ပုတီးသမား နှင့် ဟိတ်တန်ခိုး သော့ချက်
ပုတီးစိပ်နည်းတွေ၊ ပုတီးစိပ် ဂါထာတွေ စတာတွေကတော့ မရိုးအောင် တွေ့နေကြရပြီမို့ အထူးတလည် မပြောလိုတော့။
ကျွန်ုပ် ပုတီးစိပ်သက်တမ်းတလျှောက်မှ အဓိက အနှစ်ချုပ်တွေ ဆွဲထုတ်ကာ ပြလိုသည်။
ပုတီးတစ်ပတ်ပြည့်၍ ပင်လယ်ကူး ခေါ် ပုတီးခေါင်း နေရာ ရောက် လျှင် အများစုက ကျော်သွားတတ်ကြသည်။ ဂါထာကို ပုတီးသိပ်ရန်ကား မဟုတ်။ သို့သော် ထို ပုတီးခေါင်း နေရာကို စိပ်၍ မိမိလိုလားသော ဆုတစ်ဆု တောင်းရန် ဖြစ်သည်။
ငွေကြေးသောကကြောင့် ပုတီးအဓိဋ္ဌာန်ဝင်နေတယ် ဆိုလျှင် ပုတီးခေါင်း နေရာရောက်လျှင် " ငွေကြေးသောကမှ အမြန်လွတ်မြောက်ပါစေ " သို့မဟုတ် "ငွေများ ဝင်ပါစေ" စသဖြင့် တစ်ခုခုပေါ့။
(2) မြောက်အရပ်မျက်နှာမူ စိပ်ပါ
တတ်နိုင်လျှင်/ အခွင့်ရေးရလျှင် မြောက်အရပ် မျက်နှာမူစိပ်ပါ။ မြောက် အရပ်ကား လျှို့ဝှက်ချက်များ ပြည့်နေ၏ ဓူဝံကြယ်သည် မြောက်အရပ်တွင်သာ ရှိ၏ လင်းပိုင် ဝေလငါး အစရှိသည်တို့ ခရီးဝေး ကူးခပ်လျှင် မြောက်အရပ် သံလိုက်စက်ကွင်း အတိုင်း ဦးတည်ကူးခပ်ကြ၏ ဘုရားရှင်တို့သည် မြောက်အရပ် ဦးခေါင်းပြုကာ ပရိနိဗ္ဗန်ပြုကြကုန်၏ တောင်တန်းကြီးများသည် မြောက်အရပ်ဗဟို့ပု တည်ရှိ၏
မြောက်အရပ်သည် သံလိုက်စက်ကွင်းများ ထွက်ပေါ်နေရာ အကောင်းဆုံး ညို့ဓါတ်တည်ရာလည်း ဖြစ်သည်။
မြောက်အရပ် မျက်နှာပြုလျှင် သမာဓိ ပိုအရမြန်တတ်၏
(3) မှန် ၄ မှန်ဖြင့် စိပ်ပါ
ပုတီးစိပ်လျှက် တတ်နိုင်သမျှ မှန် ၄ မှန်ဖြင့် စိပ်က အကျိုးပေးမြန်ကာ ပြည့်ဝစေပါသည်။
နေရာမှန် အချိန်မှန် ကျင့်စဉ်မှန် ဆုတောင်းမှန် ဖြင့် စိပ်ရန် အကြံပြုသည်။
(4)စည်းကောင်းစွာ ချပါ
ပုတီးမစိပ်မီ ဘုရားရှစ်ခိုး သီလယူ မေတ္တာပို့ အမျှဝေ ဆိုင်ရာပင့်ဖိတ် စသောပရိကံများ အပြင် နည်းတစ်ခုခုဖြင့် စည်းချပြီးမှ စိပ်ပါ။ လိုအပ်က စည်း ၃ ထပ် ချပါ။အပြင်လမိုင်းချည်း အာရုံစိုက်တတ်သည်။ တခါတရံ အထက်ပုဂ္ဂိုလ်များ စမ်းသပ်သော အတွင်းလမိုင်း လည်း လာတတ်သည်။
ကျွန်ုပ်ကိုယ်တွေ့များအနက်တစ်ခုအရ တစ်ခါက ပဲခူးရိုးမ တောတွင်းအစပ်ရှိ သီဟိုတစ်ထောင်ဝိဇ္ဇာအောင်မြေစခန်းရှိ ကမ္ဘာ့ကပ်ကျော် စံတော်ဝင်ရွှေစေတီလေး တွင် ကျွန်ုပ်တို့အဖွဲ့ ပုတီးစိပ် ကြသည်။
အတန်ကြာသော ဇရပ်သွပ်ပြားများသည် တဝုန်းဝုန်း တဒိုင်းဒိုင်း မည်ဟည်း ရိုက်ခတ်၏ လေပြင်းမုန်တိုင်း ကျနေသည့် အသွင်ဖြစ်၏
ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ ဆရာဦးထွန်းမြင့် က
" လေလမိုင်း ဝင်ပြီ။ စိတ်ကိုစုစည်းထား မပျက်စေနဲ့။ သမာဓိ ထပ်တင်" ဟု သတိပေးမှ ကျွန်ုပ်လည်း ထိုင်ရမလို ထရမလို ဖြစ်နေရာမှ အသိဝင်ကာ ကြိုးစားနိုင်ခဲ့သည်။
မကြာ လူသေကောင်အပုပ်နံ့လို ထောင်းကနဲ မွှန်ထူအောင် ရလာသည်။
ဧရာမ လိပ်ပြာအနက်ကြီး တစ်ကောင်ကလည်း စေတီမှာ လာနားသည်။
စည်းသုံးထပ်ချပြီးမှ ပုတီးစိပ်ကြခြင်း ဖြစ်သည်။ အပုပ်နံ့ ဝင်လာစရာ အကြောင်းမရှိ။ မကောင်းမိစ္ဆာ မဝင်နိုင်။ သို့ဆို ဘာကြောင့် ဒီလို ဖြစ်ရ သနည်း။
နောင်တွင်သိရသော အဖြေအရ အပြင်ကလာသော အနှောင့်မဟုတ်။ အတွင်းကလာသော အထက်ကစမ်းသော အနှောင့်သာတည်း။
(5) ချုပ်ပါ
တစ်နေ့ တစ်နေ့ စိပ်ခဲ့တဲ့ ပုတီး။ လ နှစ် ကြာမျှ စိပ်ခဲ့တဲ့ ပုတီး။ ဒီကောင်းမှု ဒီစွမ်းအားတွေ store လုပ်ထားဖို့ တစ်နေ့တာ ပုတီးစိပ်ပြီး က ပုတီးကို လက်နှင့် အုပ်ကိုင်ကာ အင်းချလျှင် ရွတ်ဆိုသော အချုပ်ဂါထာဖြင့် ၇ ခေါက်/ ၉ ခေါက် အုပ်မန်ူကာ အစွမ်းတွေ ချုပ်ထားပါ။
အချုပ်မန္တန်
---------------
( ဥုံ ဗုဒ္ဓံချုပ် ဓမ္မံချုပ် သံဃံချုပ် မာတာပိသုချုပ် အာစရိယံချုပ် ဗြဟ္မာ ချုပ် ဒေဝါချုပ် ယက္ခချုပ် ချပ် ဆရာချုပ် )
(6) ဟိတ်စုစည်းရန် နှလုံးသွင်းပါ
ပုတီးစိပ်ကိစ္စ အားလုံးပြီးသော် မေတ္တာပို့ အမျှဝေ ဆိုင်ရာပြန်ပို့ ပြီးသော် မထပါနဲ့အုံး။ စကြာဝဋ္ဌာ၌ ပျံ့လွင့်နေသော ဘုရားရှင်၏ ဂုဏ်တော်ဓါတ်များ/ အထက်ဝိဇ္ဇာသူတော်ကောင်းတို့၏ ဝိဇ္ဇာဓါတ်များ သည် ကျွန်ုပ်ရှိရာ စုရုံးရောက်ရှိလာပြီ။ ( စိတ်မျက်လုံးဖြင့်လည်း အလင်း တန်းများ ကွန့်မြူး ရောက်ရှိ ရစ်ဝဲနေတာ အာရုံပြု )
ထိုနောက် ထို အလင်းတန်းဓါတ်များသည် ကျွန်ုပ်၏ ငယ်ထိပ်ကတဆင့် စီးဝင်လာပြီ။ သွေားသားအကြောချင်တို့က တဆင့် တကိုယ်လုံး ပျံ့နှံ့ စီး ဝင်နေပြီ။ အလင်းဓါတ်တွေကလည်း တကိုယ်လုံး စီးဝင်နေတာကို စိတ် အာရုံပုံဖော် အာရုံညွှတ်ထားပါ။
Auto Suggestion ပေါ့။
စိတ်ထက်သန်အာူကောင်းမှု စူးစိုက်နိုင်မှု Concentration ကောင်းရင် ကောင်းသလို ထူးခြားသောရသ တစ်မျိုးကို လက်ငင်း ကြုံရမည်။ တစ်ယောက်နဲ့ တစ်ယောက်တော့ အခြေနေမတူနိုင်။
အလင်းဓါတ်များ တကိုယ်လုံးစီးဝင်ခဲ့သော် ကျွန်ုပ်အတွေ့ကြုံ အရက တော့ ထူးဆန်းသော အအေးဓါတ်နှင့်အတူ ကြက်သီးထခြင်း။ သိမ်မွေ့ ရှင်းပြရခက်သော ကြည်နူးမှု ( ထူးခြားသော ပီတိတစ်မျိုး ) ကို သိသာစွာ ခံစားရပေမည်။
သို့သော် ဤဖေါ်ပြချက်မှာ ကျွန်ုပ်အတွေ့ကြုံသာ ဖြစ်၍ အခြားတစ်ယောက်က အခြား ခံစားမှု တစ်မျိုးမျိုး ခံစားရနိုင်ပါသည်။ ပါရမီ အတိတ်ကံ စရဏ အထုံ ကွာဟမှုက တစ်ယောက်နှင့် တစ်ယောက် ကို အတွေ့ကြုံ ကွာခြားစေနိုင်ပါသည်။
ဤ သို့ ဖြစ်ဖန် ကျင့်ဖန်များလတ်သေည် ဟိတ်တန် ခိုးများ ပြည့်ဝလာမည် ဖြစ်ပါသည်။
ဘာသာရေးကျင့်စဉ်ကို သိပ္ပံရှုထောင့်မှ ချဉ်းကပ် စိတ်တန်ခိုးစွမ်းရည် ပေါင်းစပ်ကာ တင်ပြခြင်း ဖြစ်ပါတော့၏။
ဘာသာရေးဂရုမှာ လူတစ်ယောက်ကမေးထား
တယ်။ အကြားအမြင်ရချင်လို့ ဘယ်ဂါထာနဲ့
ပုတီးစိတ်ရမှာလဲတဲ့။ ပုတီးသမားတော်တော်
များများက အကြားအမြင်သမားတွေဖြစ်ကုန်
တာကိုမြင်တွေ့နေရလို့မေးတာ နေမယ်။
သာမာန်လူတစ်ယောက်က ဘုရားရှင်ရဲ့ဂုဏ်တော်
ဂါထာတွေထုံမွှန်းပြီး ပုတီးစိပ်အဓိဌာန်တွေဝင်
လာပြီဆို သိုက်ဆက်၊ နတ်ဆက်၊ ဓတ်ဆက်ဆိုတဲ့
အဆက်သုံးပါးနဲ့ကြုံတွေ့လာနိုင်ပါတယ်။
သိုက်ဆက် ~~~
သိုက်ဆိုတာ သဒ္ဓါလွဲအစွဲကြီးသူတို့ဖြစ်ရာဌာနေ။
အဇာတသတ်မင်းကြီး ဓါတ်တော်တိုက်ထဲရွှေငွေ
ရတနာပစ္စည်းများထည့်သွင်းခြင်းက ဓါတ်တော်
ကိုအမှီပြုသာသနာပြန့်ပွားအောင်ပြုလုပ်ပေးမဲ့
ပုဂ္ဂိုလ်ကို ဓနအင်အားဖြင့်ထောက်ပံဖို့ရန်
ရည်စူးခြင်း။
အတွေးချော်သူတွေအဖို့ ဓါတ်တော်တိုက်ထဲရွှေ
ငွေရတနာပစ္စည်းများထည့်သွင်းခြင်းက ဘုရား
ရှင်အား ရည်စူးခြင်း။
ဘုရားရည်စူးထားလို့ အခြားလဲသုံးမရ။
စကြာဝတေးမင်းစည်းစိမ်တောင်စွန့်လွှတ်ထားတဲ့
ဘုရားရှင်အတွက်လဲအသုံးမဝင်။ တစ်ချိန်ချိန်
ဘာသာလူမျိုးခြားနဲ့ငရဲမကြောက်သူတို့ ခိုးယူဖို့
တော့ဆွဲဆောင်ထားနိုင်၏။
အလှူရှင်မှာလဲ ကိုယ်လှူထားတဲ့ရွှေငွေရတနာတွေ
ဘုရားရှင်ဆင်မြန်းထားတယ်ဆိုပြီး ပုံဖော်လို့လဲ
မသင့်လျော်။ ဒီဌာပနာထဲငါလှူထားတဲ့ရတနာတွေ
ရှိတယ်ဆိုတဲ့စွဲစိတ်နဲ့ တစ်ပါးသူယူဆောင်သွားရင်
ဆိုတဲ့မပြတ်စိတ်တွေနဲ့သေလွန်တော့ ကိုယ့်ဥစ္စာ
ကိုယ်ပြန်စောင့်နေရတဲ့ ဥစ္စာစောင့်ဘဝရောက်ရ
ရှာတယ်။
အချို့ သိုက်ထဲမှာအနေကြာငြီးငွေ့၊ စွဲစိတ်လဲကုန်
ကံလဲကုန်ပြီး လူ့ဘဝရောက်လာတာတွေရှိတယ်။
သူတို့တွေကို သိုက်ဆက်ပြတ်လာခဲ့သူတွေလို့
ခေါ်ကြတယ်။ အချို့ လူ့ဘဝမှာကံဆက်ချင်လို့
ခွင့်ပန်ပြီးရောက်လာကြသလို မဖြစ်မနေပြန်လာ
ပါ့မယ်လို့သစ္စာပြုရောက်လာရသူတွေလဲရှိတယ်။
ထိုသိုက်ဆက်များဘုရားဂုဏ်တော်များထုံမွှန်းပြီး
စိတ်နှလုံးတည်ကြည်လာပြီဆို အမြင်ဓတ်၊
အကြားဓတ်တို့ရလာ၏။ ဒီလို မြင်ဖို့ကြားဖို့ကို
မိမိကိုအချိန်ပြည့်စောင့်ကြည့်နေတဲ့သိုက်တွင်း
သားတို့က ပြောပေးပြပေးနေခြင်းသာ။ အချို့က
မိမိတို့အကြောင်းဆက်ဖြင့် ၇-ရက်သားသမီး
ဟောပြောခိုင်းရင်း အလှူအတန်းနဲ့ဒါနကုသိုလ်
ဆက်ဖို့ သဘောရိုးနဲ့သိုက်တွင်းက ကူညီကြပေမဲ့
အချို့က မိမိတို့လူ စရဏအားအကျင့်သန်ပြီး
သံသရာမှအလွတ်ရုန်းမသွားစေရန်နှင့် သီလ၊
သမာဓိတွေမြင့်မားပြီး သိုက်တွင်းပြန်လာက
မိမိတို့အထက်အကြီးအကဲဖြစ်မှာ မလိုလားကြ၍
အမြင်အကြားတွေပေးကာ ကူညီသလိုနှင့်ဖျက်စီး
နေကြတဲ့ သိုက်တွင်းသားတွေလဲရှိတယ်။
ကိုယ်က ဒီလိုသိုက်တွေနဲ့လွတ်ကင်းခဲ့ရင်တော့
နတ်ဆက် ~ ~~
မိမိက အောက်နတ်တွေနဲ့အတိတ်သမိုင်းကြောင်း
ပတ်သက်မူ့လဲရှိမယ်၊ မိရိုးဖလာနတ်တွေနဲ့မျိုးရိုး
တော်စပ်မူ့လဲကြီးမားမယ်ဆိုရင် ထိုနတ်တွေမှ
တစ်ဆင့် အမြင်ဓတ်၊ အကြားဓတ်တို့ပေးလာကြ
လိမ့်မယ်။ အပြုသဘောနဲ့ကူညီနေတဲ့နတ်တွေ
ရှိသလို အကျင့်လမ်းကြောင်းတွေသွေဖယ်သွား
အောင်နှောက်ယှက်ကြတဲ့ အဖျက်လမိုင်းနတ်တွေ
လဲရှိကြတယ်။၂လုံး၃လုံးခေတ်ထနေတဲ့အချိန်က
ရဟန်းတော်တွေအကျင့်တရားဆုတ်ယုတ်ပျက်စီး
အောင် အကြား၊အမြင်နဲ့ဂဏန်းတွေပေးနေတာ
အဲ့လမိုင်းနတ်တွေပဲ။ ဝိဇ္ဇာအကျင့်လမ်းကြောင်း
ပျက်စီးအောင် အကြား၊အမြင်တွေပေးပြီးအသွင်
ယူဖျက်စီးနိုင်ကြတာလဲ သူတို့ပဲ။
ဓာတ်ဆက် ~~~
မိမိရဲ့အတိတ်က ဝိဇ္ဇာတွေကိုကူညီပတ်သက်ခဲ့ဖူး
ခြင်းနဲ့ကိုယ်တိုင်က ဝိဇ္ဇာမျိုးစေ့ရှိခဲ့မယ်ဆိုရင်
မိမိနဲ့ဆိုင်ရာ ဝိဇ္ဇာဘိုးတော်တို့ရဲ့အကြား၊အမြင်
ပေးပြီး အကျင့်စခန်းတွေပြီးမြောက်နိုင်ကြတယ်။
ထိုအဆက်သုံးမျိုးကြောင့်ပဲ ပုတီးစိပ်ရင်အကြား
အမြင်တွေဖြစ်ပေါ်လာတာ။ ဒါတွေက သူတစ်ပါး
ပြောပေးပြပေးလို့ရလာတဲ့အကြားအမြင်တွေ
ကိုယ်ပိုင်အစွမ်းနဲ့ကြားချင်မြင်ချင်ရင်တော့
သမထကိုအဘိညာဥ်ထိပေါက်မြောက်အောင်
အားထုတ်ရင်ရရှိလာပါလိမ့်မယ်။
ဒါက အကြားအမြင်နဲ့ပတ်သက်တဲ့ဗဟုသုတပါ။
#ပညာဒီပါ ရသေ့
Comments
Post a Comment