Posts

Showing posts from February, 2023

၂၀၂၃ ခုနှစ်အတွက် (၇)ရက်သားသမီး တစ်နှစ်စာဟောစာတမ်း

Image
 ၂၀၂၃ ခုနှစ်အတွက် (၇)ရက်သားသမီး တစ်နှစ်စာဟောစာတမ်း တနင်္ဂနွေနေ့ဖွား သားသမီးတို့ သည် ဤနှစ်တွင် စည်းကမ်းကို အလေးအနက် ထားကာမှ အောင်မြင်မည့်နှစ်ဖြစ်သည်။ မိတ်ဆွေအပေါင်း အသင်း အသစ်များ၊ လုပ်ငန်းအသစ်များ၊ ထူထောင်လုပ်ကိုင်ရမည်။ အပျို၊လူပျိုများ ကြံစည် ရည်ရွယ် ထားသော အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စရပ်များ ပျက်တတ် သည်။ မလွတ်လပ်သူ များ မုဆိုးဖို-မ များနှင့် ကြုံတွေ့ ရမည်။ အမျိုးသား၊ အမျိုးသမီး ကြီးငယ်များကလည်း လာရောက်ပတ်သက်တတ်သည်၊ သတိထားပါ။ ပိုင်ဆိုင်ရရှိနေသော ဝင်ငွေများကို စည်းကမ်းမဲ့ မသုံးစွဲသင့်ပါ။ မရွေ့ပြောင်းနိုင်သော အိုးအိမ်၊မြေယာအသစ်များ ဝယ်ယူပိုင်ဆိုင်ရမည်။ ဥပဒေနှင့် မလွတ်ကင်းသော လုပ်ငန်းများ လုံးဝမလုပ်သင့်ပါ။ စည်းကမ်း နှင့်ညီညွတ်သော ကုမ္ပဏီ လုပ်ငန်းသစ်များ လုပ်ငန်းတိုးချဲ့ခြင်းများ ပြုလုပ်ရမည်။ ပညာရေးထူး ချွန် ထက်မြက်မည်။ အတွင်းနေအတူနေ ပုဂ္ဂိုလ်များ၏ သစ္စာ ဖောက်ခံရလိမ့်မည်။ ကျန်းမာရေး ကောင်းပါသည်။ အဆုတ်အအေးမမိစေရန် ဂရုစိုက်ပါ။ ယတြာ - မွေးနေ့တိုင်း ပေါင်မုန့်၅လုံး ဆွမ်းတော်ကပ်ပါ။ ================== တနင်္လာနေ့ဖွားသားသမီးတို့သည်တစ်နှစ်လုံး မည်သည့်လုပ်ငန်းလုပ်လုပ် မဝံ့မရဲလုပ်ကိုင်နေရမည်၊ ...

ရွှေပေါ်ကျွန်းအဖဆရာတော်ဘုရားကြီး၏ သပိတ်ဝင်အိတ်ဝင် အိတ်ဝင်ကျင့်စဉ်

Image
 ရွှေပေါ်ကျွန်းအဖဆရာတော်ဘုရားကြီး၏ သပိတ်ဝင်အိတ်ဝင် အိတ်ဝင်ကျင့်စဉ် ၁။ မြတ်စွာဘုရားရှင်အား ပဲဆွမ်းကို သပိတ်တွင်ထည့်၍ နံနက်အာရုဏ်ဆွမ်းကပ်လှူရမည်။ ၂။ လွယ်အိတ်တစ်လုံးတွင် မြန်မာငွေ (သို့) နိုင်ငံခြားငွေတန်ဖိုးအမြင့်ဆုံးကိုထည့်၍ လွယ်အိတ်ထဲတွင် လက်နှစ်ဖက်လုံးထည့်ပြီး သဗ္ဗဇေယျဂါထာကို ၁၀၈ခေါက်ပြည့်အောင် ရွတ်၍ပူဇော်ရမည်။ ၃။ ကျင့်စဉ်ကျင့်ဆောင်နေစဉ် တနင်္လာနံဖြစ်သော ခွေး၊ ကျီး၊ ငှက်တို့ကို မိမိတို့စွမ်းနိုင်သလောက် အာဟာရဒါနပြုပါ။ ခွေးဆိုလျှင် တနင်္လာနံငါးဟင်းနှင့် ထမင်းကိုနယ်၍ ကျွေးသင့်ပါသည်။ ၄။ မိမိမွေးရက်ဩ အညွန့်နေ့မှစတင် ကျင့်ဆောင်ရပါမည်။ တနင်္ဂနွေသားသမီးဖြစ်ပါက တနင်္လာနေ့မှ စတင်ကျင့်ဆောင်ရမည်ဖြစ်ပါသည်။ ၅။ ကျင့်ဆောင်ရမည့် ရက်အရေအတွက်မှာ မိမိ၏အမြစ်နံဂြိုလ်သက်+မိမိ၏မွေးနံဂြိုလ်သက်+မိမိ၏ အညွန့်နံဂြိုလ်သက်၊ ၃ခုပေါင်း၍ ရသည့်ဂဏန်းအတိုင်း ဖြစ်ပါသည်။ (က) တနင်္ဂနွေသားသမီးများ စနေ+တနင်္ဂနွေ+တနင်္လာ ၁၀ + ၆+ ၁၅ = ၃၁ရက် (ခ) တနင်္လာသားသမီးများ တနင်္ဂနွေ+တနင်္လာ+အင်္ဂါ ၆ + ၁၅ + ၈ = ၂၉ရက် (ဂ) အင်္ဂါသားသမီးများ တနင်္လာ+အင်္ဂါ+ဗုဒ္ဓဟူး ၁၅ + ၈ + ၁၇ = ၄၀ရက် (ဃ) ဗုဒ္ဓဟူးသားသမီးများ အင်္ဂါ+ဗုဒ္ဓဟူး+ကြာသပတေး ၈ ...

ယက္ကန်းစင်တောင်ဆရာတော်ဘုရားကြီဦးဩဘာသ၏ ဘေးကင်းရန်ကွာ/လာဘ်ရွှင်ထီပေါက်/သိဒ္ဓိမြောက်ပုတီးစိပ်နည်း

Image
ယက္ကန်းစင်တောင်ဆရာတော်ဘုရားကြီး၏ လောကီလောကုတ်နှစ်ဖြာသောအကျိုးကို ဖြစ်စေသော ပုတီးစိပ် ဂါထာ ဂါထာ အစအဆုံးရွတ်ပြီး ပုတီးတစ်လုံးချ တနေ့ တပတ်စိပ်ရမှာပါ ။ မစိပ်နိုင်ရင် မနက် ၉နာရီ ည၉နာရီ အချိန်တွေမှာ အနည်းဆုံး ၉ခေါက်ရွတ်ပါ။ ဘေးရန်ကင်းကွာ လာဘ်ရွှင်ကာ အစစအရာရာ အောင်မြင် ပြီးပေါက် သိဒ္ဓိ ပေါက်စေနိုင်ပါတယ်။ ယက္ကန်းစင်တောင် ဆရာတော်ဦးသြဘာသ၏ လောကီလောကုတ်နှစ်ဖြာသောအကျိုးကိုဖြစ်စေသော ပုတီးစိပ် ဂါထာ “သိဒ္ဓိဘဂဝါအရဟံ ဗုဒ္ဓေါမေ သတ်တပါကာရံ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ။ သိဒ္ဓိဘဂဝါအရဟံ ဓမ်မောမေ သတ်တပါကာရံ ဓမ္မံသရဏံ ဂစ္ဆာမိ။ သိဒ္ဓိဘဂဝါအရဟံ သံဃောမေ သတ်တပါကာရံ သံဃံသရဏံလ ဂစ္ဆာမိ။ ဗုဒ္ဓံသရဏံဂစ္ဆာမိ ဓမ္မံသရဏံဂစ္ဆာမိ သံဃံသရဏံဂစ္ဆာမိ” တစ်ရက်လျှင် ပုတီးကိုးပါတ် ကိုးရက် အဓိဋ္ဌာန်ဝင်၍ အချိန်မှန်မှန် စိတ်ပေးပါက အကျိုးပေးသန်၍ အကျိုးပေး ပိုမိုမြန်ဆန် စေပါသည်။ မှတ်ချက်။ ။ ငါးပါးသီလမလုံပါက အောက် (၃)ကြောင်းထည့်မစိပ်ပါနဲ့။  

ပါမောက္ခချူပ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသည့် သာဓုခေါ်ဆိုခြင်းအကျိူးကျေးဇူး

Image
ပါမောက္ခချူပ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသည့် သာဓုခေါ်ဆိုခြင်းအကျိူးကျေးဇူး တချို့က သာဓု ခေါ်တဲ့ အကျိုးကို ပေါ့သေးသေး မှတ်နေကြတယ်။သာဓု တစ်ကြိမ် ခေါ်ခဲ့ရင်တောင် နတ်ပြည်ထိ အကျိုးပေးပါတယ်။ဝိမာနဝတ္တုမှာ နတ်ပြည်ရောက်ကြောင်း (၈၆)ခု ရှိတယ် လို့ ဟောကြား ထားပါတယ်။ သောတာပန် ဖြစ်ပြီး နတ်ပြည်ရောက်တာ (၅)ခု။ ဘုရားကို ကြည်ညို၍ လက်အုပ်ချီယုံက (၂)ခု။ ကျောင်းအလှူပွဲတွင် သာဓု ခေါ်ယုံမျှနှင့်(၂)ခု။ သီလ သက်သက် ဖြည့်ကျင့်ယုံမျှဖြင့် (၂)ခု။ ဒါန၊ သီလ ပူးတွဲကျင့်တာက (၇)ခု။ ဒါန သက်သက်ဖြင့် (၆၈)ခုဗုဒ္ဓ ဘာသာ ဖြစ်ရခြင်း အကျိုးကိုပေါ့သေးသေး မမှတ်ကြပါနဲ့။တသက်လုံး ကြိုးစားရှာဖွေလို့ ရရှိလာတဲ့လူ့စည်းစိမ်ကို ကြီးကျယ်ခမ်းနားတယ် ထင်နေကြတယ်။သာဓု ခေါ်ယုံနဲ့တောင်နတ်ပြည် ရောက်စေနိုင်သည်ထိ အကျိုးပေးပါတယ်။လူ့စည်းစိမ်ထက် သာတဲ့ နတ်စည်းစိမ်ကိုသာဓု ခေါ်ယုံနဲ့ ရတယ် ဆိုတော့ဗုဒ္ဓဘာသာဟာ ဘယ်လောက်ထိ တန်ဖိုး ကြီးမားတယ် ဆိုတာ စဉ်းစားကြည့်ပေါ့။ဒါကြောင့် သာဓု ခေါ်စရာ တွေ့တိုင်း၊ ကြုံတိုင်းယုံယုံကြည်ကြည်နဲ့ သာဓု ခေါ်ကြဖို့ တိုက်တွန်းပါရစေ။ သာဓု ခေါ်ဆိုရခြင်း အကျိုး – ခုခေတ်လူတွေ ခဏခဏ ‘သာဓု’ခေါ်နေကြတာ …ဘာလို့ မရတာတုန်းလို့မေးကောင်း မေးလိမ့်...

အရဟံ ပဋ္ဌာန်းလာဘ်ပွင့် ဂါထာတော်

Image
  အရဟံ ပဋ္ဌာန်းလာဘ်ပွင့် ဂါထာတော် ဤဂါထာကိုရွတ်ဖတ်မယ်ဆိုရင်အဓိဌာန်တင်ပြီးရွတ်ဖတ်ပူဇော်ရပါမယ်။တစ် နေ့ကို ၂၄ ခေါက်ရွတ်ဆိုရပါမယ်။၂၄ ရက်တိတိနေရာမှန်အချိန်မှန်ရွတ်ဆိုရပါမယ်။မိမိမွေးနေ့ကစတင်ပြီးရွတ်ဆိုရပါမယ်။ထိုရွတ်ဖတ်အဓိဌာန်ဝင်နေသောကာလအတွင်းမှာမိမိတက်နိုင်သောနှစ်သက်ရာဒါနတစ်ခုပြုပေးရပါမယ်။အဖျက်များသော ကြောင့်ဇွဲကောင်းဖို့ဖြစ်အောင်လုပ်မယ်ဆိုတစိတ်ရှိဖို့တော့လိုအပ်ပါတယ်။ ဒီအချက်တွေလိုက်နာနိုင်ပြီဆိုရင်တော့သင့်အတွက်ငွေကြေးလာဘ်လာဘကံပွင့်ဖို့မဝေးတော့ဘူးလို့ပြောလို့ရပါပြီ။အလုပ်မရှိပဲနှင့်တော့ငွေကြေးများများလိုချင်လို့တော့မရဘူးပေါ့ဗျာ။ ကိုယ့်ရဲ့ပိတ်ဆိုနေတဲ့ငွေကြေးကံများရသင့်လျှက်ကြန့်ကြာနေသောငွေကြေး လာဘ်လာဘများအပြင်အခြားသော နေရာများမှလည်းကိုယ့်ရဲ့ကံနှင့်ကိုယ့်ရဲ့ သဒ္ဒါတရားပေါ် မူတည်ပြီးငွေကြေးလာဘ်လာဘများဝင်လာပါလိမ့်မယ်။ ၂၄ ရက်ပြည့်ပြီးရင်တစ်ပတ်နားပြီး ကိုယ့်မွေးနေ့ရောက်မှအဓိဌာန်နောက်တစ်ကြိမ်ပြန်ဝင်ရပါမယ်။ အရဟံပဋ္ဌာန်းလာဘ်ပွင့်ဂါထာတော် အရဟံဝတ လာဘံ ဟေတုပစ္စယော အရဟံဝတ လာဘံ အရမ္မဏပစ္စယော အရဟံဝတ လာဘံ အဓိပတိပစ္စယော အရဟံဝတ လာဘံ အနန္တရပစ္စယော အရဟံဝတ လာဘံ သမနန္တရပစ္စယော အရဟံဝတ လာဘံ သဟဇာတပစ...

အရဟံ အဓိပ္ပါယ်(၅)မျိုး

Image
"အရဟံ အဓိပ္ပါယ်(၅)မျိုး" ______________________ ၁။ အရဟံ = (ဝေးကွာခြင်းအနက်- အဓိပ္ပါယ် ) ကိလေသာတို့မှ ဝေးကွာတော်မူသော မြတ်စွာဘုရား။ ၂။ အရ , ဟံ = ( အရ - အရိ = ရန်သူတွေကို ။ ဟ - ဟတ = ချေမှုန်း အနိုင်ယူခြင်းအနက်) ကိလေသာရန်သူတို့ကို အပြီးသတ် ချေမှုန်းတော်မူသော မြတ်စွာဘုရား။ ၃။ အရ , ဟံ = ( အရ = အကန့် -အပိုင်းအခြား ) ဟ - ဟတ = ဖျက်ဆီးခြင်းအနက်) သံသရာစက်၏ အကန့်ဟူသော အကြောင်းကိလေသာတရားတို့ကို ဖျက်ဆီးတော်မူသောမြတ်စွာဘုရား။ ၄။ အရဟံ = ( အရဟ = ထိုက်ခြင်းအနက်) တစ်လောကလုံးရဲ့ ဦးညွတ်လေးစားမှု လှူဒါန်းပူဇော်မှုကို ထိုက်တန်တော်မူသော မြတ်စွာဘုရား။ ၅။ အ, ရဟံ = (ရဟ = ဆိတ်ကွယ်ရာ ။ အ - န = မရှိခြင်းအနက်) ဆိတ်ကွယ်ရာ၌ မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား။  

အရဟံရဲ့ အဓိပ္ပါယ်

Image
အရဟံရဲ့ အဓိပ္ပါယ် 🙏🏻 🙏🏻 🙏🏻 🙏🏻 🙏🏻 အရဟံရဲ့ ပထမအဓိပ္ပါယ် အ+ရဟ။ ရဟ ဆိုတာ ဆိတ်ကွယ်ရာ၊ အ ဆိုတာ မရှိဘူး။ အ+ရဟ ဆိုတာ ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို မလုပ်ဘူးလို့ ဆိုလိုတယ်။ ဒီနေ့ခေတ် လူကြီးလူကောင်းဆိုသူတွေတောင် ကွယ်ရာကျ မဟုတ်တာလုပ်တတ်တယ်။ မြတ်စွာဘုရားကျတော့ ဆိတ်ကွယ်ရာတောင်မှ မကောင်းတာမလုပ်ဘူး။ လူရှေ့သူရှေ့ဆို ဝေးရောပေါ့။ ကွယ်ရာတောင်မှ မကောင်းတာမလုပ်ဘူးဆိုတာ အင်မတန်မှ ရိုးသားဖြူစင်တယ်လို့ အဓိပ္ပါယ်ရတယ်။ အရဟံရဲ့ ဒုတိယအဓိပ္ပါယ် အရ+ဟ။ အရ ဆိုတာ ကိလေသာရန်သူ၊ ဟ ဆိုတာ ဖယ်ရှားပြီးတာ။ လောဘ ဒေါသ မောဟ စတဲ့ ရန်သူတွေကို ဖယ်ရှားပြီးသူလို့ အဓိပ္ပါယ်ရတယ်။ နောက်တစ်မျိုးက အရ ဆိုတာ သံသရာစက်ဘီးကြီးရဲ့ အကန့်တွေကိုခေါ်တယ်။ မြတ်စွာဘုရားရဲ့သန္တာန်မှာ သံသရာလည်ဖို့ အထောက်အပံ့ဖြစ်တဲ့ အကန့်တွေ ဒေါက်တွေကို ဖျက်ဆီးပြီးပြီလို့ ဆိုလိုတယ်။ အရဟံရဲ့ တတိယအဓိပ္ပါယ် အရဟ ဆိုတာ ထိုက်တန်သူ။ သီလအားဖြင့်လည်း ကြီးမြတ်တော်မူတယ်။ သမာဓိအားဖြင့်လည်း ကြီးမြတ်တော်မူတယ်။ ပညာအားဖြင့်လည်း ကြီးမြတ်တော်မူတယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားဟာ အားလုံးသောသတ္တဝါတွေရဲ့ ပူဇော်အထူးကို ခံယူဖို့ ထိုက်တန်သူလို့ ဆိုလိုတယ်။ ပါမောက္ခချုပ် ဆရာတော် ဘာသာရေးထူးခ...

ဘုရားရှိခိုး အိပ်စက်သူတိုင်း ရရှိမည့် အကျိုး(၁၇)ပါး

Image
ဘုရားရှိခိုး အိပ်စက်သူတိုင်း ရရှိမည့် အကျိုး(၁၇)ပါး ၁။ သူတစ်ပါးတို့ရှိခိုးခံထိုက်ခြင်း ၂။ စိတ်၏ ရဲရင့် တည်ကြည်ခြင်း ၃။ သေသည်၏အခြားမဲ့၌ သုဂတိဘဝကိုရခြင်း ၄။ နောင်ဘုရားနှင့် တွေ့ သည့်အခါ သစ္စာလေးပါးကို သလွယ်ခြင်း ၅။ အမျိုးမြတ်ခြင်း ၆။ သူတစ်ပါးတို့၏ အရိုအသေအပြုကို ခံရခြင်း ၇။ ချီးမွမ်းထိုက်သောကိုယ်အ င်္ဂါ နှင့် ပြည့်စုံခြင်း ၈။ အဆင်းလှခြင်း ၉။ ကိုယ်အနံ့မွှေးခြင်း ၁၀။ ခံတွင်းအနံ့မွှေးခြင်း ၁၁။ ကြီးကျယ်သောဉာဏ်ပညာနှင့် ပြည့်စုံခြင်း ၁၂။ နက်နဲသော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း ၁၃။ ထက်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း ၁၄။ လျင်မြန်သော ဉာဏ်ပညာနှင့် ပြည့်စုံရခြင်း ၁၅။ ရွှင်သောဉာဏ်ပညာနှင့် ပြည့်စုံရခြင်း ၁၆။ ဆန်းကြယ်သော ဉာဏ်ပညာနှင့် ပြည့်စုံရခြင်း ၁၇။ စကားကောင်းကို ဆိုနိုင်ခြင်း တို့ဖြစ်ကြပါတယ်။  

ဘာပဲလုပ်လုပ် အဆင်မပြေဖြစ်နေခဲ့မယ်ဆိုရင်

Image
အတီတေ ဝတ္တမာနေစ ယံ ပုညံ ပကတံ မယာ ဣဒေဝ တဿ ပစ္စခေ ဝိပါကော မေ ဝိပစ္စတု အတီတေ ဘဝများစွာသံသရာတွင် ဘုရားတပည့်တော်ပြုလုပ်ခဲ့ဖူးသော ကုသိုလ်ကောင်းမှုတို့ ရှိခဲ့ပါကုန်၏ ထိုထိုကုသိုလ်တို့၏ အာနိသင်တို့အား ယခုမျက်မှောက်ချက်ချင်း ရရှိ ခံစား စံစားရပါလို၏ ဘာပဲလုပ်လုပ် အဆင်မပြေဖြစ်နေခဲ့မယ်ဆိုရင် တန်ခိုးကြီးဘုရားတစ်ဆူဆူမှာ မိမိတို့မွေးနေ့ညနေ နေဝင်ခါနီးအချိန် မိမိတို့ရဲ့ဘုမ္မိအရပ်မှာ မွေးနံပန်းသက်စေ့ ရေချမ်းသက်စေ့ အလင်းတိုင်သက်စေ့လှူပြီး အထက်ပါဂါထာကိုသက်စေ့ရွတ်ပူဇော်ပါက အလွန်ထူးခြားပါတယ်။ (အဆင်ပြေလာရင် ဆက်ပြီးမပူဇော်ပါနဲ့)ဒါကလဲ ထူးခြားမှုတစ်ခုပါ။ - တနင်္ဂနွေ(ဘုမ္မိအရပ်)တောင်အရပ်။ - တနင်္လာ(ဘုမ္မိအရပ်)အနောက်တောင်အရပ်။ - အင်္ဂါ(ဘုမ္မိအရပ်)အနောက်အရပ်။ - ဗုဒ္ဓဟူး(ဘုမ္မိအရပ်)အနောက်မြောက်အရပ်။ - စနေ(ဘုမ္မိအရပ်)မြောက်အရပ်။ - ကြာသပတေး(ဘုမ္မိအရပ်)အရှေ့မြောက်အရပ်။ - ရာဟု(ဘုမ္မိအရပ်)အရှေ့အရပ်။ - သောကြာ(ဘုမ္မိအရပ်)အရှေ့တောင်အရပ်။  

ဂါရဝ လက်အုပ်ချီနည်း (၃)မျိုး

Image
ဂါရဝ လက်အုပ်ချီနည်း (၃)မျိုး * * * * * * * * * * * * * * * * * (၁) လက်အုပ်ချီပြီး ရင်ညွန့်တည့်တည့် မှာထားရင် " အဉ္စလီ ပဏာမ "လို့ခေါ်တယ်။ ငယ်သူက ကြီးသူကိုရော ကိုယ့်ထက်ငယ်သူကိုပါ ရိုးရာယဉ်ကျေးမှု အရ ဂါရဝပြုခြင်းကိုခေါ်တာပါ။ (ရှိခိုးခြင်းမျိုး မဟုတ်ပါ နှုတ်ဆက်ခြင်းပါ) (၂) လက်အုပ်ချီပြီး လက်မကို နှာခေါင်းတည့်တည့်မှာထားရင် " အဉ္စလီ ဂါရဝ "လို့ခေါ်တယ်။ မိမိထက် အသက်သိက္ခာကြီးတဲ့ ဆရာသမား ကျေးဇူးရှင်များအား ဂါရဝပြု ခြင်းကိုခေါ်ပါတယ်။ (၃) လက်အုပ်ကို နဖူးထက် ဦးခေါင်းထိပ် တင်ချီလျက်ထားရင် " အဉ္စလီ ဝန္ဒန "လို့ခေါ်တယ်။ လောက၏အထွဋ်အထိပ် ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးအား ရှိခိုးခြင်းကို ခေါ်ပါတယ်။  

(၇)ရက်သားသမီးများအတွက် မေတ္တာအဓိဌာန်ကျင့်စဉ်တော်

Image
ပဌာန်းကျောင်းတိုက် ဘုန်းဘုန်းအရှင်စန္ဒသူရိယ၏  ( ၇)ရက်သားသမီးများအတွက် မေတ္တာအဓိဌာန်ကျင့်စဉ်တော် ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ကြံရည် (သို့မဟုတ်) ပျားရည်ကပ်လှူ၍ အလင်းတိုင်(၉)တိုင်၊ နံ့သာတိုင် (၉)တိုင်ပူဇော်ပြီး (၉)ရက်တိတိအဓိဌာန်ထားကာပြုလုပ်ရပါမည်။ မိမိတို့၏မွေးနေ့မွေးရက်မှစတင်၍ မေတ္တာအဓိဌာန်ကျင့်စဉ်အား စတင်နိုင်ပါသည်။ (သက်သက်လွတ်စားသုံး၍ အဓိဌာန်ဝင်နိုင်ပါက ပို၍ကောင်းပါသည်။) တပည့်တော် (---)နေ့သား/သမီး ဦး/ဒေါ် (---)သည် မေတ္တာအဓိဌာန်ကျင့်စဉ်အား (---)ရက်၊ (---)လ၊ (---)ခုနှစ်မှ စ၍ (၉)ရက်တိုင်တိုင် အဓိဌာန်ကျင့်ကြံအားထုတ်ပါမည်ဟု သစ္စာအဓိဌာန်ပြုအပ်ပါသည် အရှင်ဘုရား။ ဤသစ္စာအဓိဌာန် မကျိုးပေါက်ခဲ့ပါသော် ဘုရားတပည့်တော်အား (လိုသောဆု) ပြည့်ပါရစေသတည်း။ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ( ၃)ကြိမ် (သုဂတံ သုဂတံ သေဌံ၊ သုဂတံ သုဂတံ ဇဟံ၊ အမတံ အမတံ သန္တံ၊ အသမံ အသမံ ဒဒံ၊ သရဏံ သရဏံ လောကံ၊ အရဏံ အရဏံ ကရံ၊ အဘယံ အဘယံ ဌာနံ၊ နာယကံ နာယကံ နမေ) (၃)ကြိမ် ( ဣတိပိသော ၊ ဘဂဝါ ၊ အရဟံ ၊ သမ္မာသမ္ဗုဒ္ဓေါ ၊ ဝိဇ္ဇာစရဏသမ္ပန္နော ၊ သုဂတော ၊ လောကဝိဒူ ၊ အနုတ္တရောပုရိသဒမ္မသာရထိ ၊ သတ္ထာဒေဝမနုဿာနံ ၊ ဗုဒ္ဓေါ ၊ ဘဂဝါ ) (...

Message for Today (26-2-2023)

Image
  ဒီနေ့အတွက် ကျရောက်တဲ့ Tarot ကတ်ကတော့ The Hermit ဆိုတဲ့ ကတ်ဖြစ်ပါတယ်။ ရပ်ဝေး (သို့) ပြည်ပနှင့်ဆက်စပ်သော အလုပ်များလုပ်ကိုင်ရမည်။ ဝန်ထမ်းများအတွက် အလုပ်ထွက် (သို့) အလုပ်ပြောင်းလိုစိတ်ဖြစ်ပေါ်နေမည်။ မိမိထက်ရာထူး၊ ဂုဏ်ကြီးသောသူက အကူအညီပေးမည်။ ဝင်ငွေရလမ်း ကောင်းနေပါသည်။ ရရှိသောငွေများမမြဲ။ လူမှုရေး၊ ဘာသာရေးကိစ္စများအတွက် အချိန်ပေးနေရမည်။ ကိုယ်တိုင် (သို့) မိသားစု မျက်စိဝေဒနာဖြစ်တတ်သည်။ စိုးရိမ်စရာအခြေအနေမရှိပါ။ ကံကောင်းသောနံပတ် - ၂, ၃, ၅, ၆ ငှက်စာ၊ ကျီးစာကျွေးခြင်း၊ တောင်ဝှေး၊ ဖိနပ်လှူဒါန်းခြင်းပြုလုပ်ပါ။ ဒီနေ့အတွက် ကျရောက်တဲ့ Rune ကတ်ကတော့ The Wholeness ဆိုတဲ့ ကတ်ဖြစ်ပါတယ်။ အပြုသဘော၊ အကောင်းသဘော ဆောင်သောကတ်ဖြစ်သည်။ မိမိလိုအပ်ချက်များ၊ ဆုတောင်းများ၊ လိုအင်ဆန္ဒများပြည့်ဝလာမည့်နိမိတ်ဖြစ်သည်။ မိမိဆောင်ရွက်နေသောအရာများပြီးမြောက်ပြီး ပူပင်သောကများ ကွယ်ပျောက်သွားမည်။ မိမိစွမ်းဆောင်နိုင်သလောက် ကောင်းကျိုးလိုရာ ပြည့်ဝမည့်သဘောဖြစ်သည်။ ဘာသာရေးက ထူးခြားသောအထောက်အပံ့ရမည်။ မောရသုတ်ပူဇော်ပါ။ ဒီနေ့အတွက် ကျရောက်တဲ့ Lenormand ကတ်ကတော့ Scythe ဆိုတဲ့ ကတ်ဖြစ်ပါတယ်။ မိမိဆောင်ရွက်နေသောအရာများ ကေ...

တနင်္ဂနွေနေ့အတွက် တနေ့တာ ယတြာ (နေ့အလိုက်အောင်မြင်ချမ်းသာယတြာများ)

Image
တနင်္ဂနွေနေ့အတွက် တနေ့တာ ယတြာ (နေ့အလိုက်အောင်မြင်ချမ်းသာယတြာများ) တနင်္ဂနွေသားသမီးများကံကော်ညွှန့်၉ညွှန့်မိမိမွေးနံဘုရားလှူတနင်္လာနံဘုရားမှာရွှေချပါသောကြာနံဘုရားကိုရေသက်စေ့သပ္ပါယ်ပါ  

ခုနစ်နေ့ဘုရားရှိခိုး

Image
( ၁) ပဋိသန္ဓေယူသောနေ့ ================= သုံးလူ့ရှင်ပင် ကျွန့်ထိပ်တင် သောင်းခွင်စကြဝဠာ နတ်ဗြဟ္မာတို့ ညီညာရုံးစု တောင်းပန်မှုကြောင့် ရတုနဂို ရွှမ်းရွှမ်းစိုသည် ဝါဆိုလပြည့် ကြွက်မင်းနေ့ဝယ် ချမ်းမြေ့ကြည်ဖြူ သန္ဓေယူသည် နတ်လူငြိမ်းဖို့ ကိန်းပါကို။ ( ၂) ဖွားတော်မူသောနေ့ ================ သန္ဓေယူခါ ဆယ်လကြာသော် မဟာသက္ကရာဇ် ခြောက်ဆယ့်ရှစ်ကြုံ ကဆုန်လပြည့် သောကြာနေ့ဝယ် ချမ်းမြေ့စုံစီ လုမ္ဗနီ၌ မဟီလှိုက်ဆူ ဖွားတော်မူသည် နတ်လူအောင်မြို့ လမ်းပါကို။ ( ၃) တောထွက်တော်မူသောနေ့ ===================== ဖွားမြင်မြောက်သော် ဆယ့်ခြောက်နှစ်ရွယ် ပျိုနုနယ်၌ သုံးသွယ်ရွှေနန်း သိမ်းမြန်းပြီးလစ် ဆယ့်သုံးနှစ်လျှင် ဘုန်းသစ်လျှံထူ စံတော်မူ၍ ရွယ်မူနုဖြိုး နှစ်ဆယ့်ကိုးဝယ် လေးမျိုးနိမိတ် နတ်ပြဟိတ်‌ကြောင့် ရွှေစိတ်ငြိုငြင် သံဝေပိုက ဝါဆိုလပြည့် ကျားမင်းနေ့ဝယ် ချမ်းမြေ့ရဂုံ တောရပ်လှုံသည် စုံမြိုင်ပင်ရိပ် ခန်းမှာကို။ ( ၄) ဘုရားဖြစ်တော်မူသောနေ့ ===================== တောရပ်မြိုင်ပေါ် ခြောက်နှစ်ပျော်၍ ခါတော်တစ်ဖုံ ပွင့်ချိန်ကြုံက ကဆုန်လပြည့် ဆင်မင်းနေ့ဝယ် မြေ့ပရမေ ပလ္လင်ဗွေထက် ရွှေညောင်တော်ကြီ...