ငါးမွေးတာကလည်း ဖုန်းရွှေအရ လာဘ်ခေါ်နည်းတစ်မျိုးပါပဲ
ငါးမွေးတာကလည်း ဖုန်းရွှေအရ လာဘ်ခေါ်နည်းတစ်မျိုးပါပဲ
အလှမွေးငါးကန်တွေက လှပမှုတွေနဲ့အတူ အေးချမ်းခြင်းကို ပေးစွမ်းနိုင်သလို ''ရေ'' သည် ကံကောင်းခြင်းတွေကို ဖိတ်ခေါ်ပေးတယ်လို့ ရှေးခေတ်ဖုန်းရွှေပညာရှင်များက သတ်မှတ်ထားကြတာဖြစ်ပါတယ်။ အလှမွှေးငါးကန်ကို အိမ်မှာထားတဲ့အခါ နေရာမှန်ဖို့လိုသလို '' ချီ '' ဓာတ်ဖြစ်သော ချမ်းသာခြင်းကို ရရှိနိုင်မှာဖြစ်ပါတယ်...
ငါးမွေးကန်များရဲ့ဓာတ်သဘောဖွဲ့စည်းမှုဖြစ်တဲ့...
👉 ရေဓာတ်
👉 သစ်သားဓာတ် (သစ်ပင်ကို သစ်သားဓာတ်အနေဖြင့်မှတ်ယူပါသည်)
👉 သတ္ထုဓာတ် (ငါးမွေးကန်၏ဘောင်တွင် သံ(သို့)အခြားသတ္ထုတစ်ခုခုရှိပါလိမ့်မည်)
👉 မြေဓာတ် (ငါးကန်ထဲရှိ ကျောက်တုံးငယ်ကလေးများကို ဆိုလိုခြင်းဖြစ်သည်)
👉 မီးဓာတ် (အဝါ၊ လိမ္မော်၊ အနီ နှင့် ရွှေရောင် ကဲ့သို့ ငါးကလေးများကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ငါးကန်အတွက် တပ်ဆင်ထားသော မီးအရောင်ကိုလည်း မီးဓာတ်အနေဖြင့် မှတ်ယူနိုင်ပါတယ်။)
ငါးကန်မထားသင့်သောနေရာတွေကတော့ အိပ်ခန်းနှင့် မီးဖိုခန်းတို့တွင် ဘယ်တော့မှ မထားသင့်ပါဘူး။ ငါးကန်က အိပ်ခန်းနှင့် မီးဖိုခန်းအတွင်းသို့ ၀င်ရောက်လာမယ့် ကောင်းသော ခွန်အားတို့ကို အဟန့်အတားဖြစ်စေပြီး မလိုလားအပ်သော ပြဿနာများကို ယူဆောင်လာတတ်ပါတယ်။
အလှမွေးငါးကန်ထားရန် အသင့်တော်ဆုံးနေရာကတော့ အိမ်ရဲ့အရှေ့တောင်အရပ်၊ မြောက်အရပ်နှင့် အရှေ့အရပ်တို့ပဲဖြစ်ပါတယ်။
ငါးကန်ကို အိမ်ရဲ့အရှေ့တောင်အရပ်တွင်ထားရှိမည်ဆိုပါက စတုရန်းပုံသဏ္ဌာန် (သို့) ထောင့်မှန်စတုဂံပုံသဏ္ဌာန် ငါးကန်ကိုထားသင့်ပါတယ်။
အရှေ့တောင်အရပ်တွင် အဝိုင်းပုံသဏ္ဌာန်ငါးကန်ကို ထားရှိလိုပါက အရွယ်အစားသေးငယ်သော ငါးကန်ကိုသာအသုံးပြုပါ။
အိမ်ရဲ့မြောက်အရပ်တွင် ငါးကန်ထားမည်ဆိုပါက စက်ဝိုင်းပုံသဏ္ဌာန်ငါးကန်ကို အသုံးပြုက အကောင်းဆုံးပဲဖြစ်ပါတယ်။
ငါးကန်က အိမ်ရဲ့စီးပွားရေးလုပ်ငန်းများ ပိုမိုကောင်းမွန်စေသလို ငါးများ မြူးလေလေ ငွေကြေးကံကောင်းလေလေ ဖြစ်ပါတယ်။
Comments
Post a Comment