အိမ်မြှောင်ကျ နိမိတ် ၁၈ချက်
အိမ်မြှောင်ကျ နိမိတ် ၁၈ချက်
၁။ အိမ်မြှောင်ဟာ လူရဲ့ မျက်နှာပေါ်ကျခဲ့ရင် ပစ္စည်းတစ်ခုခုရတတ် ပါတယ်။
၂။ ကိုယ့်ရဲ့ ဦးခေါင်းပေါ်ကို ပြုတ်ကျခဲ့ရင် လက်ရှိ အခြေအနေထက် တိုးထက်လာတော့မယ်လို့ မှတ်ယူနိုင်ပါတယ်။
၃။ မေးစေ့ကို ထိမယ်။ ကျမည်ဆိုရင် ဂုဏ်သတင်း တိုးတက်ကျော်ကြားမယ်။
၄။ ကိုယ့်ရဲ့ နားပေါ်ကို ကျလျှင်သော် လည်းကောင်း၊ ထိမိလျှင်သော် လည်းကောင်း ရွှေငွေ ရတနာပစ္စည်း ရတတ်တယ်။
၅။ မျက်ခုံးပေါ်ဖြစ်စေ၊ မျက်လုံးပေါ်ကို ဖြစ်စေ အိမ်မြှောင်ကျခဲ့ရင် ငယ်ပေါင်း မိတ်ဆွေများနဲ့ ကြုံဆုံရမယ်။
၆။ နှာခေါင်း နှာယောင်ပေါ်ကို ကျခဲ့ရင် ရေမွှေး၊ မွှေးပျံသော ရနံရှိတဲ့ ပစ္စည်းများ ရတတ်ပါတယ်။
၇။ ပါးစပ်ပေါ် ကျခဲ့ရင် အရသာရှိတဲ့ အစာ အဟာရများကို စားသုံးရမယ်။
၈။ လည်ပင်းပေါ်ကို ကျခဲ့ရင် ကြံစည် လုပ်ကိုင်ထားသမျှ ကိုယ့်အလုပ်အကိုင် အကြံအစည်တို့ဟာ အောင်မြင်လိမ့်မယ်။
၉။ ရင်ဘတ် (သားမြတ်) ပေါ်ကို ကျခဲ့ရင် ကာမဆန္ဒတွေ ပြည့်ဝလိမ့်မယ်။
၁၀။ ရင်ဘတ် (သားမြတ်ကို မထိ) ပေါ်ကို ကျခဲ့ရင် ကာမဆန္ဒတွေ ပြည့်ဝလိမ့်မယ်။
၁၁။ ကျောကုန်းပေါ်ကို ကျခဲ့ရင် မြေယာ၊ ခြံ ဝင်တတ်တယ်။
၁၂။ ရင်ဘတ်ဘေး (နံစောင်း) ပေါ်ကို ကျလျှင် စီးပွားတိုးထက်မယ့် နမိတ်လက္ခဏာ ဖြစ်တယ်။
၁၃။ ခါးပေါ်ကို ကျလျှင် ဝတ်ကောင်းစားလှများ၊ ရရှိတတ်သည်။
၁၄။ ဖင် (စအို)ပေါက်နှင့် နီးကပ်စွာ အိမ်မြှောင်ကျလျှင် ဘေးဆိုး အန္တရာယ်များနှင့် တွေ့ရတော့မယ် နမိတ် ဖြစ်တယ်။
၁၅။ ပေါင်ပေါ်ကို ကျလာရင် စက်တပ်ယာဉ် ကိရိယာ ရတတ်ပါတယ်။ ဥပမာ- ကား၊ ဆိုင်ကယ် စသဖြင့်)
၁၆။ ဗူးခေါင်းပေါ်ကို ကျရင်တော့ စီးပွားပျက်တက်တယ်ဗျ။ အထူး သတိပြုမိဖို့ လိုတယ်။
၁၇။ မြေသလုံးသားပေါ် အိမ်မြှောင်ကျရင်လည်း အလုပ်အကိုင်များ ပျက်စီးရတတ်တယ်။
၁၈။ ခြေခုံပေါ်ကျခဲ့ရင်တော့ ခရီးများများ သွားရ၊ ထွက်ရတက်ပါတယ်။
Comments
Post a Comment