မင်းဘိသိက်ခံ ဘုရားရှိခိုး
မင်းဘိသိက်ခံ ဘုရားရှိခိုး
အစိန္တေယျ အပ္ပမေယျ ဇေဠ သေဠ
အနန်တကံ အနန်တဥာဏျ
အနန ္တ ဘုန်းလျှံ အနန ္တတန်ခိုးစျာန်
နှိုင်းမရတူ ဘက်မပြူကြောင့်...။
လူအမင်းမင်း နတ်မင်းမကွာ
ဗြဟ္မာမကြွင်း အမင်းမင်းတို့
၀ပ်စင်းကော်ရော် ဖူးမျှော်မာန်ချ ဦးခိုက်ရသည့်
သကျနွယ်ဖွား ရှင်တော်မြတ်ဘုရား။
ရှင်ပင်ဘုရား စိုးပိုင်ထားသော
တရားမကိုဋ် မင်းယဉ်ပိုက်၏
အရိုက်အရာ ဆက်ခံသာဖို့
အာဏာတော်စု မိန့်ခွင့်ပြုသည့်
ဓာတုဓမ္မ ဥဒ္ဓိဿနှင့်
ဘောကသညီ မွေသရီတို့
ကိန်းတည်နာမ်ချဉ်း ဓာတ်သက်နှင်းကြောင့်
မင်းဘိသိက်ခံ နာမံထင်ရှား ရှင့်ကိုယ်ပွားအား
ကျွန်ကား ခိုလှုံ ဆယ်ဖြာရုံလျက်
ဆယ်စုံဒါန ဆယ်သီလဖြင့်
ဦးချမာန်ခွာ ကန်တော့ပါ၏။
တစ်ဖြာပိုင်းခြား တွဲဘက်အားဖြင့်
ဆပွားကြည်ယုံ သဒ္ဓါထုံလျက်
ဆယ်စုံဒါန ဆယ်၀ရသို့
စိတ်မှမကွာ ဆုပန်ပါ၏။
ဆယ်ဖြာအထု ဤကောင်းမှုဖြင့်
တောင်းဆုမွေခံ မြတ်ဆုပန်ကား...
ကြံတိုင်းလျှင်အောင် ဆောင်တိုင်းလျှင်ပြီး
ဆောင်းရွှေထီးဖြင့်
ပြည်ကြီး နိဗ္ဗာန် သိသိက်ခံသည်
စိတ်ကြံလျှင်ဆော ပြည့်စေသော
သဗ္ဗညု မြတ်ရှင်စော သြကာသ သြကာသ...။
Comments
Post a Comment