အရဟံ အဓိပ္ပါယ်(၅)မျိုး

"အရဟံ အဓိပ္ပါယ်(၅)မျိုး"
______________________

၁။ အရဟံ = (ဝေးကွာခြင်းအနက်- အဓိပ္ပါယ် )

ကိလေသာတို့မှ ဝေးကွာတော်မူသော မြတ်စွာဘုရား။

၂။ အရ , ဟံ = ( အရ - အရိ = ရန်သူတွေကို ။ ဟ - ဟတ = ချေမှုန်း အနိုင်ယူခြင်းအနက်)

ကိလေသာရန်သူတို့ကို အပြီးသတ် ချေမှုန်းတော်မူသော မြတ်စွာဘုရား။

၃။ အရ , ဟံ = ( အရ = အကန့် -အပိုင်းအခြား ) ဟ - ဟတ = ဖျက်ဆီးခြင်းအနက်)

သံသရာစက်၏ အကန့်ဟူသော အကြောင်းကိလေသာတရားတို့ကို ဖျက်ဆီးတော်မူသောမြတ်စွာဘုရား။

၄။ အရဟံ = ( အရဟ = ထိုက်ခြင်းအနက်)

တစ်လောကလုံးရဲ့ ဦးညွတ်လေးစားမှု လှူဒါန်းပူဇော်မှုကို ထိုက်တန်တော်မူသော မြတ်စွာဘုရား။

၅။ အ, ရဟံ = (ရဟ = ဆိတ်ကွယ်ရာ ။ အ - န = မရှိခြင်းအနက်)

ဆိတ်ကွယ်ရာ၌ မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား။

 

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ