သမ္ဗုဒ္ဓေဂါထာတော် အကြောင်း

 

သမ္ဗုဒ္ဓေဂါထာတော် အကြောင်း 

သမ္ဗုဒ္ဓေဂါထာတော်က ၂၇ခေါက်ကျော်ရင် အိမ်စောင့်နတ်၊ကိုယ်စောင့်နတ်တောင်နေမရတော့ပါဘူး….စောင့်ရှောက်ပေးရပါတယ်
ပြိတ္တာကတော့ ဂါထာအစကြားတာနဲ့ တစ်ချိုးတည်းလစ်ပြေးပါတယ်…

ကျောင်းထိုင်ပြိတ္တာကြီးတွေ အခြားဂါထာတွေ ပရိတ်တွေလိုက်ဆိုပြနိုင်ပေမယ့်
သမ္ဗုဒ္ဓေ စ' ရွတ်တာနဲ့လစ်ပြေးတာပါပဲ….

ပြေးတဲ့နောက်ကလိုက်ရွတ်၊သူကိုယ်ရောင်ဖြောက် မပြေးနိုင်ပါဘူး….

သမ္ဗုဒ္ဓေဂါထာတော် တစ်နေ့တစ်ထောင်မကရွတ်ရင် နတ်တွေ တိမ်ကြားမင်းတွေထက်တောင်ဘုန်းကြီးလာနိုင်ပီး စိတ်က တောင့်တရင် သူတို့တွေကောင်းကောင်းနေမရပါဘူး…. လိုက်ဖြည့်စည်းပေးရပါတယ်….သမ္ဗုဒ္ဓေဂါထာတော်ဟာ နေမင်းကြီးနဲ့တူပါတယ်… အရမ်းအစွမ်းထက်ကြောင်းအနည်းငယ် ဗဟုသုတအနေနဲ့ တင်ပြလိုက်ပါတယ်….

သမ္ဗုဒ္ဓေဂါထာ မြန်မာပြန်

(၁) သမ်ဗုဒ်ဓေ အဋ်ဌဝီသဉ်စ၊ ဒှါဒသဉ်စ သဟဿကေ။ ပဉ်စသတ သဟဿာနိ၊ နမာမိ သိရသာမဟံ။
နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်၊ တစ်သောင်းနှစ်ထောင်သောဘုရားရှင်၊ ငါးသိန်းသောဘုရား ရှင် (၅၁၂ဝ၂၈ ဆူသော ဘုရားရှင်)တို့ကို ဦးခေါင်းဖြင့် ရိုသေစွာရှိခိုးပါ၏။

(၂) အပ်ပကာ ဝါဠုကာ ဂင်ျဂါ၊ အနန်တာ နိဗ်ဗူတာ ဇိနာ။ တသေံ ဓမ်မဉ်စ သံဃဉ်စ၊ အာဒရနေ နမာ မဟံ။
ဂင်္ဂါမြစ်ကမ်းရှိ သဲပွင့်များမှာနည်း၏။ ပရိနိဗ္ဗာန် စံတော်မူပြီးသော အောင်တော်မူဘုရားရှင် တို့ကား အဆုံးမရှိကုန်။

ထိုဘုရားရှင်များနှင့် ထိုဘုရားရှင်တို့၏ ဓမ္မနှင့်သံဃာကိုလည်း ရိုသေစွာရှိခိုးပါ၏။
(၃) နမက္ကာရာနုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။ အနေကအန္တရာယာပိ၊ ဝိနာသန္တု အသေသတော။
ရှိခိုးရသည့်အာနုဘော်ကြောင့် ဘေးရန်ခပ်သိမ်းကို ရှောင်ရှား၍ အန္တရာယ်များစွာတို့လည်း အကြွင်းမဲ့ ပျောက်ကင်းပါစေသတည်း။

မေတ္တာဖြင့် ပြန်လည်မျှဝေသည်

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ