အိမ်မြှောင် စုတ်ထိုးနိမိတ်

 

အိမ်မြှောင် စုတ်ထိုးနိမိတ်


အိမ်မြှောင်သည် များသောအားဖြင့် နေအိမ်တွင်ရှိသော တွားသွားတိရိစ္ဆာန် အကောင်ငယ်ဖြစ်၏ ။ အိမ်မြှောင်စုတ်ထိုး (အော်မြည်) မှုမှာ မကြာခဏ အော်တတ်၏ ။ အချို့အိမ်မြှောင်သည် နှစ်ရက်သုံးရက်မှတစ်ကြိမ် စုတ်ထိုး၏ ။ ထိုကဲ့သို့ကြားပါက “သင်လည်း ကျန်းမာပါစေ၊ အစားအစာ ကြွယ်ဝပါစေ” ဟုမေတ္တာပို့သင့်၏ ။တစ်နေ့တည်း ကြိမ်ဖန်များစွာ လေးငါးကြိမ်မက စုတ်ထိုးသော် အိမ်သား များ “ကျန်းမာရေး ချူချာမှုရှိတတ်၏ ။ စီးပွားလာဘ်လာဘဝင်ကိန်း နည်းပါးမှုရှိတတ်၏ ။”


အိမ်မြှောင်သည် အရှေ့အရပ်မှ စုတ်ထိုးခဲ့သော် ရွှေ ၊ ငွေ၊ လက်ဝတ်ရတနာ ဝင်ကိန်းရရှိလိမ့်မည် ။


အိမ်မြှောင်သည် အနောက်အရပ်မှ စုတ်ထိုးခဲ့သော် သူခိုးသူဝှက် ရန်သူမျိုးငါးပါး ဘေးတွေ့ကြုံလိမ့်မည် ။


အိမ်မြှောင်သည် အရှေ့တောင်အရပ်မှ စုတ်ထိုးခဲ့သော် အိမ်မှ လူခြေနှစ်ချောင်း အရှင်ထွက်တတ်သည် ။ နွား ၊ မြင်း ၊ အိမ်မွေးတိရစ္ဆာန် ပျောက်ဆုံးလိမ့်မည် ။


အိမ်မြှောင်သည် တောင်စူးစူး အရပ်မှစုတ်ထိုးခဲ့သော် ခြေနှစ်ချောင်း ကျား ၊ မ အရှေ့ အရပ်မှလာလိမ့်မည် ။


အိမ်မြှောင်အနောက်တောင်အရပ်မှ စုတ်ထိုးခဲ့သော် လောဘဒေါသကြီးမှု တွေ့ကြုံနိုင်ပြီး အမှုအခင်း ဖြစ်လိမ့်မည်။


အိမ်မြှောင်သည် မြောက်စူးစူး အရပ်မှစုတ်ထိုးခဲ့သော် ချီးမြှောက်ခြင်း ခံရမည် ။ ရွှေ ၊ ငွေ ၊ လှည်း ၊ လူဝင်ကိန်း ရရှိလိမ့်မည် ။


အိမ်မြှောင်သည် ဦးခေါင်း တည့်တည့်အပေါ်မှ စုတ်ထိုးခဲ့သော် ရာထူး
လာဘ်လာဘ ဒီရေကဲ့သို့ တစ်ခဏချင်း ရရှိလိမ့်မည် ။


#အိမ်မြှောက်စုတ်ထိုးနိမိတ်

အိမ်မြှောင်ဆိုတာကတော့ နေ့တိုင်းလိုလိုစုတ်ထိုးချင်လည်းထိုးမယ် ။ တခါတလေမှထိုးချင်မှလည်း ထိုးမယ် ။ အဓိက အိမ်မြှောင်စုတ်ထိုးသံကို ကြားရသူအတွက် နိမိတ်စကားလေးတွေကို ရှေးဆရာကြီးများက ဒီလိုအဟောလေးတွေ
ထုတ်ထားခဲ့ပါတယ် ။

(၁) အရှေ့က စုတ်ထိုးသံကြားရင် သူတစ်ပါးရဲ့အပူဇော်ကိုခံရတတ်ပါတယ် ။
(၂) အရှေ့တောင်အရပ်က စုတ်ထိုးသံကြားရင် မီးလောင်တတ်တယ် ၊ ခန္ဓာကိုအပူလောင်တတ်တယ် ။ ရန်ပေါ်ရတတ်တယ် ။
(၃) တောင်အရပ်က စုတ်ထိုးသံကြားရင်အစားအသောက်ကောင်းများ စားရတတ်တယ် ။
(၄) အနောက်တောင်အရပ်က စုတ်ထိုးသံကြားရင် အချုပ်အနှောင်ခံရတတ်တယ် ။
(၅)အနောက်အရပ်က စုတ်ထိုးသံကြားရင် ချစ်သူရတက်တယ်၊ အိမ်ထောင်ကျတတ်တယ် ။
(၆) အနောက်မြောက်အရပ်က စုတ်ထိုးသံကြားရင် လာဘ်လာဘဝင်တတ်တယ် ၊ ငွေရွှင်တတ်တယ် ။
(၇) မြောက်အရပ်က စုတ်ထိုးသံကြားရင် ကျန်းမာရေးညံ့တတ်တယ် ။
(၈) အရှေ့မြောက်အရပ်က စုတ်ထိုးသံကြားရင် လာဘ်လာဘကြီးဝင်တတ်တယ် ။
(၉) အိပ်ယာအောက်က စုတ်ထိုးသံကြားရင် အိမ်တွင်နာရေးပေါ်တတ်တယ် ။
(၁၀) ဦးခေါင်းပေါ်က စုတ်ထိုးသံကြားရင် လာဘ်လာဘရမယ် ၊ အကြံအစည်တွေ အောင်မြင်ရတတ်ပါတယ် ။
(၁၁) အိမ်ရှေ့ခန်းက စုတ်ထိုးသံကြားရင် မင်းမှုစိုးများနဲ့ စကားများရတတ်တယ် ။
(၁၂) အိမ်အလယ်ခန်းက စုတ်ထိုးသံကြားလျှင် သားကိစ္စ သမီးကိစ္စ စကားပြောရတတ်ပါတယ်
(၁၃)အိမ်ခန်းထဲက စုတ်ထိုးသံကြားလျှင် လင်မယားချင်း စကားများ ရန်ဖြစ်တတ်ကြပါတယ် ။
(၁၄) ဘုရားရှိခိုး ၊ တရားထိုင် ၊ အမျှဝေတဲ့ အချိန် စုတ်ထိုးသံကြားရင် နတ်များလာရောက်တာဖြစ်တယ် ။


အိမ်မြှောင်စုတ်ထိုးသံဆိုတာ လူနှင့်နတ်တို့ရဲ့ ဆက်သွယ်ရေး အချက်ပြသင်္ကေတလည်း ဖြစ်ပါတယ်တဲ့။




Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ