ကြေးစည်တီးခြင်း၏အကျိုး🙏🙏🙏
ကြေးစည်တီးခြင်း၏အကျိုး


ဘုရားရှိခိုးပြီးတိုင်း
ကြေးစည်တီးပြီး အမျှပေးဝေပါ
ဘာဖြစ်လို့လဲ ဆိုတော့...
ကြေးစည် ဆိုတာ...
သူတော်ကောင်းတို့၏ နားတွင်
အေးမြသော အသံရှိ၏
(နာနာ ဘာဝ)တို့၏
ပူလောင်သော အသံရှိ၏
ကောင်းသော သူတို့သည် သာဓုခေါ်ပြီး
မကောင်းသော သူတို့သည်
အဝေးသို့ ပြေး၏
ကြေးစည်သည်
အအေးဓါတ်ကို ပေးခြင်း
ကိလေသာအပူကိုငြိမ်းစေပါတယ်
မိမိမှာ...ကံဆိုးနေပြီး
ကံ ညံ့နေပြီ ထင်လျှင်တော့
ပို၍ တီးသင့်ပါသည်။
ဒီလို တီးခြင်းဟာ...
ကိုယ့်ကို မကောင်းကြံမဲ့ သူတွေကို
ဝေးကွာ သွားစေပါတယ်။
အမျှဝေရာတွင်လည်း
လူ၏ အသံအားဖြင့်
အမျှဝေသည့်အခါ
အဝေးသို့ မရောက်နိုင်ပါဘူး။
ကြေးစည်ကသာအဝေး သို့
ပဲ့တင်သံဖြင့် သွားနိုင်ပါတယ်။
အဝေးတွင်ရှိသော
နတ် လူတို့ ကြားနိုင်သလို
သာဓုလည်း ခေါ်နိုင်တယ်။
ကြေးစည်တီးပြီး မေတ္တာပို့အမျှဝေလျှင်
ပို၍ ထိရောက်ပါသည်။
ထို့ကြောင့်...
ဘုရားရှိခိုးပြီးတိုင်းကြေးစည်တီး၍ အမျှဝေပါ။
Comments
Post a Comment