သိဒ္ဓိ ( ၁၀ ) ပါး
သိဒ္ဓိ ( ၁၀ ) ပါး
၁။ ပီယ သိဒ္ဓိ
၂။ ဓန သိဒ္ဓိ
၃။ အာယု သိဒ္ဓိ
၄။ ပေယာဂ သိဒ္ဓိ
၅။ ကာယ သိဒ္ဓိ
၆။ ပထဝီ သိဒ္ဓိ
၇။ ဥဒက သိဒ်ဓိ
၈။ အာကာသ သိဒ္ဓိ
၉။ တေဇော သိဒ္ဓိ
၁၀။ အာဟာရ သိဒ္ဓိ
တို့ဖြစ်သည်။
(၁) ပီယ သိဒ္ဓိ
ပီယ သိဒ္ဓိဟူသည် (၇)
ရက်သားသမီးများဖြစ်သော လူ/နတ်/ဗြဟ္မာ/မိစ္ဆာ သတ္တဝါများက အလိုအလျောက် ရင်မှ
မွေးဖွားလာသော သားကဲ့သို့ ချစ်ခြင်းကို ပြီးမြောက်စေခြင်းဖြစ်၏။
(၂) ဓန သိဒ္ဓိ
ဓန
သိဒ္ဓိဟူသည်ရွှေငွေ/ရတနာ/ဥစ္စာဓန စသော အသုံးအဆောင်အမျိုးမျိုးတို့ မိမိအလိုရှိသောအခါ
တောင့်တတိုင်းပြီးစီးခြင်းပင်ဖြစ်၏။
(၃) အာယု သိဒ္ဓိ
အသက်ရှည်ခြင်း
အနာကင်းခြင်းပင်ဖြစ်သည်။
(၄) ပေယာဂ သိဒ္ဓိ
ပယောဂ သိဒ္ဓိဟူသည်
တစ်စုံတစ်ယောက်သောသူ၏ အတတ်ပညာ လုံ့လဝီရိယဖြင့် နှိပ်စက်ကလူပြု ခြင်းမှ
ကင်းဝေးခြင်းပင်ဖြစ်သည်။
(၅) ကာယ သိဒ္ဓိ
ကာယ သိဒ္ဓိဟူသည်
ခန္ဓာကိုယ်၌ဖြစ်ပေါ်တတ်သော ရောဂါဝေဒနာနှင့်ထိခိုက်ရှနာဖြစ်ခြင်း အမျိုးမျိုးတို့မှ ကင်းဝေးခြင်းပင်ဖြစ်၏။
(၆) ပထဝီ သိဒ္ဓိ
ပထဝီ သိဒ္ဓိဟူသည်
မြေကြီးအတွင်းသို့ဖောက်ထွင်းဝင်ရောက် သွားလာနိုင်ခြင်းပင်
ဖြစ်သည်။
(၇) ဥဒက သိဒ္ဓိ
ဥဒက သဒ္ဓိဟူသည်
ရေပေါ်တွင် မြေပြင်ပေါ်၌ သွားလာရဘိသကဲ့သို့ သွားလာနိုင်ခြင်းနှင့် ရေဘေးအန္တရာယ်မှ ကင်းဝေးခြင်းပင်ဖြစ်၏။
(၈) အာကာသ သိဒ္ဓိ
အာကာသ သိဒ္ဓိဟူသည်
ကောင်းကင်ပြင်တွင် မည်သည့်ယာဉ်အကူအညီတစ်စုံတစ်ခုမှ မပါရှိဘဲ သွားလာနိုင်ခြင်းနှင့် အာကာသရှိ ဂြိုလ်/
နက္ခတ်တာယာ/စကြာဝဋ္ဌာသို့သွားလာနိုင်ခြင်း-
စကြာဝဋ္ဌာ အတွင်းရှိ
ဂြိုလ်/နက္ခတ်တာယာတို့၏ အခြေအနေ အရပ်ရပ်တို့ကို ကောင်းစွာသိမြင်
ခြင်းပင်ဖြစ်၏။
(၉) တေဇော သိဒ္ဓိ
တေဇော သိဒ္ဓိဟူသည်
ပူခြင်း/အေးခြင်းဟူသော တေဇောဓာတ်၏သဘာဝဘေးဒုက္ခကို
ခံနိုင်ခြင်းပင်ဖြစ်၏။
(၁၀) အာဟာရ သိဒ္ဓိ
အာဟာရ သိဒ္ဓိဟူသည်
အစားအစာ အာဟာရကို မတောင့်တဘဲ ရရှိခြင်း-အာဟာရ မစားမသောက်ဘဲ နေနိုင်ခြင်း၊ မည်သည့်အာဟာရကိုမဆို စားသောက်သော်လည်း အန္တရာယ်မရှိခြင်းဖြစ်၏။
Comments
Post a Comment