ကျိန်စာ(၁၃) မျိုး
ကျိန်စာ(၁၃) မျိုး
၁) အမျိုးသမီး ကျိန်စာ
၃) အာစရိယ ကျိန်စာ
၄) မြွေ ကျိန်စာ
၅) သက်ကြီးရွယ်အို ကျိန်စာ
၆) နွား ကျိန်စာ
၇) ပထဝီမြေကြီး ကျိန်စာ
၈) မြစ်ရေ ကျိန်စာ
၉) သီးပင် ကျိန်စာ
၁၀) နတ်များ ကျိန်စာ
၁၁) ပုဂ္ဂိုလ်မြတ်များ ကျိန်စာ
၁၂) ဘိုးတော် ကျိန်စာ
၁၃) ရိုးရာနတ် ကျိန်စာ
၁) အမျိုးသမီး ကျိန်စာ
ဤကျိန်စာ ဖြစ်ရခြင်းအကြောင်းရင်းက အမျိုးသမီးများကို သွေးဆောင်လှည့်ဖြားခြင်း၊ မွေးချင်းညီအစ်မများပေါ် မခန့်လေးစား ပြုမူခြင်း၊ မိမိ၏ ဇနီးဖြစ်သူကို တာ၀န်မယူဘဲ လက်လွှတ်ခြင်း ကြောင့်ဖြစ်သည်။
အမျိုးသမီးကျိန်စာ မိပါက မျိုးရိုးစဉ်ဆက် ပျက်တတ်သည်။
၂) သေသူ ကျိန်စာ
အသက်မဲ့နေသော လူသားခန္ဓာကိုယ်ကို ထားကာ ထိုသူကိုပြစ်တင်ပြောဆိုခြင်း၊ ထိုခန္ဓာကိုယ်အား ကျော်ဖြတ်သွားလာခြင်း၊ မီးရှီု့သဂြိုလ်ခြင်း ကိစ္စရပ်များက်ို မပေးလုပ်ဘဲ ဟန့်တားခြင်း၊ ကျန်ရစ်သူ မိသားစုများကို ရုပ်ကလပ်အား ပေးမတွေ့စေခြင်းကြောင့် ဤကျိန်စာဖြစ်ရခြင်းဖြစ်သည်။
သေသူ ကျိန်စာကြောင့် အသက်တိုနိုင်သည်။
၃) အာစရိယ ကျိန်စာ
မိမိကို ပညာသင်ကြားပေးသော ကျေးဇူးရှင်ဆရာသမားများကို မေ့လျော့ခြင်း၊ သင်ကြားထားသော ပညာများကို မသမာသော နည်းလမ်းမှာ အသုံးပြုခြင်း၊ ကိုယ်တတ်မြောက်ထားသော ပညာရပ်များကို တပါးသူအား ပြောပြခြင်းမရှိဘဲ ဖုန်းကွယ်ခြင်း။ ဤသို့သော အကြောင်းရင်းများကြောင့် ကျိန်စာဖြစ်နိုင်သည်။
အာစရိယ ကျိန်စာကြောင့် စာပေ ပညာမတတ်ဘဲ ဖြစ်နိုင်သည်။
၄) မြွေ ကျိန်စာ
မြွေများကို မသက်သင့်ဘဲ သက်၍ ဖြစ်စေ၊ ၄င်းတို့၏ တည်နေရာအား ဖြိုဖျက်သည်ဖြစ်စေ ဤကျိန်စာကို ရရှိစေနိုင်ပါသည်။
မြွေ ကျိန်စာကြောင့် မိမိ၏ မင်္ဂလာရပ် ကိစ္စများကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။
၅) သက်ကြီးရွယ်အို ကျိန်စာ
ဘ၀တစ်ပါးသို့ ကူးပြောင်းသွားပြီဖြစ်သော သက်ကြီးရွယ်အိုများကို တစ်နှစ်တစ်ခါ ရက်လည်ပြုလုပ်ပေးခြင်း၊ အမျှပေးဝြေခင်းများကို မေ့လျော့ခြင်း၊ မိခင် ဖခင် ၊ အဖိုး အဖွားများအား မခန့်လေးစားပြုမူခြင်းနှင့် အရေးတယူပြုမူဆက်ဆံခြင်းများ မပြုလုပ်ခြင်းကြောင့် ဤကျိန်စာကို သက်ရောက်စေပါသည်။
သက်ကြီးရွယ်အို ကျိန်စာကြောင့် မျိုးရိုးစဉ်ဆက်တွင် သားယောကျာ်းလေး မမွေးဖွားခြင်း၊ မွေးပါကလည်း အသက်တို၍ ဆုံးပါးခြင်းများဖြစ်တတ်ပါသည်။
၆) နွား ကျိန်စာ
ကျေးဇူးရှင်တမျိုးဖြစ်သော နွားမများကို ကန်ခြင်း၊ နို့တိုက်နေသော နွားမအား သက်ရန်ပေးခြင်း၊ နွားမနှင့် သူ့ကလေးအား ခွဲထုတ်ခြင်း၊ ရေဆာနေသော နွားမအား ရေမတိုက်ခြင်း များပြုလုပ်ပါက ဤကျိန်စာသင့်ပါသည်။
နွား ကျိန်စာကြောင့် မိသားစုတွင်ဖြစ်စေ၊ မျိုးရိုးစဉ်ဆက်တွင်ဖြစ်စေ တိုးတက်မှု မရှိဘဲဟန့်တားစေနိုင်သည်။
၇) ပထဝီမြေကြီး ကျိန်စာ
ဒေါသစိတ်ဖြင့် မြေကြီးအား ခြေထောက်ဖြင့် ဆောင့်အောက်အောက်ပြုလုပ်ခြင်း၊ ပလက်စတစ်အိတ်များကို ထည့်၍ မြှုပ်နှံခြင်း၊ အသုံးမလိုဘဲ မြေတွင်း တူးခြင်းများ၊ သူတစ်ပါး၏ မြေယာပိုင်များကို ခိုးယူခြင်း ကြောင့် ဤသို့သော ကျိန်စာသင့်ပါသည်။
ပထဝီမြေကြီးကျိန်စာကြောင့် ငရဲတွင်အဆင်းရဲကြီးခြင်းမျိုးကို ရရှိတတ်ပါသည်။
၈) မြစ်ရေ ကျိန်စာ
အများသုံးဖို့ရန်ရေအား မပေးသုံးဘဲ ပိတ်ပင်ခြင်း၊ စီးဆင်းနေသော ရေတွင် မစင်နှင့် ညစ်ညမ်းသော ပစ္စည်းများစွန့်ပစ်ခြင်းသည်လည်း ဤသို့သော ကျိန်စာသင့်ပါသည်။
မြစ်ရေ ကျိန်စာကြောင့် ရေတွင်းတူးသော်လည်း ရေမရနိုင်ပါ။
၉) သီးပင် ကျိန်စာ
အပင်များ ခုတ်ထွင်ခြင်း၊ သီးပွင့်ပေးသော အပင်အား မထိတထိ ခုတ်ထစ်ခြင်း၊ အပင်လိုက် မီးလျိူ့ခြင်း၊ အပင်များများပေါက်နိုင်သော နေရာတွင် နေအိမ်များ ဆောက်လုပ်နေထိုင်ခြင်းကြောင့်လည်း ဤ ကျိန်စာသင့်နိုင်သည်။
သီးပင် ကျိန်စာကြောင့် အကြွေးနှင့် ရောဂါထူပေါခြင်းများဖြစ်တတ်ပါသည်။
၁၀) နတ်များ ကျိန်စာ
ဘုရားကို ပူဇော်ခြင်းအား တ၀က်တပြတ်ဖြင့် ရပ်တန့်ခြင်း၊ ဘုရားအား ပြစ်မှားပြောဆိုခြင်းကြောင့် ဤသို့သော ကျိန်စာကိုသင့်နိုင်ပါသည်။
နတ်များ ကျိန်စာကြောင့် ဆွေးမျိုးများနှင့် ပျက်တတ်ပါသည်။
၁၁) ပုဂ္ဂိုလ်မြတ်များ ကျိန်စာ
သူတော်စင် ပုဂ္ဂိုလ်များနှင့် ဘိုးတော်များကို နှိမ့်ချပြောဆိုခြင်းကြောင့်သင့်သော ကျိန်စာဖြစ်သည်။
ပုဂ္ဂိုလ်မြတ်များ ကျိန်စာကြောင့် မျိုးရိုးတုံးတတ်သည်။
၁၂) ဘိုးတော် ကျိန်စာ
မြေစောင့်နတ်နှင့် အခြားနတ်ကောင်းနတ်မြတ်များအား လေးစား၍ ၄င်းတို့တွက် ပြုလုပ်ပေးသင့်သော ပူဇော်မှုများကို မေ့လျော့ပါက ဤကျိန်စာသင့်ပါသည်။
ဘိုးတော် ကျိန်စာကြောင့် လုပ်မည့် မည်သည့်အလုပ်မဆို မအောင်မြင်နိုင်ပါ။
၁၃) ရိုးရာနတ် ကျိန်စာ
မိမိတို့၏ ဘိုးဘွားလက်ထက်တည်းက ပူဇော်ခဲ့သော ရိုးရာများကို ဆက်လက် ပူဇော်မှုမပြုလုပ်ခြင်းကြောင့် ဖြစ်သည်။ဤကျိန်စာကြောင့် မိသားစုတွင် ဘယ်သောအခါမှ ပျော်ရွှင်မှု မရှိနိုင်။းကြေကွဲ၀မ်းနည်းမှုများဖြစ်နိုင်ပါသည်။
ကျိန်စာသည် ကောင်းသော စိတ်ထားမြင့်မြတ်သူများကို ဘယ်သောအခါမှ မဖျက်ဆီးနိုင်ပါ။သို့သော် အချို့သူများလုံး၀ စိတ်ထဲမှာ နာကျဉ်းစွာဖြင့် ပြောသော ကျိန်စာမှာမူ များသောအားဖြင့် မရှောင်လွှဲနိုင်ပါ။
Comments
Post a Comment