နှလုံးသားမှာ ဘုရားတည်ပါ..

 

နှလုံးသားမှာ ဘုရားတည်ပါ..
◻️◻️◻️◻️◻️◻️◻️◻️◻️◻️
အိမ်ဦးခန်းမှာ ဘုရားတည်ထားတဲ့ရည်ရွယ်ချက်က
နှလုံးသားထဲ ပြောင်းထည့်ဖို့ပါ..
ကျောင်းဦးခန်းမှာ တည်ထားတဲ့ဘုရားကလည်း
အဓိကရည်ရွယ်ချက်ကတော့ နှလုံးသားထဲ ပြောင်းထည့်ဖို့ပါပဲ..
ဒါကြောင့် သာသနာနဲ့တွေ့တုန်း
ဘုရားတရားနဲ့ နေရတုန်း
မိမိနှလုံးသားထဲမှာ ဘုရားတည်ပါ..
မိမိစိတ်ကို ရတနာစိတ်ဖြစ်အောင် ပြောင်းပေးပါ..
မိမိရဲ့နှလုံးသားကို ရတနာနှလုံးသားဖြစ်အောင် ပြောင်းပေးပါ..
"နမောတဿ"ဆိုတာ ပါးစပ်ကနေ အသံထွက်သွားပြီးရောဆိုတဲ့
သဘောနဲ့ ဘယ်တော့မှ မဆိုပါနဲ့..နှလုံးသားထဲရောက်အောင် လေးလေးနက်နက် အာရုံပြုပြီး နှလုံးသားထဲမှာ ကျန်ရစ်အောင် လုပ်ရမယ်.. အဲဒါ ဘုရားတည်တာပေါ့..
ဂုဏ်တော်တွေရွတ် ပွားများတဲ့အခါမှာလည်း
နှလုံးသားထဲရောက်သည်အထိလေးလေးနက်နက် အာရုံပြုပြီးမှ ဆိုရတယ်..
အဲသလို နှလုံးသားထဲရောက်သွားရင် ဘုရားတည်တာပဲ..
မြေကြီးပေါ်မှာတည်ထားတဲ့ဘုရားကလည်း အာရုံမပြုရင်
ဘုရားက ကိုယ့်ကို ဘာလုပ်ပေးမှာမှတ်လို့..
အိမ်ဦးခန်းမှာတည်ထားတဲ့ဘုရားကလည်း ကိုယ့်စိတ်ထဲ အာရုံမပြုရင် ဘာလုပ်ပေးမှာမှတ်လို့..
ကိုယ့်နှလုံးသားထဲမှာ ဘုရားတည်ပေးမှ
ဘုရားရဲ့စွမ်းအားဆိုတာ ရမှာပေါ့..
အဲတော့မှ ကိုယ့်နှလုံးသားဟာ အဖိုးတန်နှလုံးသား
ရတနာနှလုံးသား ဖြစ်မှာပေါ့..
မြေကြီးမှာ ဘုရားတည်တာဟာအရင်းအနှီးလည်း အများကြီးစိုက်ရတယ်..
ငွေလည်းအများကြီး စိုက်ရတယ်..ကိရိယာတန်ဆာပလာတွေလည်း အများကြီးရှာဖွေစုဆောင်းရတယ်
နှလုံးသားမှာ ဘုရားတည်တာကကိရိယာတန်ဆာပလာတွေလည်း ဘာမှ မလိုဘူး..
အရင်းအနှီးလည်း ဘာမှ မလိုဘူး..တစ်ကယ့်ယုံကြည်တဲ့ သဒ္ဒါတရားလိုတယ်..
စွမ်းအားကို ထက်မြက်အောင် ကြည့်နိုင်သိနိုင်တဲ့ပညာ လိုတယ်..
အာရုံကို ထိထိမိမိ ပြတ်ပြတ်သားသား ပုံဖော်ပေးနိုင်တဲ့ သတိလိုတယ်..
အဲဒီ သဒ္ဓါ ပညာ သတိလောက် အရင်းအနှီးစိုက်ရင်
နှလုံးသားမှာ ဘုရားတည်လို့ ဖြစ်ပါတယ်...။

(တိပိဋကဓရ ယောဆရာတော်)


Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ