ဘာ ပုတီး နဲ့ စိပ်ကြမလဲ
ဘာ ပုတီး နဲ့ စိပ်ကြမလဲ
================
ပုတီးစိပ်ဖို့ ဘယ်နေ့သား ဘာသားနဲ့ထုရမလည်းဆိုပြီးမေးမေးနေကြတာတွေ့နေရလို့ ကျွန်တော်သိတဲ့တတ်တဲ့ နဝင်းစီးပညာ အယူအဆနဲ့ ဆောင်ပန်းလုံးအသားနဲ့ပုတီးဆောင်နည်း ပြောပါမယ်။ လိုရင်ယူ မလိုရင်ပယ်ပါ။ နှစ်သက်ရင်လုပ် မနှစ်သက်ရင်ကျော်သွားပါ။
တနင်္ဂနွေသားသမီး ဘင်္ဂဖွား ၊ အထွန်းဖွား ၊ အဓိပတိဖွား များအတွက် ---- သီဟိုဠ်သား ၊ သီးသား
တနင်္ဂနွေသားသမီး ပုတိဖွား ၊ သိုက်ဖွားများအ
တွက် ------ ပျဉ်းမသား ၊ ပေါက်သား ၊ ပေပုတီး
တနင်္ဂနွေသားသမီး ရာဇဖွား ၊ မရဏဖွားများအ
တွက် ----- ကံ့ကော်သားပုတီး
တနင်္လာသားသမီး ဘင်္ဂဖွား ၊ အထွန်းဖွား ၊ အဓိပတိဖွားများအတွက် ------ ထိန်သား ၊ ထန်းသား ၊ တည်သားပုတီး
တနင်္လာသားသမီး ပုတိဖွား ၊သိုက်ဖွားများအတွက် ----
သီဟိုဠ်သား ၊ သီးသား
တနင်္လာသားသမီး မရဏဖွား ၊ ရာဇဖွားများအတွက် ---- ဇီးသားပုတီး
အင်္ဂါသားသမီး ဘင်္ဂဖွား ၊ အထွန်းဖွား ၊ အဓိပတိဖွားများအတွက် ----- အုန်းသား ၊ အင်သား
အင်္ဂါသားသမီး ပုတိဖွား ၊ သိုက်ဖွားများအတွက် ----
ထန်းသား ၊ ထိန်သား ၊ တည်သား
အင်္ဂါသားသမီး မရဏဖွား ၊ ရာဇဖွားများအတွက် -----
လိန်သား ၊ ရွက်လှသား ၊ ဝါးသား ၊ လင်းလွန်းသား
ဗုဒ္ဓဟူးသားသမီး ဘင်္ဂဖွား ၊ အထွန်းဖွား ၊ အဓိပတိဖွားများအတွက် ------ ကံ့ကော်သား
ဗုဒ္ဓဟူးသားသမီး ပုတိဖွား ၊ သိုက်ဖွားများအတွက် ----- အုန်းသား ၊ အင်သား ။
ဗုဒ္ဓဟူးသားသမီး မရဏဖွား ၊ ရာဇွားများအတွက် -----
ပျဉ်းမသား ၊ ပေါက်သား ၊ ပေပုတီး
မှတ်ချက် ။ ရာဟုသားသမီးများ ဗုဒ္ဓဟူးနှင့်အတူတူပင်ဖြစ်သည် ။
ကြာသာပတေးသားသမီး ဘင်္ဂဖွား ၊ အထွန်းဖွား ၊ အဓိပတိဖွားများအတွက် ----- ဇီးသား
ကြာသာပတေးသားသမီး ပုတိဖွား ၊ သိုက်ဖွားများအတွက် ---- ကံ့ကော်သား
ကြာသာပတေးသားသမီး မရဏဖွား ၊ ရာဇဖွားများအတွက် ----- သီဟိုဠ်သား ၊ သီးသား
သောကြာသားသမီး ဘင်္ဂဖွား ၊အထွန်းဖွား ၊ အဓိပတိဖွားများအတွက် --- လိန်သား ၊ လင်းလွန်းသား ၊ ရွက်လှသား ၊ ဝါးသား
သောကြာသားသမီး ပုတိဖွား ၊ သိုက်ဖွားများအတွက် ----- ဇီးသား
သောကြာသားသမီး မရဏဖွား ၊ ရာဇဖွားများအတွက် ----- ထန်းသား ၊ ထိန်သား
စနေသားသမီး ဘင်္ဂဖွား ၊ အထွန်းဖွား ၊ အဓိပတိဖွားများအတွက် ------ ပျဉ်းမ ၊ ပေါက်သား ၊ ပေပုတီး
စနေသားသမီး ပုတိဖွား ၊ သိုက်ဖွားများအတွက် -----
ရွက်လှသား ၊ လင်းလွန်းသား ၊ လိန်သား ၊ ဝါးသား ။
စနေသားသမီး မရဏဖွား ၊ ရာဇဖွားများအတွက် -----
အုန်းသားပုတီး ။
ပုတီးဆောင်ရမယ့်အသားတော့ ပြောပြီးပြီ ။
ပြုလုပ်ရမှာဆက်ပြောမယ် ။
၁ ။ ဝယ်ယူလာသော ပုတီးအား အိမ်ရောက်သည့်အခါ
တရော်ကင်းပွန်းဖြင့် ဆေးကြောသန့်စင်ရပါမည် ။
( စတိသဘောသာ ပုတီးခေါင်းအားဖြန်းပါ ။ ဆေးလိုက်သည့်အခါ ပုတီးအသားကြမ်းသွားတတ်ပါသည် )
၂ ။ အမွှေးနံ့သာရည်ဖြန်းမည် ။
၃ ။ ထိုပုတီးအား မိမိမွေးနေ့မနက် ၉နာရီမှ ၁၀နာရီခွဲအတွင်း၌
( က ) ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ တစ်လုံးချ ။
ဓမ္မံ သရဏံ ဂစ္ဆာမိ တစ်လုံးချ ။
သံဃံ သရဏံ ဂစ္ဆာမိတစ်လုံးချစိပ်ပ။
၃ ပတ်စိပ်ရမည် ။
( ခ ) ဂုဏ်တော်တစ်ပါး ပုတီးတစ်လုံးချဖြင့် ၉ပတ်
စိပ်ရမည် ။
( ဂ ) ပုတီးစိပ်၍ပြီးလျှင် ထိုပုတီးအား လက်နှစ်ဖက်ဖြင့် ရိုသေစွာ ကိုင်၍ မေတ္တာသုတ်ပရိတ်ဖြင့် ထုံမွှမ်းရမည် ။
( ဃ ) ပုတီးကို ပဝါ သို့ အိတ်ဖြင့် သေချာစွာ ထားရမည်။ ချိတ်ဆွဲခြင်းမပြုရ။
( င ) အသုဘ၊ နာရေးအိမ်သို့ ယူဆောင်ခြင်းမပြုရ။
Comments
Post a Comment