စိတ်ပုတီး စတင်ပေါ်ပေါက်လာပုံ
စိတ်ပုတီး စတင်ပေါ်ပေါက်လာပုံ
======================
ပုတီးစိပ်ခြင်း အလေ့အထ မည်သည့်အခါက စတင်ထွန်းကားခဲ့သနည်း။
မြတ်စွာဘုရားလက်ထက်တွင် စိတ်ပုတီးရှိသလော။
ရဟန္တာတို့သည် စိတ်ပုတီးစိပ်ကြသလော။
မည်သည့်
ပါဠိတော် အဌကတာနှင့် ဋီကာ များတွင် စိတ်ပုတီးကိုမတွေ့ရပေ |
မြစ်ကွေ့ဆရာတော် နှင့်ကျီးသဲလေးထပ်ဆရာတော် ဘုရားကြီးအရှင်မုနိန္ဒာဘိဓဇ၏
စွယ်စုံကျော်ထင်ကျမ်း အမေးအဖြေ အရ
"သုံးလူများထိပ် ငါးမာန်နှိပ် စိပ်ရန်ပုတီး ရှိလိမ့်နည်း"
"သုံးလူများထိပ် ငါးမာန်နှိပ် စိပ်ရန်ပုတီး မရှိတည်း"
မြတ်စွာဘုရားပုတီးဆောင်ဟန်နှင့် စိတ်ပုတီးကို ကျမ်းဂန်မှာ
မရှိပုံကို မိန့်တော်မူခဲ့ပေသည်။
ပုတီးသည်ဟိန္ဒူဗြဟ္မဏ
ဘာသာမှကိုယ်ပိုင်အသုံးအဆောင်ပစ္စည်းဖြစ်ပြီး ဂါထာ မန္တာန်များရွတ်ဆိုရန်
အတွက်အခေါက်ရေကို တိတိကျကျ သိရအောင် အသုံးပြုခဲ့တာဖြစ်ပါသည်။
မြတ်ဗုဒ္ဓသည် ဒါန ကျင့်စဉ် | သီလကျင့်စဉ် |
သမထ ဘာဝနာသမာဓိကျင့်စဉ်နှင့် ဝိပဿနာ ဘာဝနာ
ပညာကျင့်စဉ် ဟူ၍ ကျင့်စဉ် ( ၄) ခုထားရှိခဲ့ရာ သမထ ဟူသော သမာဓိရအောင် ကျင့်ကြံအားထုတ်ရသော
ကမ္မဌာန်းကျင့်စဉ်တွင် စိတ်ပုတီးသည် စိတ်ကိုစောင့်
ရှောက်ရာမှာအကူပစ္စည်းအဖြစ် ပြုလုပ်သုံးစွဲခဲ့ဟန်သဘော
ရှိပြီး ဗုဒ္ဓအယူဝါဒရှိသူတို့သည် မိမိ၏စိတ်ကို တစ်ပါတည်း
သောအာရုံ၌ စွဲမြဲတည်တံ့စေရန်လည်းကောင်း ဘာဝနာ
ကမ္မဌာန်းစီးဖြန်းရာတွင် သတိတရားတိမ်းပါးမှု ကင်းစေလို
၍လည်းကောင်း စိတ်ပုတီးကို အသုံးပြု လျှင် သမာဓိစခန်းတက်လှမ်းရာတွင် အထောက်အကူပြုပေသည်။
စိတ်ပုတီးကို
သက္ကရာဇ် ၆၁၇ ခု ပုဂံပြည် နရသီဟပတေ့မင်းလက်ထက်မှာ သုံးဆွဲလာပုံကို
အထင်အရှားတွေ့မြင်နိင်ပါတယ်။ နရသီဟပတေ့မင်းသည် မိဖုရားစောလုံကို
မောင်းမငယ်တစ်ဦးအား ရေဖြင့် ရွှဲစိုအောင် ပက်ခိုင်းစေသည့်အတွက်
အရှက်ကြီးရှက်ကာ အမျက်ဒေါသထွက်ပြီး စားတော်ပွဲတွင် အဆိပ်ခတ်ပြီး မိဖုရားငယ်
ရှင်မောက်ကို ငါနေမကောင်းလို့ ဘုရင်ကြီးကို စားတော်ဆက်ခိုင်းစေရာ
မင်းကြီးက စားတော်ပွဲမစားသုံးမှီ အောက်က ခွေးကိုချီမ၍ ခွေးကိုကျွေးလေရာ
ခွေးသေသွားသဖြင့် မိဘုရားငယ်ကို စစ်ဆေးမေးမြန်းရာ အဖြစ်မှန်ကိုသိရှိပြီး
မိဘုရားစောလုံ မှလည်း "ငါ့ကို အများတကာရှေ့မှာ
တကိုယ်လုံး ရွှဲရွှဲစိုအောင် မောင်းမငယ်ကို ရေပက်ခိုင်းလို့
ဘုရင်ကိုမုန်းလို့သတ်တယ်"
ဟု ရှင်းရှင်းလင်းလင်းသံတော်ဦးတင်လိုက်လို့ ပန်းဘဲဆရာများနဲ့
သံကြတ်စဉ်ဆောက်စေပြီး မီးရှို့သတ်စေဟုအမိန့် ပေးလိုက်လေသည်။
ထိုအခါ မိဘုရားစောလုံသည် ပန်းဘဲ ဆရာများကို တံစိုး လက်ဆောင်များကိုပေးပြီး သံကြတ်စဉ်ကို ၇ ရက်ကြာ
လုပ်စေပြီး နေ့ / ည သီလဆောက်တည်ခြင်း | အဘိဓမ္မာ
တရားတော်များကိုနာယူခြင်း | ရတနာ သုံးပါးဂုဏ်တော်
ကျေးဇူးတော်များအောက်မေ့၍ ပုတီးစ်ိပ်နေပြီး " ၇"ရက်
စေ့လို့ သံကြတ်စဉ်ပြီးသောအခါ မိဘုရားစောလုံ သံကြတ်
စဉ်ပေါ်ရောက်သည်နှင့် ရဲရဲတောက်လောင်နေတဲ့ မီးလျှံ
တွေဟာ ရုတ်တရက် ငြိမ်းသွားလေသည်။ ဒီလို ရတနာ
သုံးပါးတို့ရဲ့ဂုဏ်တော်တွေကို အာရုံပြုပြီး ပုတီးစိပ် ပွားများ
နေတဲ့အတွက် ၃ ကြိမ် ၃ ခါ မီးတွေ ငြိမ်းသွားပြီး
"ငါ သည်ခဏတာအတွင်း လောင်ကျွမ်းပြီး ပျောက်ပါစေ
ငါ တောင်းတဲ့အတိုင်းပြည့်ပါစေ " လို့ အဓိဌာန်ပြုတဲ့အခါ
ခဏတာ အတွင်းမီးလောင်ကျွမ်းပြီး သေဆုံးသွားတယ်လို့
မှန်နန်းရာဇဝင်တော်ကြီးမှာ ဖေါ်ပြထားပါသည်။
ပုဂံခေတ်မှာ ဗုဒ္ဓဘာသာဝင်တို့ ပုတီးကို စတင်အသုံး
ပြုနေကြပြီဖြစ်သည်။ ဒုတိယအင်းဝခေတ်လို့ခေါ်တွင်သော
ညောင်ရမ်းမင်းကြီးလက်ထက်မှာ လောကီပညာအရာမှာ
ကျော်ကြားသော ဗားမဲ့ဆရာတော်ဘုရားကြီး ခေတ်မှာ
ဂါတာမန္တာန်တွေကို အကြိမ် ၃၇ ခါရွတ်ဆိုမှု၊ အကြိမ်
၁၀၀၀ ရွတ်ဆိုမှုတွေ အတွက် အရေအတွက်ကို သိရှိရန်
အတွက်လည်း စိတ်ပုတီး ကိုအသုံးပြုခဲ့ဟန်ရှိပါတယ်။
ပုဂံခေတ်ဦးပိုင်း အနော်ရထာမင်းကြီး လက်ထက်မှာသာ
ထေရဝါဒ ဗုဒ္ဓဘာသာ ထွန်းကားခဲ့ပေမယ့် ပုဂံခေတ်မတိုင်မှီ
နှင့် ကျန်စစ်သားမင်းကြီးလက်ထက် | အင်းဝ| ဟံသာဝတီ
ခေတ်တွေမှာ အရည်းကြီးများနှင့် မဟာယနများ ကြီးစိုးခဲ့
သောကြောင့် ဂါတာ မန္တရား နှင့်အတူ စိတ်ပုတီးများကို
အသုံးပြု နိုင်သောကြောင့် စိတ်ပုတီး စတင်ပေါ်ပေါက်လာ
ခြင်းကို သုတေသီတို့အနေဖြင့် အတိအကျ ခန့်မှန်း၍
မရနိင်ပေ။
ယခုနောက်ပိုင်းမှာတော့ ရှင်သာမဏေများရဲ့
သာသနာ့အသုံးအဆောင်များအပြင် စိတ်ပုတီးကို ဆွမ်း |
ဆေး | ကျောင်း | သင်္ကန်းတို့ကို ဆင်ခြင်ရာမှာလည်း
အသုံးပြုနိင်ရန် သပိတ်ထဲ သို့ထည့်ပေးနေကြပြီဖြစ်သည်။
ပဋိသင်္ခါ ယောနိသော ၄ ပုဒ်သည်လည်း ပုတီးစိတ်နည်း
၄ ပုဒ်ဖြစ်သည်အထိ သုံးစွဲလာကြသည်။
စိတ်ပုတီးနဲ့ ပွားများတဲ့ ဗုဒ္ဓါနုဿတိဘာဝနာ ပွားများတာသည် အလွန်အကျိုးရှိပြီး တန်ခိုးရှိကြောင်း
လည်းတွေ့ရှိရပါတယ် ။ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်
တို့၏ဂုဏ်တော်တွေကို ပွားများရာမှာ ဂုဏ်တော်အရေ
အတွက်ကိုလည်းသိရပြီး စိတ်လည်းတည်ငြိမ်မှုရအောင်
စိတ်ပုတီးကို အသုံးပြုခဲ့ကြတယ်လို့ ယုံကြည်ရပါတယ်
ယခုအခါတွင် အနိစ္စ | ဒုက္ခ | အနတ္တ လက္ခဏာရေး ၃ ပါး
ကိုဆင်ခြင်တဲ့အခါမှာလည်း အသုံးပြုကြပါသည်။
စိတ်ပုတီးကို
တချို့ အရိုးကမ္မဌာန်းဖြစ်စေ | ပစ္စဝေက္ခဏာကိုလည်း ဆင်ခြင်သတိရစေခြင်းဌာ
နွားရိုး | ကျွဲရိုး | ဆင်ရိုး | တိရစ္ဆာန်တို့၏ အစွယ် | ဦးချို | အရိုး
တို့နှင့် စိတ်ပုတီးကိုပြုလုပ်၍ ကိုင်ဆောင်ကြသည်။
ယခုတွင်
လှည်းပတောင်းပိတောက် | ကြိမ်သီး | ကြိတ်သီး | ပေသီး | နံ့သာသီး | ပယင်း |
ဖန် | ကျောက် | စသည်တို့ကိုလည်း စိတ်ပုတီး ပြုလုပ်လေ့ ရှိကြသည် ။
လောကီပညာကို လိုက်စားသည့် အချို့သော ပုဂ္ဂိုလ်တို့မှာကား ထန်းရွက် |
ပေရွက် | မှိုင်းကိုင်စက္ကူ စသည်တို့ကို ဂါထာ မန္တာန် ဖြင့်
ရေးသားသွင်းနှံ၍ ကြိုးဖြင့် သီထိုးအပ်သော ကြိုးပုတီး |
သစ်စေးဖြင့်သရိုးကိုင်ထားသော သားရိုးပုတီး| ဆေးဝါးဖြင့်စီမံထားသော ဆေးပုတီး
စသည်ဖြင့် အသုံးပြုလေ့ရှိကြသည် ။
စိတ်ပုတီးကိုကိုင်ဆောင်သုံးစွဲသူတို့သည်
စိတ်ပုတီး လုံးရေကို စီမံကန့်သတ်ရာတွင် မိမိတို့၏ စိတ်ဆန္ဒ နှင့်
ရည်ရွယ်ချက်အလျှောက် စီမံရာတွင်
* အဝေနိက ဂုဏ်တော် ၁၈ ပါးကို ရည်၍ ၁၈ လုံး ပုတီး
* ဘုရားဂုဏ်တော် ၉ ပါး | တရားဂုဏ်တော် ၆ ပါး
သံဃဂုဏ်တော် ၉ ပါး ကိုရည်၍ ၂၄ လုံးပုတီး
* ၃၂ ကောဌာသ ကိုရည်၍ ၃၂ လုံးပုတိး
* ကမ္မဌာန်း ၄၀ ကိုရည်၍ ၄၀ လုံးပါသောပုတီး
* ၉ လုံး ပုတီး | ၂၇ လုံး ပုတီး | စသည်ဖြင့် အမျိုးမျိုး
စီမံ ၍ ပြုလုပ် ကြပေသည် ။
အများအားဖြင့်
မြတ်စွာဘုရား၏ ၁၀၈ ကွက် ခြေတော်စက်လက္ခဏာ ကိုရည်စူး၍ လည်းကောင်း |
ဂြိုလ်သက် ၁၀၈ ကိုရည်၍ လည်းကောင်း | သတ္တမိဿ နက္ခတ် ၁၀၈
နဝင်းကိုရည်၍လည်းကောင်း | ဘုရားဂုဏ်တော် ၅၆ ပါး|
တရားဂုဏ်တော် ၂၈ ပါး | သံဃဂုဏ်တော် ၂၄ ပါး စုစုပေါင်းဂုဏ်တော် ၁၀၈ ပါးကို ရည်ရွယ်၍ စိတ်ပုတီး လုံးရေကိုစီမံကန့်သတ်၍ ပြုလုပ်ကြလေသည်။
ပုတီးစိပ် ရာတွင်လည်း နည်းမျိုးစုံနှင့် ကိုင်တွယ်ကာ
စိပ်ကြပေသည်။ လက်မ နှင့် လက်ညှိး | လက်မနှင့်
လက်ခလယ် | လက်နှစ်ဖက်နှင့် ကိုင်တွယ်၍လည်းကောင်း
ထ ဆင့်ထူး ပုံဖြင့် ပုတီးလိမ် ၍လည်းကောင်း | လက်ကို
မြှောက်၍လည်းကောင်း | လက်ကို ချ၍ လည်းကောင်း
မိမိနှစ်သက်သလို ပုံစံဖြင့် စိပ်ကြလေသည်။
စိတ္တ ပဋိပါတိ ပါဠိစကားမှ သက်ဆင်းလာတယ်လို့ဆိုပါတယ် | စိတ္တ ဆိုတာစိတ် | ပဋိပါတိ -အစဉ်ကျရောက်
ဖြစ်ပေါ်လာပုံ | စိတ်ပဋိ - စိတ်ပဋီး - စိတ်ပုတီး ရယ်လို့
ဖြစ်ပေါ်လာတာပါ | စိတ်ကို စောင့်ရှောက်ရာမှာ အကူပစ္စည်းအဖြစ်သုံးစွဲခဲ့ဟန်တူပြီး စိတ်ကိုမကောင်းမှုကနေ
စောင့်ရှောက်ဖို့အတွက် အသုံးပြုတတ်ခဲ့ရင် အကျိုးရှိတဲ့
အရာအဖြစ် လက်ခံရမှာပါ။
မြတ်စွာဘုရားရှင်မှ ကေသမုတ္တိ လာမသုတ် မှာ
"ဒီတရားဟာ အကုသိုလ်ဖြစ်လား | အပြစ်ရှိလား |
ပညာရှိတို့ ကဲ့ရဲ့ထိုက်လား | ပြုကျင့်လျှင် အစီးအပွားမဲ့
ဆင်းရဲဒုက္ခဖြစ်စေသလားလို့ စီစစ်ရပါ့မယ် ဒီလိုဖြစ်ရင်
တော့ ဒီတရားကို ပယ်စွန့် ရပါမယ်"
"ဒီတရားသည် ကုသိုလ်ဖြစ်စေသလား | အပြစ်ကင်းစေ
သလား | ပညာရှိတို့ ချီးကျူးစေသလား | ပြုကျင့်လျှင်
ချမ်းသာစီးပွား ဖြစ်စေသလား လို့ စီစစ်ရပါ့မယ် ဒီလိုဖြစ်ရင်တော့ ဒီတရားကို လက်ခံကျင့်သုံးသင့်ပါတယ်" လို့
ဟောညွှန်ပြတော် မူခဲ့ပါသည်။
မြတ်ဗုဒ္ဓ၏ လမ်းညွှန်မှုကို စီစစ်ကြည့်ရလျှင် စိတ်ပုတီး
ကို
သုံးစွဲ သင့်ပါတယ်လို့ ယူဆမိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် တရားရိပ်သာ
မဝင်ရောက်နိုင်သူတွေအတွက် အိမ် | ကျောင်း | ဓမ္မာရုံ | ဥပုဒ်ဇရပ် တွေမှာ
ဗုဒ္ဓါ နုဿတိ |မေတ္တာ ဘာဝနာများ ပွားများမယ်ဆိုရင် အချိန်ကို အကျိုးရှိရှိ
အသုံးချနိင်မှာ ဖြစ်ပါကြောင်းမေတ္တာ စေတနာနှင့် တိုက်တွန်း နှိုးဆော်မှု
ပြုလိုက်ရပါသည်။ ။
ရိုသေစွာဖြင့်
အကိုး အကား
မြန်မာ့ စွယ်စုံ ကျမ်း
Comments
Post a Comment