တန်ဆောင်မုန်းလပြည့်နေ့လုပ်ရန် ကံပွင့် ကံမြှင့် ကံအားကောင်းစေရန် ယတြာ
တန်ဆောင်မုန်းလပြည့်နေ့လုပ်ရန် ကံပွင့် ကံမြှင့် ကံအားကောင်းစေရန် ယတြာ
မယ်ဇလီဖူးသုပ် (၁) ပန်းကန်
ပျားရည် (၁) ခွက်
လိမ္မော်ရည်(၁)ဖန်ခွက်
ပိုက်ဆံ(၉၀၀)
ဂန္ဓမာပန်းအဖြူ(၃)ပွင့်
သပြေပန်း(၃)ခက်
ဖယောင်းတိုင်(၅)တိုင်
အမွေးတိုင်(၅)တိုင်
သောက်တော်ရေ(၅)ခွက်စီကိုလည်း ဘုရားရှင်အားဆက်ကပ်လှူဒါန်းပါ
“ချမ်းသာကြီးဂါထာ”
သုခံ ဘဂျံ ဗလံ ဇေယံ| ယသတေဇော လာဘံ အာယု| အဋ္ဌဝရာနိမာနေဝ| ဝဎု န္တု ဇိနတေဇသာ||ချမ်းသာကြီးဂါထာကို (၃)ကြိမ်ရွတ်ဖတ်ပူဇော်ပါ။
ဂါထာကိုရွန်ဖတ်ပူဇော်ပြီးလျှင် အောက်ပါအတိုင်း လေးလေးနက်နက် ဆုတောင်းပေးပါ။၊
`ဘုရားရှင်အမှူးရှိသော အနန္တငါးပါးအားရည်မှန်း၍ ရည်စူး၍ မယ်ဇလီဖူးသုပ်|ပျားရည်|လိမ္မော်ရည်|ပိုက်ဆံ|ဂန္ဓမာပန်း|သပြေပန်း| ဖယောင်းတိုင်|အမွှေးတိုင်|သောက်တော်ရေခွက်တို့ကို ကပ်လှူပူဇော်ကန်တော့ပါ၏။
ဤသစ္စာမှန်ကန်ပါက|ဤမှန်သောသစ္စာစကားကြောင့်လည်းကောင်း|ဤမှန်သောသစ္စာတန်ခိုးကြောင့်သော်လည်းကောင်း| အရပ်လေးမျက်နှာ|အရပ်ရှစ်မျက်နှာ|အရပ်ဆယ်မျက်နှာတို့မှငွေကြေး|စည်းစိမ်ဥစ္စာ ရတနာများစွာတို့သည်လည်းကောင်း|စိန်ရွှေရတနာ|ကျောက်မျက်ရတနာများစွာတို့သည်လည်းကောင်း|အလုပ်အကိုင်|အကြံအစည်ကိစ္စများစွာတို့သည်လည်းကောင်း လျင်မြန်စွာတိုးတက်ဝင်ရောက်လာကြပါစေသတည်း| လျင်မြန်စွာဝင်လာမစဲ|တသဲသဲစည်ကားလာကြပါစေ|ရောက်ရှိလာကြပါစေကုန်သတည်း’ ဟူ၍ (၃)ကြိမ် |(၃)ခါတိတိ ရွတ်ဆိုဆုတောင်းပေးရပါမည်။
အထက်ပါလှုဖွယ်ပစ္စည်းများကို မနက်(၆:၃၀)မိနစ်မှမနက်(၁၀:၃၀)မိနစ်အတွင်းလှုရပါမည်|။
မယ်ဇလီဖူးသုပ်|ပျားရည်|လိမ္မော်ရည်|သောက်တော်ရေ|ပိုက်ဆံများကို နေ့လည်(၁၂:၀၀)မကျော်မီစွန့်ပါ||ဂန္ဓမာပန်းနှင့်သပြေပန်းများကို(၃)ရက်ထားပါ။ ပိုက်ဆံ (၉၀၀)ကျပ်ကို ညနေ (၆:၃၀)မိနစ်မှ ည (၉:၀၀)မိနစ်အတွင်း ပံ့သကူလှူပါ။
တန်ဆောင်မုန်းလပြည့်နေ့မှစ၍ ကံပွင့်ကံမြင့် အကြံအစည် အလုပ်အကိုင်များအောင်မြင်ကြပါစေ။
Comments
Post a Comment