ပုတီးခေါင်း အကြောင်း

 

ပုတီးခေါင်း အကြောင်း
******************

ပုတီးတစ်ကုံးရဲ့ အစလည်း ဟုတ် ၊ အဆုံးလည်း ဟုတ်တဲ့ ပုတီးခေါင်းအကြောင်းက စိတ်ဝင်စားဖို့ ကောင်းပါတယ် ။ အနုပညာဆန်တယ် ။ ပုတီးခေါင်းနေရာမှာ ရှေးလူကြီးတွေက စေတီပုံသဏ္ဌာန်လို ထားလေ့ ရှိကြပါတယ် ။ ပုတီးရဲ့ ၁၀၈ လုံး နဝင်းအားပြည့်ချိန်မှာ စေတီတစ်ဆူ တည်ပြီးသလို ဖြစ်သွားပါတယ် ။ ပုတီးစိပ်ရင် ပုတီးခေါင်းနေရာရောက်တိုင်း နမောတဿ နဲ့ စိတ်ထဲ ရွတ်ဆိုပြီး ဂုဏ်တော်ကို ပြန်အုပ်ရပါတယ် ။
အဲဒီပုတီးခေါင်းနေရာမှာ စေတီပုံ ဖြစ်နေရင် ပိုကောင်းပါတယ် ။ တစ်ချို့က အဲဒီနေရာမှာ ပုတီးခေါင်းအထဲကို ပု ဒိ အာ စမရုပ်ပုံနဲ့ အစီအရင်လုပ်ပြီး ထည့်လေ့ ရှိပါတယ် ။ ဉာဏ်တော်သုံးပါးနဲ့ ဆိုတော့ အကြားအမြင် ပွင့်လွယ်တယ်လို့ ယူဆကြပါတယ် ။
ဒီနေရာမှာ ပုတီးသမားစစ်စစ်တွေက ဉာဏ်သုံးပြီး ထည့်တတ်တာတွေ ရှိကြပါတယ် ။ တစ်ချို့က ရောင်ခြည်တော်ခြောက်သွယ်ပါတဲ့ မြတ်ဗုဒ္ဓရဲ့ပုံတော်နဲ့ ကြုတ်ကလေးကို အသေအချာ ပြုလုပ်ပြီး ဆောင်ထားတတ်ပါတယ် ။ ပုတီးသမားတွေက ဂုဏ်တော်အမြဲစိပ်တတ်ကြတော့ တစ်ချို့နေရာမှာ မြတ်ဗုဒ္ဓရဲ့ ရောင်ခြည်တော်ခြောက်သွယ်နဲ့ ပုံကို မရတော့ အာရုံပြုရခက်တတ်ကြပါတယ် ။ အဲဒီအခါ ကိုယ့်မှာ ပါလာတဲ့ပုံတော်ကို တစ်ချက်ကြည့်ပြီး အာရုံပြုရင် ပုတီးစိပ်ရ လွယ်ကူသွားတတ်ကြပါတယ် ။ ဒါကြောင့် တစ်ချို့ပုတီးသမားတွေရဲ့ ပုတီးခေါင်းနေရာမှာ မြတ်ဗုဒ္ဓပုံတော်ကြုတ်အသေးကို တွေ့ရတတ်ပါတယ် ။ ပုံတော်ကြုတ်က အရှင်လုပ်ထားရင် သိမ်းရဆည်းရ အဂါရဝမဖြစ်တော့ပါဘူး ။ အသေဆိုရင်တော့ သိမ်းရခက်တတ်ပါတယ် ။ အဲဒီလို ပုတီးမျိုးက မဟိဒ္ဓိဓာတ်အားကောင်းပြီး ဆောင်ထားတဲ့သူကလည်း ဖြစ်သလို နေလို့ မရပါဘူး ။ ဖြစ်သလို နေရင် ခေါင်းကိုက်တာတွေ ၊ ခိုက်တာတွေ ဖြစ်တတ်ပါတယ် ။ ဂုဏ်တော်အရမ်းအားကောင်းလွန်းတဲ့ ပုဂ္ဂိုလ်တွေသာ ဆောင်တတ်ကြပါတယ် ။ အဆင့်တစ်ခုအထိ ရောက်ပြီးမှ ဆောင်သင့်ပါတယ် ။
တစ်ချို့ကလည်း ပုတီးခေါင်းနေရာမှာ သာမန်ပုတီးခေါင်းနဲ့အတူ ပိတုန်းပုံကို တွဲပြီး ဆောင်ထားတတ်ပါတယ် ။ ပိတုန်း ပုတီးဖြစ်ပါတယ် ။ အတိုက်အခိုက်အန္တရာယ်ကင်းဖို့ ရည်ရွယ်ထားဟန်တူပါတယ် ။ ဒါက ပုတီးသမားတွေရဲ့ ပုတီးမှာ တွေ့ရတတ်တဲ့ ပုတီးခေါင်းအကြောင်း အနည်းငယ်ပါ ။

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ