Posts

Showing posts from January, 2024
Image
  ပုတီးသမား နှင့် ဟိတ်တန်ခိုး သော့ချက် ပုတီးစိပ်နည်းတွေ၊ ပုတီးစိပ် ဂါထာတွေ စတာတွေကတော့ မရိုးအောင် တွေ့နေကြရပြီမို့ အထူးတလည် မပြောလိုတော့။ ကျွန်ုပ် ပုတီးစိပ်သက်တမ်းတလျှောက်မှ အဓိက အနှစ်ချုပ်တွေ ဆွဲထုတ်ကာ ပြလိုသည်။ (1) ပင်လယ်ကူးမှာ ဆုတောင်းပါ ပုတီးတစ်ပတ်ပြည့်၍ ပင်လယ်ကူး ခေါ် ပုတီးခေါင်း နေရာ ရောက် လျှင် အများစုက ကျော်သွားတတ်ကြသည်။ ဂါထာကို ပုတီးသိပ်ရန်ကား မဟုတ်။ သို့သော် ထို ပုတီးခေါင်း နေရာကို စိပ်၍ မိမိလိုလားသော ဆုတစ်ဆု တောင်းရန် ဖြစ်သည်။ ငွေကြေးသောကကြောင့် ပုတီးအဓိဋ္ဌာန်ဝင်နေတယ် ဆိုလျှင် ပုတီးခေါင်း နေရာရောက်လျှင် " ငွေကြေးသောကမှ အမြန်လွတ်မြောက်ပါစေ " သို့မဟုတ် "ငွေများ ဝင်ပါစေ" စသဖြင့် တစ်ခုခုပေါ့။ (2) မြောက်အရပ်မျက်နှာမူ စိပ်ပါ တတ်နိုင်လျှင်/ အခွင့်ရေးရလျှင် မြောက်အရပ် မျက်နှာမူစိပ်ပါ။ မြောက် အရပ်ကား လျှို့ဝှက်ချက်များ ပြည့်နေ၏ ဓူဝံကြယ်သည် မြောက်အရပ်တွင်သာ ရှိ၏ လင်းပိုင် ဝေလငါး အစရှိသည်တို့ ခရီးဝေး ကူးခပ်လျှင် မြောက်အရပ် သံလိုက်စက်ကွင်း အတိုင်း ဦးတည်ကူးခပ်ကြ၏ ဘုရားရှင်တို့သည် မြောက်အရပ် ဦးခေါင်းပြုကာ ပရိနိဗ္ဗန်ပြုကြကုန်၏ တောင်တန်းကြီးများသည် မြောက်အရပ်ဗဟို့ပု တည်ရ...

သံမ္ဗုဒ္ဓေဂါထာတော် နဲ့ လောကီရေးရာ

Image
  သံမ္ဗုဒ္ဓေဂါထာတော် နဲ့ လောကီရေးရာ ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^  လူတိုင်း အားလုံးနီးပါးလောက် ရွတ်ဆိုကြတဲ့ သံမ္ဗုဒ္ဓေဂါထာတော်ကို နေ့စဉ်ဘ၀လုပ်ငန်းကိစ္စများတွင်၎င်း ဘယ်လိုအချိန်အခါတွေမှာ ရွတ်သင့်ကြောင်း/ရွတ်ဆိုနိုင်ကြောင်းကို ဖော်ပြပေးချင်ပါတယ်။ သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ ဒွာဒ သဉ္စ ဿဟသကေ ပဉ္စသတ္တ သဟဿာနိ နမာမိ သိရသာမဟံ အပ္ပကာ ဝါဠုကာ ဂင်္ဂါ အနန္တာ နိဗ္ဗုတာ ဇိနာ တေသံ ဓမ္မဉ္စ သံဃဉ္စ အာဒေရန နမာမဟံ နမက်ကာရာ နုဘာဝနေ ဟိတွာ သဗ္ဗေ ဥပ္ပဒဝေ အနေက အန္တရာယာပိ ဝိနဿန္တု အ သေသတော။ အနက်( မြန်မာပြန် ) ^^^^^^^^^^^^^^^ နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားရှင် တသောင်းနှစ်ထောင်သော ဘုရားရှင် ငါးသိန်းသော ဘုရားရှင်တို့ကို (၅၁၂၀၂၈ ဆူသော ဘုရားရှင်တို့ကို )ဘုရားတပည့်တော် ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးပါ၏ ဂင်္ဂါမြစ်ကမ်း၌ရှိကုန်သော သဲနှင့်အမျှပွင့်ကြကုန်သော အဆူဆူကုန်သော ဘုရားရှင်တို့သည်ကား အဆုံးမရှိကြကုန် ထိုသို့ အဆုံးမရှိကုန်သော ဘုရားရှင်တို့နှင့်တကွ ဓမ္မ နှင့် သံဃာ့ ဂုဏ်တို့အားလည်း ရိုသေမြတ်နိုးရှိခိုးပါ၏ ထိုသို့ ရှိခိုးရသည့် ဘုန်းတန်ခိုး တေဇော် အာနုဘော်တော် ကြောင့် ကြောင့်ကြခပ်သိမ်း ဆင်းရဲငြိမ်း၍ ဘေးဘယာ အန္တာရာယ်အတွ...

Angelic Numbers

Image
  Angelic Numbers  ဂဏန်းအပူးတွေကိုပဲ ရုတ်တရက်မထင်မှတ်ဘဲခဏခဏ ​မြင်ဖူးကြလား ။အဲလိုဂဏန်းအပူးလေးတွေကို Angelic numbers လို့ခေါ်ပါတယ် 1:11/2:22/ 11:11/ 22:22/ 3:33.....ခဏခဏ​တွေ့ဖူးကြတယ်မလား။ အထူးသဖြင့် Digital Clock တွေမှာတွေ့ရသလို ကား license ပြားတွေ မှာလဲ အမှတ်မထင်တွေ့ရတတ်တယ်။နာရီတွေမှာပဲ တွေ့ရတာမျိုးမဟုတ်ပဲ ဖုန်းနံပါတ်တွေ ကားနံပါတ်တွေ မှာလဲ တွေ့ရပါတယ်နော် အမှတ်မထင်တွေ့တဲ့ အချိန်မျိုးပါနော် တမင်စောင့်ကြည့်နေတာမျိုးတော့မရဘူးပေါ့နော် ရုတ်တရက်ကြည့်လိုက်တဲ့ အချိန်မှာ 11:11 ဖြစ်နေတာ၊ 1:11 ဖြစ်နေတာ၊ 22:2, 22:22, 3:33 …. ရုတ်တရက် မထင်မှတ်ဘဲနဲ့ မြင်ရတဲ့ အချိန်ကိုပဲ နိမိတ်ပြတယ်သတ်မှတ်တာပါ။ အဲဒီတော့ ဘာလို့ ဒီ 1111, 2222 တွေကို ထပ်ခါတလဲလဲ မြင်တွေ့နေရတာလဲ? ဆိုတော့ ကိုယ့်ရဲ့ ကိုယ်စောင့်နတ် ကိုယ့်ရဲ့အစောင့်အရှောက် က ကိုယ့်ကို နိမိတ်စကား / သတိပေးချင်တာမျိုး / ဒါမှမဟုတ် သူစောင့်ရှောက်နေတာကို သိစေချင်တာမျိုး တွေမှာ တွေ့ရတတ်ပါတယ် ပြောရမယ်ဆို နိမိတ်ပေးတာမျိုးပေါ့ ဂဏန်းပူးတွဲတွေကိုမကြာခဏမြင်ရပြီ ဆိုရင်အဲ့ဒီအရာဟာကိုယ့်ရဲ့ကိုယ်စောင့်နတ် ကိုယ့်ရဲ့အစောင့်အရှောက်ကကိုယ့်ကိုကိုတခုခု နိမိတ်ပြနေ​ပြီဆိုတာပါ...

နှလုံးသားမှာ ဘုရားတည်ပါ..

Image
  နှလုံးသားမှာ ဘုရားတည်ပါ.. အိမ်ဦးခန်းမှာ ဘုရားတည်ထားတဲ့ရည်ရွယ်ချက်က နှလုံးသားထဲ ပြောင်းထည့်ဖို့ပါ.. ကျောင်းဦးခန်းမှာ တည်ထားတဲ့ဘုရားကလည်း အဓိကရည်ရွယ်ချက်ကတော့ နှလုံးသားထဲ ပြောင်းထည့်ဖို့ပါပဲ.. ဒါကြောင့် သာသနာနဲ့တွေ့တုန်း ဘုရားတရားနဲ့ နေရတုန်း မိမိနှလုံးသားထဲမှာ ဘုရားတည်ပါ.. မိမိစိတ်ကို ရတနာစိတ်ဖြစ်အောင် ပြောင်းပေးပါ.. မိမိရဲ့နှလုံးသားကို ရတနာနှလုံးသားဖြစ်အောင် ပြောင်းပေးပါ.. "နမောတဿ"ဆိုတာ ပါးစပ်ကနေ အသံထွက်သွားပြီးရောဆိုတဲ့ သဘောနဲ့ ဘယ်တော့မှ မဆိုပါနဲ့..နှလုံးသားထဲရောက်အောင် လေးလေးနက်နက် အာရုံပြုပြီး နှလုံးသားထဲမှာ ကျန်ရစ်အောင် လုပ်ရမယ်.. အဲဒါ ဘုရားတည်တာပေါ့.. ဂုဏ်တော်တွေရွတ် ပွားများတဲ့အခါမှာလည်း နှလုံးသားထဲရောက်သည်အထိလေးလေးနက်နက် အာရုံပြုပြီးမှ ဆိုရတယ်.. အဲသလို နှလုံးသားထဲရောက်သွားရင် ဘုရားတည်တာပဲ.. မြေကြီးပေါ်မှာတည်ထားတဲ့ဘုရားကလည်း အာရုံမပြုရင် ဘုရားက ကိုယ့်ကို ဘာလုပ်ပေးမှာမှတ်လို့.. အိမ်ဦးခန်းမှာတည်ထားတဲ့ဘုရားကလည်း ကိုယ့်စိတ်ထဲ အာရုံမပြုရင် ဘာလုပ်ပေးမှာမှတ်လို့.. ကိုယ့်နှလုံးသားထဲမှာ ဘုရားတည်ပေးမှ ဘုရားရဲ့စွမ်းအားဆိုတာ ရမှာပေါ့.. အဲတော့မှ ကိုယ့်နှလုံးသားဟာ အဖိုးတန်နှလုံးသား...

အဓိဌာန်ဝင်ပုံဝင်နည်း

Image
  အဓိဌာန်ဝင်ပုံဝင်နည်း မည်သည့်အဓိဌာန်ကိုမဆို အကျိုးရှိအောင် အဓိဌာန်ဝင်နည်း။ အဓိဌာန်ဆိုတာ မဝင်တတ်က "ပလိုင်းပေါက်နှင့်ဖားကောက်" နေသလိုဖြစ်ကာ ဝင်တာဝင်ပြီး အကျိုးမထူးဖြစ်တတ်၏။ ကိုယ်ဝင်လိုက်သည့် အဓိဌာန်ဟာ ကိုယ်၏ ခန္ဓာကိုယ်မှာတည်တံ့အောင် ခန္တာကိုယ်မှာ ပြန်ချုပ်ဖို့လို၏။ ရိုးရိုးချုပ်လို့မရပေ...သစ္စာနှင့်ချုပ်ရာ၏။ အဓိဌာန်ဝင်တော့မည်ဆိုရင် ဂိုဏ်းဝင်ထားသောသူမဟုတ်ပါက အဓိဌာန်ဝင်တဲ့အတောတွင်းမှာ အရက်လုံးဝလုံးဝမသောက်ရပါ၊ ကာမပိုင်ရှိ၊ပိုင်ရှင်ရှိသူ ကိုပြစ်မှား၊စော်ကားမှုမပြုရ၊ (အမဲသား၊ကျွဲသား၊ဝက်သား) ရှောင်ကာကောင်း၏။ မရှောင်လည်းရပါ၏။ ၁။ ငါးပါးသီလကိုတောင်းခံပါ၊တည်ဆောက်ပါ။ ၂။ ရုပ်နာမ်(၂)ပါး၊ခန္ဓာ(၅)ပါးကို မြတ်စွာဘုရားအားလှူပါ။ ၃။ ခင်ပွန်းကြီးဆယ်ပါးအား ကန်တော့ပါ။ ၄။ မေတ္တာဘာဝနာစီးဖြန်းပါ။မေတ္တာပို့ပါ။ မေတ္တာဓာတ် ပြန်ခံယူပါ။ ၅။ သစ္စာဆိုပြီး သစ္စာအဓိဌာန်ဖြင့်အလုပ်လုပ်ပါ။ သစ္စာဆိုပုံ - "ကျွန်တော်/ကျွန်မ သည် ဤနေ့၊ဤချိန်မှ စပြီး (ဥပမာ) - သရဏဂုံ (၃)ပါးဖြင့် သရဏဂုံတစ်ပါးလျှင် ပုတီးတစ်လုံးချကာ ပုတီး(၃)ပတ်ဖြင့် ရက်(၃၀)တိတိ အား မြတ်စွာဘုရား ရှင်ကိုယ်တော်မြတ်ကြီးအား ရွတ်ဖတ်ပူဇော်ပါအံ့၊ခွင့်ပြုပေးတော်...

စ ဓ ဗ ဝ ဂါထာတော်အကြောင်း သိကောင်းစရာ

Image
  စ ဓ ဗ ဝ ဂါထာတော်အကြောင်း သိကောင်းစရာ =========================== စက္ခုမာ စရမာစိဏ္ဏော၊ ဓမ္မညူ ဓမ္မသာမိကော။ ဗလူပေတော ဗလဓရော၊ ဝရဒေါ ဒေတု မေ ဝရံ။ စက္ခုမာ- မံသ,ပညာ နှစ်ဖြာသောစက္ခုနှင့် ပြည့်စုံတော်မူထသော! စရံ - စရဏတရား တစ်ဆယ့်ငါးပါးကို! အာစိဏ္ဏော - အမြဲမပြတ် လေ့ကျင့်တော်မူအပ်ပြီးထသော! ဓမ္မညူ - တရားအားလုံးကို သိမြင်တော်မူပြီးထသော! ဓမ္မသာမိကော - တရားပိုင်ရှင် ဖြစ်တော်မူပေထသော ! ဗလူပေတော - ဥာဏ်တော်အင်အား ဆယ်ပါးနှင့်လည်း ပြည့်စုံတော်မူပေထသော ! ဗလဓရော - ကိုယ်တော်အင်အား ဆယ်ပါးကိုလည်း ဆောင်တော်မူထသော ! ဝရေဒါ - မြင့်မြတ်သမှု နိဗ္ဗာန်ဆုကိုလည်း ပေးတော်မူတတ်သော မြတ်စွာဘုရားသည် ! မေ - တပည့်တော်အား ! ဝရံ -ကောင်းကျိုးစုစု မြတ်သောဆုကို ! ဒေတု - လျင်စွာမနှေး ပေးသနားတော်မူပါ့အရှင်ဘုရား။ ................................................................... ဤဂါထာသည် ဘုရားဂုဏ်တော်များကို ဖွဲ့ဆိုထားပြီး ထိုဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူသော ဘုရားရှင်အား ကောင်းမြတ်သောဆုကို ပေးသနားရန် လျှောက်ထားသော ဂါထာဖြစ်သည်။ ``စက္ခု မာ,ဓမ္မညူ ,ဗလူပေတော , ဝရဒေါ - ဟူသော ဂါထာလေးပါဒ၏အစပုဒ်၌ ပါရှိသော အက္ခရာလေးလုံးကို ကေ...

အရဟံနဝင်း

Image
  အရဟံနဝင်း မဟာဗောဓိမြိုင်ဆရာတော်ကြီးလောင်းလျာ မောင်ငြိမ်းဘဝတုန်းကပေါ့ ။ ကေလာသတောင်မှာ အဓိဋ္ဌာန်ဝင်နေတုန်း ရသေ့တစ်ပါးက အရဟံနဝင်းကျင့်စဥ်ကို အဓိဋ္ဌာန်ဝင်ဖို့ နည်းလမ်း လာပြောပြပါတယ် ။ ဒီအရဟံနဝင်းက အလွန်တန်ခိုးထက်တယ် ။ အလွန်လည်း ခရီးပေါက်မြန်တယ် ။ ဝိဇ္ဇာတိုင်း အားထားရသောပုတီးစိပ်နည်း ဖြစ်တယ်ဆိုပြီး ပြောပြသွားပါတယ် ။ အရဟံနဝင်း ကိုးချက် ၁ ။ သော ဘဂဝါ ဣတိပိ အရဟံ ၊ ၂. ။ အရဟံ ဝတ သော ဘဂဝါ ၊ ၃ ။ အရဟန်တံ သရဏံ ဂစ်ဆာမိ ၊ ၄ ။ အရဟန်တံ သိရသာ နမာမိ ၊ ၅ ။ အရဟံ ဝတ သော ဘဂဝါ ဣမဿ ဧဝရူပဿ ဒုက္ခဿ ပဟာနာယ ဓမ္မံ ဒေသေတိ ၊ ၆ ။ အရဟံ မေ သုခံ ဒေတု ၊ ၇ ။ အရဟံ မေ သီသေ တိဋ္ဌတု ၊ ၈ ။ အရဟံ မေ သိဒ္ဓိကမ္မံ ဒေတု ၊ ၉ ။ အရဟံ မေ ဇယံ ဒေတု ၊ နမော တေ ဗုဒ္ဓ ဝီရတ္ထု - ။ တစ်ချက်လျှင် ပုတီးတစ်လုံးစိပ် ။ ၉ ချက် × ၁၂ = ၁၀၈ လုံး ဖြစ်သွားပါတယ် ။ နေ့နံအလိုက် စိပ်နိုင်ပါတယ် ။ တနင်္ဂနွေနေ့မှာ တစ်ပတ် စသည်ဖြင့် ။ (မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ထေရုပ္ပတ္တိစာအုပ်မှ)

ငါးမွေးတာကလည်း ဖုန်းရွှေအရ လာဘ်ခေါ်နည်းတစ်မျိုးပါပဲ

Image
  ငါးမွေးတာကလည်း ဖုန်းရွှေအရ လာဘ်ခေါ်နည်းတစ်မျိုးပါပဲ အလှမွေးငါးကန်တွေက လှပမှုတွေနဲ့အတူ အေးချမ်းခြင်းကို ပေးစွမ်းနိုင်သလို ''ရေ'' သည် ကံကောင်းခြင်းတွေကို ဖိတ်ခေါ်ပေးတယ်လို့ ရှေးခေတ်ဖုန်းရွှေပညာရှင်များက သတ်မှတ်ထားကြတာဖြစ်ပါတယ်။ အလှမွှေးငါးကန်ကို အိမ်မှာထားတဲ့အခါ နေရာမှန်ဖို့လိုသလို '' ချီ '' ဓာတ်ဖြစ်သော ချမ်းသာခြင်းကို ရရှိနိုင်မှာဖြစ်ပါတယ်... ငါးမွေးကန်များရဲ့ဓာတ်သဘောဖွဲ့စည်းမှုဖြစ်တဲ့... 👉 ရေဓာတ် 👉 သစ်သားဓာတ် (သစ်ပင်ကို သစ်သားဓာတ်အနေဖြင့်မှတ်ယူပါသည်) 👉 သတ္ထုဓာတ် (ငါးမွေးကန်၏ဘောင်တွင် သံ(သို့)အခြားသတ္ထုတစ်ခုခုရှိပါလိမ့်မည်) 👉 မြေဓာတ် (ငါးကန်ထဲရှိ ကျောက်တုံးငယ်ကလေးများကို ဆိုလိုခြင်းဖြစ်သည်) 👉 မီးဓာတ် (အဝါ၊ လိမ္မော်၊ အနီ နှင့် ရွှေရောင် ကဲ့သို့ ငါးကလေးများကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ငါးကန်အတွက် တပ်ဆင်ထားသော မီးအရောင်ကိုလည်း မီးဓာတ်အနေဖြင့် မှတ်ယူနိုင်ပါတယ်။) ငါးကန်မထားသင့်သောနေရာတွေကတော့ အိပ်ခန်းနှင့် မီးဖိုခန်းတို့တွင် ဘယ်တော့မှ မထားသင့်ပါဘူး။ ငါးကန်က အိပ်ခန်းနှင့် မီးဖိုခန်းအတွင်းသို့ ၀င်ရောက်လာမယ့် ကောင်းသော ခွန်အားတို့ကို အဟန့်အတားဖြ...

ကျိန်စာ(၁၃) မျိုး

Image
  ကျိန်စာ(၁၃) မျိုး ၁) အမျိုးသမီး ကျိန်စာ ၂) သေသူ ကျိန်စာ ၃) အာစရိယ ကျိန်စာ ၄) မြွေ ကျိန်စာ ၅) သက်ကြီးရွယ်အို ကျိန်စာ ၆) နွား ကျိန်စာ ၇) ပထဝီမြေကြီး ကျိန်စာ ၈) မြစ်ရေ ကျိန်စာ ၉) သီးပင် ကျိန်စာ ၁၀) နတ်များ ကျိန်စာ ၁၁) ပုဂ္ဂိုလ်မြတ်များ ကျိန်စာ ၁၂) ဘိုးတော် ကျိန်စာ ၁၃) ရိုးရာနတ် ကျိန်စာ ၁) အမျိုးသမီး ကျိန်စာ ဤကျိန်စာ ဖြစ်ရခြင်းအကြောင်းရင်းက အမျိုးသမီးများကို သွေးဆောင်လှည့်ဖြားခြင်း၊ မွေးချင်းညီအစ်မများပေါ် မခန့်လေးစား ပြုမူခြင်း၊ မိမိ၏ ဇနီးဖြစ်သူကို တာ၀န်မယူဘဲ လက်လွှတ်ခြင်း ကြောင့်ဖြစ်သည်။ အမျိုးသမီးကျိန်စာ မိပါက မျိုးရိုးစဉ်ဆက် ပျက်တတ်သည်။ ၂) သေသူ ကျိန်စာ အသက်မဲ့နေသော လူသားခန္ဓာကိုယ်ကို ထားကာ ထိုသူကိုပြစ်တင်ပြောဆိုခြင်း၊ ထိုခန္ဓာကိုယ်အား ကျော်ဖြတ်သွားလာခြင်း၊ မီးရှီု့သဂြိုလ်ခြင်း ကိစ္စရပ်များက်ို မပေးလုပ်ဘဲ ဟန့်တားခြင်း၊ ကျန်ရစ်သူ မိသားစုများကို ရုပ်ကလပ်အား ပေးမတွေ့စေခြင်းကြောင့် ဤကျိန်စာဖြစ်ရခြင်းဖြစ်သည်။ သေသူ ကျိန်စာကြောင့် အသက်တိုနိုင်သည်။ ၃) အာစရိယ ကျိန်စာ မိမိကို ပညာသင်ကြားပေးသော ကျေးဇူးရှင်ဆရာသမားများကို မေ့လျော့ခြင်း၊ သင်ကြားထားသော ပညာများကို မသမာသော နည်းလမ်းမှာ အသုံးပြုခြင်း...

သိဒ္ဓိ ( ၁၀ ) ပါး

Image
  သိဒ္ဓိ ( ၁၀ ) ပါး ၁။ ပီယ သိဒ္ဓိ ၂။ ဓန သိဒ္ဓိ ၃။ အာယု သိဒ္ဓိ ၄။ ပေယာဂ သိဒ္ဓိ ၅။ ကာယ သိဒ္ဓိ ၆။ ပထဝီ သိဒ္ဓိ ၇။ ဥဒက သိဒ်ဓိ ၈။ အာကာသ သိဒ္ဓိ ၉။ တေဇော သိဒ္ဓိ ၁၀။ အာဟာရ သိဒ္ဓိ တို့ဖြစ်သည်။   ( ၁) ပီယ သိဒ္ဓိ ပီယ သိဒ္ဓိဟူသည် (၇) ရက်သားသမီးများဖြစ်သော လူ/နတ်/ဗြဟ္မာ/မိစ္ဆာ သတ္တဝါများက အလိုအလျောက် ရင်မှ မွေးဖွားလာသော သားကဲ့သို့ ချစ်ခြင်းကို ပြီးမြောက်စေခြင်းဖြစ်၏။ ( ၂) ဓန သိဒ္ဓိ ဓန သိဒ္ဓိဟူသည်ရွှေငွေ/ရတနာ/ဥစ္စာဓန စသော အသုံးအဆောင်အ မျိုးမျိုးတို့ မိမိအလိုရှိသောအခါ တော င့် တတိုင်းပြီးစီးခြင်းပင်ဖြစ်၏။ ( ၃) အာယု သိဒ္ဓိ အသက်ရှည်ခြင်း အနာကင်းခြင်းပင်ဖြစ်သည်။ ( ၄) ပေယာဂ သိဒ္ဓိ ပယောဂ သိဒ္ဓိဟူသည် တစ်စုံတစ်ယောက်သောသူ၏ အတတ်ပညာ လုံ့လဝီရိယဖြင့် နှိပ်စက်ကလူပြု ခြင်းမှ ကင်းဝေးခြင်းပင်ဖြစ်သည်။ ( ၅) ကာယ သိဒ္ဓိ ကာယ သိဒ္ဓိဟူသည် ခန္ဓာကိုယ်၌ဖြစ်ပေါ်တတ်သော ရောဂါဝေဒနာနှင့်ထိခိုက်ရှနာဖြစ်ခြင်း အမျိုးမျိုး တို့မှ ကင်းဝေးခြင်းပင်ဖြစ်၏။ ( ၆) ပထဝီ သိဒ္ဓိ ပထဝီ သိဒ္ဓိဟူသည် မြေကြီးအတွင်းသို့ဖောက်ထွင်းဝင်ရောက် သွားလာနိုင်ခြင်းပင် ဖြစ်သည်။ ( ၇) ဥဒက သိဒ္ဓိ ဥဒက သဒ္ဓိဟ...