ကျက်သရေမင်္ဂလာတိုး၍ ဝင်ငွေတိုးစေသော ယတြာ
ကျက်သရေမင်္ဂလာတိုး၍ ဝင်ငွေတိုးစေသော ယတြာ လင်ဗန်းတစ်ချပ် (အဝိုင်း ဖြစ်ရမည်။ မည်သည့် လင်ဗန်းမဆိုရပါသည်။ စတီးလင်ဗန်း (သို့) ကြေးလင်ဗန်း၊ ကြေးလင်ဗန်းကို ပိုသုံးစေချင်ပါသည်။) သရက်အရွက် ၉ ရွက် (အပေါက်၊ အပြဲ အနာအဆာ မပါစေရ ။ အနာအဆာ ကင်းတာကိုသုံးပါ။ သရက်ရွက်သည် ကျက်သရေ တိုးစေသည်။ မဂ်လာ ရှိစေသည်။) ဆီမီးခွက် (မြေခွက်၊ ကြေးခွက်၊ စတီးခွက် ကြိုက်ရာသုံးပါ။ ဆရာ ကတော့ ကြေးခွက်ကို ပိုသုံးစေချင်ပ သည်။) ထောပတ်ဆီ (ထောပတ်ဆီသည် အတိုက်အခိုက် ကင်းစေသည်။ ရန်ကို ရှင်းစေသည်။ စီးပွားဥစ္စာကို အထူးပေး တတ်သည်။) မီးဇာချည် (မီးဇာချည်မရပါက ဂွမ်းကို လက်နှစ်ဖက်ဖြင့်ထည့်၍ လိပ်ပြီးသုံးပါ။ စက္ကူကို လက်တွင်ထည့်၍ လိပ်သလို လုပ်ခိုင်းခြင်းပါ။) အားလုံးစုံပြီဆိုလျှင် လင်ဗန်းပေါ် သရက်ရွက်တင်ပါ။ အဖျားများကို ဘုရားရှင်ဘက်သို့ထားပါ၊ ပြီးလျှင် ဆီမီးခွက်တင်ပါ၊ ဆီထည့်ပါ၊ မီးဇာထည့်ပါ၊ မီးထွန်းပါ၊ ဘုရားကို ရိုသေစွာဖြင့် ကပ်လှူပူဇော်ပါ။ ၂၄ နာရီ မပြတ် ပူဇော်လျှင် ပိုပြီးကောင်းသည်။ မကြာခဏ ပူဇော်လျှင်လည်း ကောင်းပါသည်။ အကျိုးကားငွေဝင်သည် အပူတပြင်း ငွေဝင်ခြင်း မဟုတ်ပါ။ စိတ်ချမ်းချမ်းသာသာဖြင့် ငွေဝင်သည်။ ကျက်သရေမင်္ဂလာ တိုးစေသည်။ စီးပွားဥစ္စာ ဖြစ...