စနေဂြိုဟ်၏ "ကွင်း"များ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ၏ မြင်ကွင်းမှ ခေတ္တကွယ်ပျောက်မည်
စနေဂြိုဟ်၏ "ကွင်း"များ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ၏ မြင်ကွင်းမှ ခေတ္တကွယ်ပျောက်မည်
စနေဂြိုဟ်ကို ဝန်းရံထားသည့် လူသိများထင်ရှားသော "ကွင်း"ကြီးများအား လာမည့် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာမှ ခေတ္တမျှတွေ့မြင်ရတော့မည်မဟုတ်ကြောင်း သုတေသီတိုက ကြိုတင်သတိပေးထားသည်။
ယင်း "ကွင်း"ကြီးများသည် အမှန်တကယ် ကွယ်ပျောက်သွားခြင်းမဟုတ်ပဲ ကမ္ဘာပေါ်မှ ရှုမှတ်သူတို၏ မြင်ကွင်းဝယ် မမြင်ရတော့ခြင်းသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စနေဂြိုဟ်သည် ၉ ဒီဂရီမျှတိမ်းစောင်းလျှက်အနေအထားဖြင့် နေကိုလှည့်ပတ်နေရာ၊ ၂၀၂၅ ခုနှစ်တွင် စနေဂြိုဟ်ကို ကမ္ဘာမှကြည့်ရှုပါက ယင်း၏ "ကွင်း"ကြီးများသည် ရေပြင်ညီမျဉ်းအတိုင်းရှိနေမည်ဖြစ်သဖြင့် ယခင်နှစ်များက ကဲ့သို ထင်ထင်ရှားရှား မြင်ရတော့မည် မဟုတ်ပေ။
ထိုသိုသောဖြစ်ရပ်မျိုးသည် ၂၀၂၅ ခုနှစ် မတ်လ ၂၃ ရက်တွင်ဖြစ်ပေါ်မည်ဟု သုတေသီတိုကဆိုသည်။ ယင်းဖြစ်စဉ်သည် ၁၃.၇ နှစ်နှင့် ၁၅.၇ နှစ်မျှကြာတိုင်း ဖြစ်နေကျဖြစ်စဉ်တစ်ခုဖြစ်ကြောင်း သိရသည်။
Comments
Post a Comment