အဓိဌာန်ဝင်ပုံဝင်နည်း

 

အဓိဌာန်ဝင်ပုံဝင်နည်း

မည်သည့်အဓိဌာန်ကိုမဆို အကျိုးရှိအောင်
အဓိဌာန်ဝင်နည်း။
အဓိဌာန်ဆိုတာ မဝင်တတ်က "ပလိုင်းပေါက်နှင့်ဖားကောက်" နေသလိုဖြစ်ကာ ဝင်တာဝင်ပြီး အကျိုးမထူးဖြစ်တတ်၏။ ကိုယ်ဝင်လိုက်သည့် အဓိဌာန်ဟာ ကိုယ်၏ ခန္ဓာကိုယ်မှာတည်တံ့အောင် ခန္တာကိုယ်မှာ ပြန်ချုပ်ဖို့လို၏။ ရိုးရိုးချုပ်လို့မရပေ...သစ္စာနှင့်ချုပ်ရာ၏။

အဓိဌာန်ဝင်တော့မည်ဆိုရင်
ဂိုဏ်းဝင်ထားသောသူမဟုတ်ပါက အဓိဌာန်ဝင်တဲ့အတောတွင်းမှာ အရက်လုံးဝလုံးဝမသောက်ရပါ၊
ကာမပိုင်ရှိ၊ပိုင်ရှင်ရှိသူ ကိုပြစ်မှား၊စော်ကားမှုမပြုရ၊ (အမဲသား၊ကျွဲသား၊ဝက်သား) ရှောင်ကာကောင်း၏။ မရှောင်လည်းရပါ၏။

၁။ ငါးပါးသီလကိုတောင်းခံပါ၊တည်ဆောက်ပါ။

၂။ ရုပ်နာမ်(၂)ပါး၊ခန္ဓာ(၅)ပါးကို မြတ်စွာဘုရားအားလှူပါ။

၃။ ခင်ပွန်းကြီးဆယ်ပါးအား ကန်တော့ပါ။

၄။ မေတ္တာဘာဝနာစီးဖြန်းပါ။မေတ္တာပို့ပါ။ မေတ္တာဓာတ် ပြန်ခံယူပါ။

၅။ သစ္စာဆိုပြီး သစ္စာအဓိဌာန်ဖြင့်အလုပ်လုပ်ပါ။

သစ္စာဆိုပုံ -
"ကျွန်တော်/ကျွန်မ သည်
ဤနေ့၊ဤချိန်မှ စပြီး
(ဥပမာ) - သရဏဂုံ (၃)ပါးဖြင့် သရဏဂုံတစ်ပါးလျှင် ပုတီးတစ်လုံးချကာ ပုတီး(၃)ပတ်ဖြင့် ရက်(၃၀)တိတိ အား မြတ်စွာဘုရား ရှင်ကိုယ်တော်မြတ်ကြီးအား ရွတ်ဖတ်ပူဇော်ပါအံ့၊ခွင့်ပြုပေးတော်မူပါ အရှင်မြတ်ဘုရား။ ဤကျွန်တော်နေထိုင်ရာ နေရာမှာရှိကျသော အစောင့်ရှောင်နှင့်ဆိုင်ရာ ပုဂ္ဂိုလ်များကိုလည်း အသိပေးပန်ကြားအပ်ပါ၏။ခွင့်ပြုပေးကာ မည်သည့်အနှောက်ယှက်မှမရှိရလေအောင် ကူညီပေးတော်မူကျပါကုန်လော့" ဟု သစ္စာဆိုကာ အဓိဌာန်စဝင်ပါ။
ပုတီးစိပ်နေတဲ့အချိန်မှာ အတွေးပေါင်းစုံက ဝင်နေမှာပဲ၊ ဒါပေမဲ့တစ်လုံးထိ၊တစ်လုံးသိ အသိနဲ့စိပ်ပါ။ နောက်မှာပေါ်သည်များနောက်ကိုမလိုက်ပါနှင့်။ အသိနှင့်သတိကပ်ပြီးစိပ်ပါ။
အဓိဌာန်ပြီးက ကိုယ်ပြုတဲ့ကုသိုလ်အဖို့ဖို့အား ပြန်အမျှဝေပါ။

၆။ အဓိဌာန်နောက်ဆုံးရက်မှာ ဤကဲ့သို့
သစ္စာဖြင့် ခန္ဓာကိုယ်မှာ ပြန်ချုပ်ပါလေ။
"ကျွန်တော်၊ကျွန်မ သည် (ဘယ်နေ့၊ဘယ်နေ့မှစပြီး
ဤကနေ့ထိ) (ဥပမာ) - သရဏဂုံ (၃)ပါးဖြင့် သရဏဂုံတစ်ပါးလျှင် ပုတီးတစ်လုံးချကာ ပုတီး(၃)ပတ်ဖြင့် ရက်(၃၀)တိတိ အား မြတ်စွာဘုရား ရှင်ကိုယ်တော်မြတ်ကြီးအား ရွတ်ဖတ်ပူဇော်ခဲ့ပါသည်။ ကျွန်တော်၊ကျွန်မ၏ မှန်ကန်သောသစ္စာစကားကြောင့် ဤ သရဏဂုံ (၃)ပါး၏ တန်ခိုးတော်၊ဟိတ်တော်များ ကျွန်တော်၊ကျွန်မ၏ ခန္ဓာကိုယ်မှာ ကိန်းအောင်းပြီး (လိုရာဆုတောင်း) ပြည့်ရပါလို၏။" ဟု ခန္ဓာကိုယ်မှာပြန်ချုပ်ပါလေ......


Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ