စ ဓ ဗ ဝ ဂါထာတော်အကြောင်း သိကောင်းစရာ
===========================
စက္ခုမာ စရမာစိဏ္ဏော၊ ဓမ္မညူ ဓမ္မသာမိကော။
ဗလူပေတော ဗလဓရော၊ ဝရဒေါ ဒေတု မေ ဝရံ။
စရံ -
စရဏတရား တစ်ဆယ့်ငါးပါးကို!
အာစိဏ္ဏော -
အမြဲမပြတ် လေ့ကျင့်တော်မူအပ်ပြီးထသော!
ဓမ္မညူ - တရားအားလုံးကို သိမြင်တော်မူပြီးထသော!
ဓမ္မသာမိကော - တရားပိုင်ရှင် ဖြစ်တော်မူပေထသော !
ဗလူပေတော -
ဥာဏ်တော်အင်အား ဆယ်ပါးနှင့်လည်း ပြည့်စုံတော်မူပေထသော !
ဗလဓရော -
ကိုယ်တော်အင်အား ဆယ်ပါးကိုလည်း ဆောင်တော်မူထသော !
ဝရေဒါ -
မြင့်မြတ်သမှု နိဗ္ဗာန်ဆုကိုလည်း ပေးတော်မူတတ်သော မြတ်စွာဘုရားသည် !
မေ - တပည့်တော်အား !
ဝရံ -ကောင်းကျိုးစုစု မြတ်သောဆုကို !
ဒေတု - လျင်စွာမနှေး ပေးသနားတော်မူပါ့အရှင်ဘုရား။
...................................................................
ဤဂါထာသည် ဘုရားဂုဏ်တော်များကို ဖွဲ့ဆိုထားပြီး ထိုဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူသော ဘုရားရှင်အား ကောင်းမြတ်သောဆုကို ပေးသနားရန် လျှောက်ထားသော ဂါထာဖြစ်သည်။
``စက္ခု မာ,ဓမ္မညူ ,ဗလူပေတော , ဝရဒေါ - ဟူသော ဂါထာလေးပါဒ၏အစပုဒ်၌ ပါရှိသော အက္ခရာလေးလုံးကို ကောက်ယူ၍ ``စ-ဓ-ဗ-ဝ ဂါထာ´´ဟူ၍ အတိုကောက်ခေါ်ကြသည်။
--------------------------------------------------------
စ ဓ ဗ ဝ ဟူသော စမ အင်းများကို
ဘုရားစေတီများတွင် ပူဇော် ရေးထိုးထားသလို ..
လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး၏
အထက် ပန်းဆွဲတွင်လည်း ရေးထိုးထားပါသည်။
စ ဓ ဗ ဝ ဂါထာဖြင့် အဓိဋ္ဌာန်ပုတီးများ စိပ်ကြသလို
အလွန်အောင်မြင်မှု့ရသော ဂါထာတစ်ပုဒ်လည်းဖြစ်ပါသည် ။
စ ဓ ဗ ဝ ၏ ဂါထာ မြန်မာပြန် အနက်ကိုလည်း
သိရှိသူအများအပြား ရှိခဲ့ကြပါသည်။
သို့ သော် ...,
စ ဓ ဗ ဝ ဟု အတိုကောက် ရေးထားသော အင်း စမများ၏
အဓိပ္ပါယ်ကို ဗဟုသုတဖြစ်ဖွယ် တင်ပြပေးချင်ပါသည် ။
စ .... အက္ခရာသည်..
ယခု့ ပွင့်တော်မူမည့် အရိမေတ္တယျ ဘုရားလောင်း
စကြာမင်းအားရည်စူး၍၎င်း..
ဓ... အက္ခရာ သည်..
ဂေါတမဘုရား မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီ (၅) ဦးတို့အား
ဓမ္မစကြာ တရားဦးဟောတော်မူရာတွင် လူမျိူး (၁၀၁)
ပါး (၇) ရက် သားသမီးများကိုပါ ထပ်တူထပ်မျှ
တရားများ ပွားစေရန်ရည်ရွယ်၍၎င်း ..
ဗ... အက္ခရာ သည် ...
ဂေါတမ မြတ်စွာဘုရားအား ဗြဟ္မာမင်းသည်
ပဒုမ္မာကြာသင်္ကန်းကို ကပ်လှူခြင်းဖြင့်
လူမျိူး (၁၀၁) ပါး (၇) ရက်သားသမီးများပါ
အလှူဒါနအကျိူး ပြီးမြောက်ရရှိစေရန် ရည်ရွယ်၍၎င်း ....
ဝ....အက္ခရာ သည် ...
ဝိဇ္ဇာရှစ်သောင်း ဆရာအပေါင်း ..
ရသေ့ရှစ်သောင်း ဆရာအပေါင်းတို့မှ
စောင်မ ကြည့်ရှု့စောင့်ရှောက်ခြင်းကို ရည်ရွယ်၍၎င်း ...
စမကြီးလေးလုံး၏ ရည်ညွန်းချက်ကို
ဗဟုသုတအဖြစ် တင်ပြပေးလိုက်ပါသည် ။
----------------------------------------------------------
((တစ်နည်း))
***စ-ဓ-ဗ-ဝ***
ဥဒေါင်း ဝံ
ပုစွန်နှင့် ငါး။ ။
မြီးကိုယ်မှာ ပေါ် - စမကို
သုံးကြ လူများ။ ။
(ရှေးစာ)
~~~~~~~~~~~~
-> ငါးရံ့အမြီးတွင် စ-လုံး အက္ခရာ။
-> ဥဒေါင်းအမြီး (ဒေါင်းမြီးကွက်) တွင်
ဓ-အောက်ချိုင့် အက္ခရာ။
-> ပုစွန်၏ ကိုယ်တွင် ဗ-ထက်ချိုင့် အက္ခရာ။
-> ဝံသတ္တဝါ၏ချက်တွင် ဝ-အက္ခရာ။
၎င်းတို့မှာ ကမ္ဘာဦးသတ္တဝါများ ဖြစ်ပြီး
အက္ခရာလေးလုံး စ-ဓ-ဗ-ဝ တို့မှာ ကမ္ဘာတည်သရွေ့
မပျောက်မပျက်နိုင်သော အက္ခရာများ ဖြစ်သဖြင့်
ယင်းအက္ခရာလေးလုံးကို ဆေး, အင်း, မန္တန်, အဆောင်များအဖြစ်
စီရင်သုံးလျှင် သိဒ္ဓိပေါက်နိုင်သည်ဟု ယူဆကြသည်။
ရှေးက ပါဠိပညာရှိများကလည်း စာတလုံးစီကို တစ်ပါဒပြု၍ ဘုရားရှိခိုးဂါထာကို စီကုံးခဲ့ကြလေသတည်း။

Comments
Post a Comment