Message for Today (26-2-2023)
ဒီနေ့အတွက်
ကျရောက်တဲ့ Tarot ကတ်ကတော့ The Hermit ဆိုတဲ့ ကတ်ဖြစ်ပါတယ်။
ရပ်ဝေး
(သို့) ပြည်ပနှင့်ဆက်စပ်သော အလုပ်များလုပ်ကိုင်ရမည်။ ဝန်ထမ်းများအတွက် အလုပ်ထွက် (သို့)
အလုပ်ပြောင်းလိုစိတ်ဖြစ်ပေါ်နေမည်။ မိမိထက်ရာထူး၊ ဂုဏ်ကြီးသောသူက အကူအညီပေးမည်။ ဝင်ငွေရလမ်း
ကောင်းနေပါသည်။ ရရှိသောငွေများမမြဲ။ လူမှုရေး၊ ဘာသာရေးကိစ္စများအတွက် အချိန်ပေးနေရမည်။
ကိုယ်တိုင် (သို့) မိသားစု မျက်စိဝေဒနာဖြစ်တတ်သည်။ စိုးရိမ်စရာအခြေအနေမရှိပါ။
ကံကောင်းသောနံပတ် -
၂, ၃, ၅, ၆
ငှက်စာ၊
ကျီးစာကျွေးခြင်း၊ တောင်ဝှေး၊ ဖိနပ်လှူဒါန်းခြင်းပြုလုပ်ပါ။
ဒီနေ့အတွက်
ကျရောက်တဲ့ Rune ကတ်ကတော့ The Wholeness ဆိုတဲ့ ကတ်ဖြစ်ပါတယ်။
အပြုသဘော၊
အကောင်းသဘော ဆောင်သောကတ်ဖြစ်သည်။ မိမိလိုအပ်ချက်များ၊ ဆုတောင်းများ၊ လိုအင်ဆန္ဒများပြည့်ဝလာမည့်နိမိတ်ဖြစ်သည်။
မိမိဆောင်ရွက်နေသောအရာများပြီးမြောက်ပြီး ပူပင်သောကများ ကွယ်ပျောက်သွားမည်။ မိမိစွမ်းဆောင်နိုင်သလောက်
ကောင်းကျိုးလိုရာ ပြည့်ဝမည့်သဘောဖြစ်သည်။ ဘာသာရေးက ထူးခြားသောအထောက်အပံ့ရမည်။ မောရသုတ်ပူဇော်ပါ။
ဒီနေ့အတွက်
ကျရောက်တဲ့ Lenormand
ကတ်ကတော့ Scythe ဆိုတဲ့ ကတ်ဖြစ်ပါတယ်။
မိမိဆောင်ရွက်နေသောအရာများ
ကောက်ပင်ရိတ်လှီးသကဲ့သို့ ပြတ်ပြတ်သားသားအောင်မြင်မည်။ များမကြာမီ စီးပွားတိုးတက်တော့မည်။
အိမ်ဘုရားတွင် မုန့်လက်ကောက် (၆)ခု ပူဇော်ပါ။



Comments
Post a Comment