ပုတီးလမ်းဖြင့် သိဒ္ဓိတင်နည်း

 

ပုတီးလမ်းဖြင့် သိဒ္ဓိတင်နည်း
**************
လောကီလမ်းစဉ်မှာ သိဒ္ဓိတင်နည်းတွေ ကြားဘူးကြမှာပါ ။
အင်း သိဒ္ဓိ ၊ ဆေးသိဒ္ဓိ စသည်ဖြင့်ပေါ့ ။
အဆောင်တွေကို သိဒ္ဓိတင်တာကတော့ တွေ့ဘူးကြပါလိမ့်မယ် ။
ပုတီးနဲ့သိဒ္ဓိတင်တာကတော့ မတွေ့မိသလောက်ပါပဲ ။ လောကီလမ်းစဉ်ကို တကယ်လိုက်စားသူတွေအတွက် သိဒ္ဓိတင်နည်း ပြောပြပါမယ် ။
လောကီလမ်းစဉ်ပုတီးသမားအတွက်သာ ဖြစ်ပါတယ် ။
အင်း ဆေး လိုင်းတွေလို မဟုတ်တဲ့ ပုတီးသမားများဟာ ဂုဏ်တော်နဲ့ အဓိကသွားနေကြတယ်ဆိုတော့ ပုတီးနဲ့ မိမိခန္ဓာကိုယ်ကို သိဒ္ဓိတင်ပေးရပါတယ်။
နည်းလမ်းကတော့ မခက်ပါဘူး ။
အလေးအနက်ထား လုပ်ဖို့ပဲ လုပ်ပါတယ်။
ပုတီးလမ်းနဲ့ တကယ်လိုက်ရင်တော့ အသားကောင်းကောင်းနဲ့ စိပ်လို့ ကောင်းမယ့် ပုတီးကို ဆောင်ထားတာက အကောင်းဆုံးပါ ။
မိမိကိုယ်ပိုင်ပုတီးက မိမိလက်နက်ပါပဲ ။
ပုတီးနဲ့ မိမိ တသားတည်း ဖြစ်ဖို့ လိုပါတယ် ။
နည်းလမ်းကတော့ ပုတီးစိပ်ပြီးလို့ ဂုဏ်တော်ပွားပြီးရင် တန်းမဖြုတ်ပဲ မိမိပွားခဲ့တဲ့ ဂုဏ်တော်တွေကို အာရုံပြု ပြီး " ဂုဏ်တော်တွေ ငါ့အသွေးထဲ အသားထဲ စိမ့်၀င်သွားပြီ... ငါ့အသွေးအသားတွေက ဂုဏ်တော်တွေနဲ့ တည်ဆောက်ထားနေပြီ..." ဆိုပြီး တစ်မိနစ်ခန့် စိတ်ထဲ မှတ်ထင်ထားရပါတယ် ။
သမာဓိအလျောက် အဲဒီလို မိမိခန္ဓာကိုယ်ကို အာရုံပြုတဲ့အခါ
တစ်ချို့က မိမိခန္ဓာကိုယ်ကြီးမှာ ဖြူ လွလွ အရောင်ကို တွေ့မြင်ရတတ်ပါတယ် ။ ဂုဏ်တော်တွေ ပြည့်နှက်နေတဲ့ မိမိခန္ဓာကိုယ်ကို အာရုံပြု ပြီး
"ဗုဒ္ဓသိဒ္ဓိ ဓမ္မသိဒ္ဓိ သံဃသိဒ္ဓိ ၊ သိဒ္ဓိ သိဒ္ဓိ မဟာသိဒ္ဓိ ၊ သိဒ္ဓိအပေါင်း ထောင်သောင်း ၊ တက်ဆရာတက် ၊ ထက်ဆရာထက် ၊ ကြွဆရာ ကြွ ..." ဆိုပြီး သုံးကြိမ် စိတ်ထဲ ရွတ်ဆိုပေးရပါတယ် ။ ဒါက မိမိခန္ဓာကိုယ်ကို ဂုဏ်တော်သိဒ္ဓိတင်တာပါ ။
ဂုဏ်တော်နဲ့ အသွေးအသား ပေါင်းစပ်ခြင်းလို့ ခေါ်ပါတယ်။
မိမိခန္ဓာကိုယ်ကို သိဒ္ဓိတင်ပြီးရင် မိမိပုတီးစိပ်ခဲ့တဲ့ ပုတီးကို လက်အုပ် နှစ်
ဘက်နဲ့ ဆုပ်ကိုင် မြောက်ချီထားပြီး ဂုဏ်တော်တွေ ပုတီးထဲ စိမ့်၀င်နေသလို အာရုံပြု ပေးရပါတယ် ။
ပြီးရင် မိမိခန္ဓာကိုယ်ကို သိဒ္ဓိတင်သလို " ဗုဒ္ဓသိဒ္ဓိ ဓမ္မသိဒ္ဓိ သံဃသိဒ္ဓိ ၊ သိဒ္ဓိ သိဒ္ဓိ မဟာသိဒ္ဓိ ၊ သိဒ္ဓိအပေါင်း ထောင်သောင်း ၊ တက်ဆရာတက် ၊ ထက်ဆရာထက် ၊ ကြွဆရာကြွ..." ဆိုပြီး သုံးကြိမ် ရွတ်ဆိုပေးရပါတယ် ။ မိမိခန္ဓာကိုယ်ပဲ သိဒ္ဓိတင်တင် ၊ ပုတီးပဲ သိဒ္ဓိတင်တင် တစ်ထိုင်အတွင်း ပုတီးစိပ် ဂုဏ်တော်ပွားတဲ့အတိုင်း ဣရိယာပုတ် မပြင်ပါနဲ့ ။
နဂိုအနေအထားအတိုင်းနဲ့ သိဒ္ဓိတင်ပါ ။
ဒါမှ ထိရောက်တတ်ပါတယ် ။
သမာဓိအလျောက် ထူးခြားတာတွေ တွေ့ရတတ်ပြီး
အကျိုးထူးတွေ ကြုံတွေ့ရပါလိမ့်မယ် ။
သိဒ္ဓိအထပ်ထပ်တင်ထားတဲ့ မိမိပုတီးကို တွေ့ကရာ တစ်ခြားသူတွေကို ပေးမကိုင်ဖို့ သတိပြု ရပါတယ် ။
မှတ်ချက် - အခုနည်းက အဓိဋ္ဌာန်၀င်လေ့ရှိကြတဲ့ ပုတီးလမ်းစဉ် သမားအတွက်သာ ဖြစ်ပါတယ် ။


Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ