Angelic Numbers

 

Angelic Numbers
 ဂဏန်းအပူးတွေကိုပဲ ရုတ်တရက်မထင်မှတ်ဘဲခဏခဏ
​မြင်ဖူးကြလား ။အဲလိုဂဏန်းအပူးလေးတွေကို Angelic numbers လို့ခေါ်ပါတယ်
1:11/2:22/
11:11/ 22:22/ 3:33.....ခဏခဏ​တွေ့ဖူးကြတယ်မလား။
အထူးသဖြင့် Digital Clock တွေမှာတွေ့ရသလို
ကား license ပြားတွေ မှာလဲ အမှတ်မထင်တွေ့ရတတ်တယ်။နာရီတွေမှာပဲ တွေ့ရတာမျိုးမဟုတ်ပဲ ဖုန်းနံပါတ်တွေ ကားနံပါတ်တွေ မှာလဲ တွေ့ရပါတယ်နော်
အမှတ်မထင်တွေ့တဲ့ အချိန်မျိုးပါနော်
တမင်စောင့်ကြည့်နေတာမျိုးတော့မရဘူးပေါ့နော်
ရုတ်တရက်ကြည့်လိုက်တဲ့ အချိန်မှာ 11:11 ဖြစ်နေတာ၊ 1:11 ဖြစ်နေတာ၊ 22:2, 22:22, 3:33 ….
ရုတ်တရက် မထင်မှတ်ဘဲနဲ့ မြင်ရတဲ့ အချိန်ကိုပဲ နိမိတ်ပြတယ်သတ်မှတ်တာပါ။
အဲဒီတော့ ဘာလို့ ဒီ 1111, 2222 တွေကို ထပ်ခါတလဲလဲ မြင်တွေ့နေရတာလဲ?
ဆိုတော့ ကိုယ့်ရဲ့ ကိုယ်စောင့်နတ်
ကိုယ့်ရဲ့အစောင့်အရှောက် က ကိုယ့်ကို နိမိတ်စကား / သတိပေးချင်တာမျိုး / ဒါမှမဟုတ် သူစောင့်ရှောက်နေတာကို သိစေချင်တာမျိုး တွေမှာ တွေ့ရတတ်ပါတယ်
ပြောရမယ်ဆို နိမိတ်ပေးတာမျိုးပေါ့
ဂဏန်းပူးတွဲတွေကိုမကြာခဏမြင်ရပြီ
ဆိုရင်အဲ့ဒီအရာဟာကိုယ့်ရဲ့ကိုယ်စောင့်နတ်
ကိုယ့်ရဲ့အစောင့်အရှောက်ကကိုယ့်ကိုကိုတခုခု နိမိတ်ပြနေ​ပြီဆိုတာပါပဲ
✨111 / 1111 ✨
မကြာခင် မင်းလိုချင်တာတွေ ဖြစ်ချင်တာတဲ့ဆုတောင်းတွေ ပြည့်တော့မယ် ဆိုတဲ့နိမိတ်ပါ။
✨222 / 2222 ✨
အခုအချိန် မှာ မင်းဟာ မှန်ကန်တဲ့လမ်းကြောင်း
တစ်ခုပေါ်မှာရှိနေပါ ဘဝရည်မှန်းချက်တွေ အကောင်အထည်ဖော်လုပ်ကိုင်အကောင်းဆုံးပါပဲ ဆိုတဲ့ နိမိတ်ပါ။
✨333 / 3333 ✨
မင်း စိတ်မဝင်စားလို့ပဲ ဖြစ်ဖြစ်ဘယ်အရာကိုမှမျက်ကွယ်ပြုမထားသင့်တဲ့ အချိန်ပဲ။ ဘာကြောင့်လဲဆိုတော့ အရာရာအားလုံးဟာသင့်အပေါ် အကျိုးသက်ရောက်မှုရှိနေမယ့်အချိန်ပါ။
မင်းကိုစောင့်ရှောက်နေတဲ့ အစောင့်အရှောက်တွေရှိတယ်ဆိုတဲ့နိမိတ်ပါ။
✨444 / 4444 ✨
ကိုယ်ပြုသမျှကံဟာ ကိုယ့်ထံ
ပြန်ရောက်လာမည့်အချိန်​ရောက်နေပြီ ဆိုတဲ့နိမိတ်မလို့
ကောင်းတာလေးတွေလုပ်ပေးရမယ့်အချိန်ကာလပါပဲ။
✨555 / 5555✨
ကြီးမားတဲ့အပြောင်းအလဲတွေ ဘဝမှာ
ကြုံတွေ့လာရပါလိမ့်မယ်။ကောင်းခြင်း ၊ ဆိုးခြင်း
အရာထဲမှ ကြုံရမယ့်အရာကို စောင့်မျှော်နေရမယ့် နိမိတ်ပါ။
✨666 / 6666 ✨
လုပ်ကိုင်နေသမျှအရာရာအားလုံးကို အချိန်ပေးပြီးလေးနက်စွာ
ပြန်လည်ဆင်ခြင် သုံးသပ်ဖို့အချိန်ရောက်ပြီဆိုတဲ့ နိမိတ်ပါ။
✨777 / 7777 ✨
ဘယ်လောက်ပဲအခက်အခဲတွေကြုံပါစေ
စိတ်ကိုတင်းပြီးကြုံတွေ့နေရသမျှကိုကြံ့ကြံ့ခံ
ထားရမယ့်အချိန်ပါပဲ။ ဒါနဲ့အတူ မကြာခင်မှာပဲ ကောင်းတာတွေရောက်လာတော့မယ်ဆိုတဲ့ နိမိတ်ပါ။
✨888 / 8888 ✨
ယခုအချိန်ဟာ ကိုယ့်ဘဝဖြစ်တည်မှုလမ်းကြောင်းမှန်ပေါ်ကိုရောက်ရှိနေတဲ့အချိန်ပဲဖြစ်ပါတယ်။
ကြွယ်ဝမှု ၊ ပြည့်စုံမှုတွေခံစားရပါလိမ့်မယ်။
လက်ရှိအခြေအနေလေးကိုထိန်းသိမ်းရမယ့် နိမိတ်ပါ။
✨ 999 / 9999 ✨
ကိုယ့်ဘဝကံတစ်ခုအဆုံးသတ်ပြီး
ဘဝကံတစ်ခုအစပြုရပါလိမ့်မယ်။
အဆိုးတွေမှလွတ်ကင်းက အကောင်းတဖန်ပြန်လည်ရောက်ရှိလာတော့မယ်ဆိုတဲ့ နိမိတ်ပါ။
✨ 000 / 0000 ✨
ကိုယ့်ကိုစောင့်ရှောက်နေတဲ့ ပုဂ္ဂိုလ်က သင်ဟာ
အရာရာဟာမကြာခင်အသစ်အစပြုချိန်ရောက်တော့မယ်ဆိုတာကို ​ပြတဲ့ နိမိတ်ပါ။
✨1010 ✨
ကိုယ်မှန်တယ်ထင်တာကိုသာလုပ်ပါ။
ကိုယ့်ကိုကိုယ် ယုံကြည်ပါလို့ ပြတဲ့ နိမိတ်ပါ။
✨ 1212 ✨
မင်းလုပ်နေတဲ့အရာတွေကိုယုံကြည်ပါ။
သံသယမဝင်ပါနဲ့လို့ ပြောချင်တဲ့ နိမိတ်ပါ။
✨ 2112 ✨
အဆိုးမြင်နေတာတွေကို လျှော့လိုက်ပါ။
မင်း ဖြစ်ချင်တာတွေမကြာလင် ဖြစ်လာမှာပါ လို့ ပြတဲ့ နိမိတ်ပါ။


Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ