ပုတီးရွေးချယ်သောအခါ

 

ပုတီးရွေးချယ်သောအခါ
.....................................

ပုတီးရွေးတဲ့အခါ အချို့က နံသင့်အသားကို ယူစိပ်ကြတယ်။ နံသင့်အသားက ကံကောင်းစေပြီး ဘေးဘယ ကင်းစေတယ်။ နေ့နံ​ဆောင် အောင်၏ ဆိုတဲ့သဘောရှိတယ်။ အသက်ရှည်စေတဲ့ သတ္တိရှိတယ်တဲ့။သစ်သားတွေကို (နွေ၊လာ၊ဂါ၊ဟူး) ဆိုပြီး အစဉ်လိုက်ရေးပေးပါမယ်။
ဥပမာ အုန်းသား၊ ကံ့ကော်သား၊ ဇီးသား၊ လင်းလွန်းသား၊ပေါက်သား၊ သီးသား၊ ထိန်သား စသဖြင့်ပေါ့။
အချို့ကလည်း အမြစ်အညွန့်နံကို ယူစိပ်ကြတယ်။ အမြစ်အညွန့်နံ ယူစိပ်တာက ငွေကြေးလာဘ်လာဘကောင်းတယ်လို့ ယူဆကြတယ်။
ဥပမာ ထောက်ကြံ့သား၊ ဩဇာသား၊ ခရေသား၊ စိန်ပန်းသား၊ ဝင်သေသား၊ ပိတောက်သား၊ သစ်အယ်သား၊ ယင်းမာသား စတာတွေပေါ့။
တစ်ချို့ကလည်း ဓာတ်ကိုမိတ်အုပ်တဲ့အသားကို ယူစိပ်ကြပြန်တယ်။ သူ့ရဲ့ဂုဏ်သတ္တိက အတိုက်အခံရှင်းပြီး အပူငြိမ်းစေတယ်။ အမှုအခင်းတွေ ပြေစေတယ်ပေါ့။
မိတ်ကိုဓာတ်အုပ်တဲ့အသားတွေက
ပိတောက်သား၊ လင်းလွန်းသား၊ သရက်သား၊ ကံ့ကော်သား၊ အင်ကြင်းသား၊ စောင်းလျာသား၊ ဝါးနဲ့ဩဇာရောထားတဲ့အသား စတာတွေပါ။
ဒါက သူ့အယူအဆနဲ့သူပေါ့။ ဒီနေရာမှာ ထူးဆန်းတဲ့ ပုတီးသားတွေ ရှိတယ်။ နံသင့်မှာလည်း ကောက်ကြတာသိပ်မရှိဘူး။ အညွန့်အမြစ်တွေမှာလည်းမရှိဘူး။ မိတ်ဓာတ်အုပ်တဲ့နေရာမှာလည်း မရှိဘူး။ ထူးဆန်းတယ်။
ဘာအသားတွေလဲဆိုတော့ ကျွန်းနက်သား၊ နံ့သာနီသား၊နံ့သာဖြူသား၊ လှည်းပဒေါင်းသား၊ ဆင်မာန်စွယ်သား စတာတွေပါပဲ။ လှည်ပဒေါင်းသားက တစ်ခါတစ်လေ နံယူပြီးကောက်ကြတာကိုတော့ တွေ့ရပါတယ်။ ရှားတော့ရှားတယ်ဗျ။
အထက်က အသားငါးမျိုးက ဆေးကြီးငါးပါးရဲ့အသားတွေပါ။ ဘယ်နေ့နံမဆို ယူစိပ်လို့ရတဲ့ပုတီးသားတွေဆိုလည်း မမှားပါဘူး။
နံ့သာနီက ပူနေတဲ့စိတ်တွေ ပြေသွားအောင်၊ အေးသွားအောင်၊ စိတ်စွမ်းအင်ကောင်းမွန်အောင် ထိန်းတဲ့နေရာမှာ သုံးဖို့ ပုတီးလုပ်ကြတယ်၊
နံ့သာဖြူက ချုပ်ဓာတ်မိအောင် သုံးကြတယ်။ ပျံ့နေတဲ့အာရုံကို ချုပ်သွားအောင်၊ ပူနေတဲ့အရာကို ချုပ်သွားအောင်၊ သိဒ္ဓိဓာတ်တွေကို ချုပ်သွားအောင် သုံးကြတယ်။
လှည်းပဒေါင်းကတော့ အသုံးစုံပါတယ်။ များလို့ မရေးတော့ပါဘူး။
ဆင်မာန်စွယ်အသားကတော့ တော်တော့်ကိုအသုံးနည်းတယ်။ သာမန်လူတွေစိပ်ရင် အဆင်မပြေနိုင်ဘူး။ ဆရာတွေရဲ့ပြောပြချက်အရ ဆင်မာန်စွယ်အသားထဲမှာ မူလဓာတ်တစ်မျိုးပါဝင်လို့ ပုတီးစ စပ်မယ့်သူဟာ ဆင်မာန်စွယ်နဲ့ မတည့်တာတွေ ဖြစ်တတ်တယ်။ နောက်တစ်ချက်က သနချေလို့ တော်ရုံမကျတဲ့ပစ္စည်းတွေထဲမှာ ဆင်မာန်စွယ်ပါဝင်တယ်။ သန တော်ရုံမကျလို့ ပုတီးစိပ်ပြီးရင် သိဒ္ဓိချုပ်လည်း အပိုပါပဲ။ ထောပတ်ဘယ်လောက်များပါစေ မစင်တစ်စက်ရောသွားရင် မကောင်းတော့ပါဘူး။ဆင်မာန်စွယ်အသားကိုင်ကြသူအများစုကိုကြည့်လိုက်ရင် ဂိုဏ်းချုပ်ဆရာတွေနဲ့ ပညာသမ္ဘာရင့်ပြီးသမာဓိအားကောင်းတဲ့ ဂန္ဓာရီပညာရှင်တွေပဲ တွေ့ရတာများပါတယ်။ ပုတီးဂိုဏ်းဆိုရင်တော့ အများစုက ဆင်မာန်စွယ်ကိုသုံးကြပါတယ်။ စျေးလည်းကြီးပါတယ်။
ကျွန်တော်ပြောချင်တာက အသုံးနည်းပြီး နံသင့်မကောက်ကျတဲ့ ဆေးကြီးငါးပါးရဲ့အသားပါ။ လူတိုင်းစိပ်လို့ရပါတယ်။ နံ့သာဖြူဟာ အညွန့်ကနေ အမြစ်ကိုဇောက်ထိုးဆင်းလို့ စီးပွားပျက်နိုင်တယ်ဆိုပြီး အဓိပ္ပါယ်မကောက်ကြပါဘူး။ သူ့ရဲ့မူလဓာတ်ကိုက ကြီးတာကိုငယ်အောင်ချုပ်တဲ့ သတ္တိရှိပြီး စင်္ကြာဝဠာကြီးတစ်ခွင်မှာပျံ့နေတဲ့သိဒ္ဓိတွေကို ပုတီးအသေးတွေမှာ ချုပ်တဲ့နေရာမှာ အထူးကောင်းမွန်လို့ ပယောဂဆရာ၊ ဂိုဏ်းဆရာ၊ နယ်လှည့်ဆရာအများစုက ဆောင်ကြတာပါ။ ဆေးငါးပါးထဲမှာ တစ်ပါးရရင် အဲဒီတစ်မျိုးထဲကိုပဲ မြဲအောင်စိပ်ပါ။

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ