အကျိုးမပေးသောအိမ်ထောင်ဖက်နှင့် အိမ်ထောင်အပြစ်(၆)ပါး
မိမိ မဟာဘုတ်ခွင်မှ အကျိုးမပေးသော အိမ်ထောင်ဖက်ကို ယူမိသော်
မိမိနှင့်အကျိုးမပေးသော မိမိအိမ်ထောင်ဘက်ကို သိချင်လျှင် မိမိ မြန်မာခုနှစ်သက္ကရာဇ် ကို ၇ နဲ့စားပါ
အကြွင်း (၁) ရသော် တနင်္ဂနွေ၊တနင်္လာ
အကြွင်း (၂) ရသော် တနင်္လာ၊ အင်္ဂါ
အကြွင်း (၃) ရသော် အင်္ဂါ၊ ဗုဒ္ဓဟူး
အကြွင်း (၄) ရသော် ဗုဒ္ဓဟူး၊ ကြာသပတေး
အကြွင်း (၅) ရသော် ကြာသပတေး၊သောကြာ
အကြွင်း (၆) ရသော် သောကြာ၊ စနေ
အကြွင်း (၀) ရသော် စနေ၊ တနင်္ဂနွေ
စသည့်တို့သည် မိမိနှင့် အကျိုးမပေးသော အိမ်ထောင်ဖက်များ ဖြစ်ကြပါသည်။
မသိလို့ချစ် ချစ်ပြီးလို့ယူ ပြင်မရတော့တဲ့အခြေအနေမျိုးဆိုရင် မိမိနဲ့ မိမိ အိမ်ထောင်ဖက်၏ အတွင်းမိတ်နှင့် ဘုရားထုလုပ်ကိုးကွယ်၍လည်းကောင်း၊ပန်းမြတ်မာလာအသားနှင့်ဘုရားထုလုပ်၍လည်းကောင်း၊ အတွင်းမိတ်ကိုအင်းစီရင်ပြီးဆောင်၍လည်းကောင်း စတဲ့ယတြာတွေပြုလုပ်ထားသင့်ပါတယ်။
(၇)ရက်သားသမီးအပေါင်း ကျန်းမာချမ်းသာ၍ ကောင်းကျိုးလိုရာဆန္ဒတွေ ပြည့်၀ကြပါစေ...
Comments
Post a Comment