"ဘေးရန်ကင်းပြီး နတ်များချစ်ခင်စောင့်ရှောက်စေသည့် အင်းတစ်ချပ်"

"ဘေးရန်ကင်းပြီး နတ်များချစ်ခင်စောင့်ရှောက်စေသည့် အင်းတစ်ချပ်"
လူ့ဘဝတွင် ဘေးရန်အမျိုးမျိုးကြုံကြရသည်။‌ရှေးအခါက မြန်မာပြည်၌ ကျောက်ရောဂါ၊ပလိတ်ရောဂါ၊ဝမ်းရောဂါစသည်ဖြင့် ရောဂါဘေးများကြောင့် လူအများဒုက္ခရောက်ခဲ့ကြသည်။နာဂစ်မုန်တိုင်း၌လည်း အသက်ပေါင်းများစွာ ဆုံးခဲ့ရသည်။
သီဟိုဠ်နိုင်ငံတွင် ကပ်ဆိုက်စဉ်က ရဟန္တာအပါး နှစ်သောင်းလေးထောင်အပါအဝင် လူသားများစွာ အသက်ဆုံးရှုံးခဲ့သည်ဟု မှတ်သားဖူးသည်။
ဘေးကင်းစေရန် ဗုဒ္ဓဘာသာဝင်များအနေဖြင့် သီလစင်ကြယ်အောင်နေကြရပါမည်။သတ္တဝါအားလုံးအပေါ်၌လည်း မေတ္တာပွားရမည်။သီလ သမာဓိ အားကောင်းပါမှ ကောင်း/ဆိုး လောကဓံ ၂ ပါးအား တည်ငြိမ်စွာရင်ဆိုင်နိုင်ပေမည်။
ဝေသာလီပြည်၌ ကပ်ဘေးဆိုက်စဉ်က ဘုရားရှင်ကိုယ်တော်မြတ်နှင့် သံဃာတော်များ ရတနာ့သုတ် ပရိတ်တော်ရွတ်ပွားကာ ဘေးရန်မှကာကွယ်ပေးခဲ့သည်။သီဟိုဠ်ပြည်၌လည်း ၁၂ နှစ်မိုးခေါင်ကာ ကြီးစွာသော ကပ်ဘေးကျရောက်ပြီး လူသေအပျောက်အလွန်များခဲ့ကြောင်း မှတ်သားဖူးသည်။
လောကတွင် ဘေးဒုက္ခဟူသည် တစ်မျိုးမဟုတ် တစ်မျိုးကြုံကြရမည်သာ။‌ဘေးအန္တရာယ်များကြုံရသည့်အခါ ဒေါသ ဒေါမနဿများမဖြစ်အောင် အတတ်နိုင်ဆုံး ထိန်းရမည်။ငါးပါးသီလ‌ထိန်းကာ ပရိတ်တော်များ၊ပဌာန်းဒေသနာများ ရွတ်ပွား‌ပေးပါ။သတ္တဝါအားလုံး အေးချမ်းစေရန် မေတ္တာပွား‌ပေးပါ။
လောကတွင် မည်သည့်ကပ်ဘေးမဆို ကျရောက်လာတိုင်း နတ်မိစ္ဆာများ၏ အနှောက်အယှက်ပါလာစမြဲဖြစ်သည်။ကပ်ဘေးကြုံလာတိုင်း နတ်မိစ္ဆာများမနှောက်ယှက်စေရန် ကျွန်ုပ်တို့တောင်စဉ်ပညာတွင် ပရိတ်ဂါထာ ၂ ပုဒ်အား ကြေးပြားတွင် အင်းစီရင်လျှက် ရေစိမ်သောက်ကြရသည်။ထိုအင်းဆံဂါထာ ၂ ပုဒ်မှာ စတုမဟာရာဇ် နတ်မင်းကြီး ၄ ပါးအား အကူအညီတောင်းသောပရိတ်ဖြစ်သည်​။ယနေ့အချိန်တွင် မြန်မာပြည်သူပြည်သားများအနေဖြင့် သီလထိန်းလျှက် ထိုဂါထာ ၂ ပုဒ်အား နေ့စဉ် အနည်းဆုံး ၉ ခေါက်ရွတ်ဖတ်ပူဇော်သင့်ကြောင်း အကြံပြုလိုပါသည်ခင်ဗျား။
ရွတ်ဖတ်ရန်ဂါထာ ၂ ပုဒ်
---------------------
၁။ပုရတ္တိမေန ဓတရဌော၊
ဒက္ခိဏေန ဝိရူဠကော။
ပစ္ဆိမေန ဝိရူပက္ခော၊
ကုဝေရော ဥတ္တရံ ဒိသံ။
၂။စတ္တာရော တေ မဟာရာဇာ၊
လောကပါလာ ယသဿိနော။
တေပိ အမှေ နုရက္ခ န္တု၊
အရောဂေန သုခေနစ။
အင်းဆံရေးသွင်းထားသော အင်းချပ်အား မိမိတို့၏ဖုန်းထဲတွင် ကူးယူသိမ်းဆည်း၍ ဆောင်ထားနိုင်ရန် ဖော်ပြအပ်ပါသည်။
အမိမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူအပေါင်း ဘေးဘယာဝေးကွာ၍ စိတ်အေးချမ်းနိုင်ကြပါစေ။


 

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ