အရဟံနဝင်း

 

အရဟံနဝင်း


မဟာဗောဓိမြိုင်ဆရာတော်ကြီးလောင်းလျာ မောင်ငြိမ်းဘဝတုန်းကပေါ့ ။ ကေလာသတောင်မှာ အဓိဋ္ဌာန်ဝင်နေတုန်း ရသေ့တစ်ပါးက အရဟံနဝင်းကျင့်စဥ်ကို အဓိဋ္ဌာန်ဝင်ဖို့ နည်းလမ်း လာပြောပြပါတယ် ။ ဒီအရဟံနဝင်းက အလွန်တန်ခိုးထက်တယ် ။ အလွန်လည်း ခရီးပေါက်မြန်တယ် ။ ဝိဇ္ဇာတိုင်း အားထားရသောပုတီးစိပ်နည်း ဖြစ်တယ်ဆိုပြီး ပြောပြသွားပါတယ် ။

အရဟံနဝင်း ကိုးချက်
၁ ။ သော ဘဂဝါ ဣတိပိ အရဟံ ၊
၂. ။ အရဟံ ဝတ သော ဘဂဝါ ၊
၃ ။ အရဟန်တံ သရဏံ ဂစ်ဆာမိ ၊
၄ ။ အရဟန်တံ သိရသာ နမာမိ ၊
၅ ။ အရဟံ ဝတ သော ဘဂဝါ ဣမဿ ဧဝရူပဿ ဒုက္ခဿ ပဟာနာယ ဓမ္မံ ဒေသေတိ ၊
၆ ။ အရဟံ မေ သုခံ ဒေတု ၊
၇ ။ အရဟံ မေ သီသေ တိဋ္ဌတု ၊
၈ ။ အရဟံ မေ သိဒ္ဓိကမ္မံ ဒေတု ၊
၉ ။ အရဟံ မေ ဇယံ ဒေတု ၊
နမော တေ ဗုဒ္ဓ ဝီရတ္ထု - ။

တစ်ချက်လျှင် ပုတီးတစ်လုံးစိပ် ။ ၉ ချက် × ၁၂ = ၁၀၈ လုံး ဖြစ်သွားပါတယ် ။ နေ့နံအလိုက် စိပ်နိုင်ပါတယ် ။ တနင်္ဂနွေနေ့မှာ တစ်ပတ် စသည်ဖြင့် ။

(မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ထေရုပ္ပတ္တိစာအုပ်မှ)

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ