ပြည့်နေ၏ ဓူဝံကြယ်သည် မြောက်အရပ်တွင်သာ ရှိ၏ လင်းပိုင် ဝေလငါး အစရှိသည်တို့ ခရီးဝေး ကူးခပ်လျှင် မြောက်အရပ် သံလိုက်စက်ကွင်း အတိုင်း ဦးတည်ကူးခပ်ကြ၏ ဘုရားရှင်တို့သည် မြောက်အရပ် ဦးခေါင်းပြုကာ ပရိနိဗ္ဗန်ပြုကြကုန်၏ တောင်တန်းကြီးများသည် မြောက်အရပ်ဗဟို့ပု တည်ရ...

သံမ္ဗုဒ္ဓေဂါထာတော် နဲ့ လောကီရေးရာ

Image
  သံမ္ဗုဒ္ဓေဂါထာတော် နဲ့ လောကီရေးရာ ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^  လူတိုင်း အားလုံးနီးပါးလောက် ရွတ်ဆိုကြတဲ့ သံမ္ဗုဒ္ဓေဂါထာတော်ကို နေ့စဉ်ဘ၀လုပ်ငန်းကိစ္စများတွင်၎င်း ဘယ်လိုအချိန်အခါတွေမှာ ရွတ်သင့်ကြောင်း/ရွတ်ဆိုနိုင်ကြောင်းကို ဖော်ပြပေးချင်ပါတယ်။ သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ ဒွာဒ သဉ္စ ဿဟသကေ ပဉ္စသတ္တ သဟဿာနိ နမာမိ သိရသာမဟံ အပ္ပကာ ဝါဠုကာ ဂင်္ဂါ အနန္တာ နိဗ္ဗုတာ ဇိနာ တေသံ ဓမ္မဉ္စ သံဃဉ္စ အာဒေရန နမာမဟံ နမက်ကာရာ နုဘာဝနေ ဟိတွာ သဗ္ဗေ ဥပ္ပဒဝေ အနေက အန္တရာယာပိ ဝိနဿန္တု အ သေသတော။ အနက်( မြန်မာပြန် ) ^^^^^^^^^^^^^^^ နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားရှင် တသောင်းနှစ်ထောင်သော ဘုရားရှင် ငါးသိန်းသော ဘုရားရှင်တို့ကို (၅၁၂၀၂၈ ဆူသော ဘုရားရှင်တို့ကို )ဘုရားတပည့်တော် ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးပါ၏ ဂင်္ဂါမြစ်ကမ်း၌ရှိကုန်သော သဲနှင့်အမျှပွင့်ကြကုန်သော အဆူဆူကုန်သော ဘုရားရှင်တို့သည်ကား အဆုံးမရှိကြကုန် ထိုသို့ အဆုံးမရှိကုန်သော ဘုရားရှင်တို့နှင့်တကွ ဓမ္မ နှင့် သံဃာ့ ဂုဏ်တို့အားလည်း ရိုသေမြတ်နိုးရှိခိုးပါ၏ ထိုသို့ ရှိခိုးရသည့် ဘုန်းတန်ခိုး တေဇော် အာနုဘော်တော် ကြောင့် ကြောင့်ကြခပ်သိမ်း ဆင်းရဲငြိမ်း၍ ဘေးဘယာ အန္တာရာယ်အတွ...

Angelic Numbers

Image
  Angelic Numbers  ဂဏန်းအပူးတွေကိုပဲ ရုတ်တရက်မထင်မှတ်ဘဲခဏခဏ ​မြင်ဖူးကြလား ။အဲလိုဂဏန်းအပူးလေးတွေကို Angelic numbers လို့ခေါ်ပါတယ် 1:11/2:22/ 11:11/ 22:22/ 3:33.....ခဏခဏ​တွေ့ဖူးကြတယ်မလား။ အထူးသဖြင့် Digital Clock တွေမှာတွေ့ရသလို ကား license ပြားတွေ မှာလဲ အမှတ်မထင်တွေ့ရတတ်တယ်။နာရီတွေမှာပဲ တွေ့ရတာမျိုးမဟုတ်ပဲ ဖုန်းနံပါတ်တွေ ကားနံပါတ်တွေ မှာလဲ တွေ့ရပါတယ်နော် အမှတ်မထင်တွေ့တဲ့ အချိန်မျိုးပါနော် တမင်စောင့်ကြည့်နေတာမျိုးတော့မရဘူးပေါ့နော် ရုတ်တရက်ကြည့်လိုက်တဲ့ အချိန်မှာ 11:11 ဖြစ်နေတာ၊ 1:11 ဖြစ်နေတာ၊ 22:2, 22:22, 3:33 …. ရုတ်တရက် မထင်မှတ်ဘဲနဲ့ မြင်ရတဲ့ အချိန်ကိုပဲ နိမိတ်ပြတယ်သတ်မှတ်တာပါ။ အဲဒီတော့ ဘာလို့ ဒီ 1111, 2222 တွေကို ထပ်ခါတလဲလဲ မြင်တွေ့နေရတာလဲ? ဆိုတော့ ကိုယ့်ရဲ့ ကိုယ်စောင့်နတ် ကိုယ့်ရဲ့အစောင့်အရှောက် က ကိုယ့်ကို နိမိတ်စကား / သတိပေးချင်တာမျိုး / ဒါမှမဟုတ် သူစောင့်ရှောက်နေတာကို သိစေချင်တာမျိုး တွေမှာ တွေ့ရတတ်ပါတယ် ပြောရမယ်ဆို နိမိတ်ပေးတာမျိုးပေါ့ ဂဏန်းပူးတွဲတွေကိုမကြာခဏမြင်ရပြီ ဆိုရင်အဲ့ဒီအရာဟာကိုယ့်ရဲ့ကိုယ်စောင့်နတ် ကိုယ့်ရဲ့အစောင့်အရှောက်ကကိုယ့်ကိုကိုတခုခု နိမိတ်ပြနေ​ပြီဆိုတာပါ...