၂၀၂၃ ခုနှစ်အတွက် (၇)ရက်သားသမီး တစ်နှစ်စာဟောစာတမ်း
၂၀၂၃ ခုနှစ်အတွက် (၇)ရက်သားသမီး တစ်နှစ်စာဟောစာတမ်း
တနင်္ဂနွေနေ့ဖွား သားသမီးတို့ သည် ဤနှစ်တွင် စည်းကမ်းကို အလေးအနက် ထားကာမှ အောင်မြင်မည့်နှစ်ဖြစ်သည်။ မိတ်ဆွေအပေါင်း အသင်း အသစ်များ၊ လုပ်ငန်းအသစ်များ၊ ထူထောင်လုပ်ကိုင်ရမည်။ အပျို၊လူပျိုများ ကြံစည် ရည်ရွယ် ထားသော အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စရပ်များ ပျက်တတ် သည်။
မလွတ်လပ်သူ များ မုဆိုးဖို-မ များနှင့် ကြုံတွေ့ ရမည်။ အမျိုးသား၊ အမျိုးသမီး ကြီးငယ်များကလည်း လာရောက်ပတ်သက်တတ်သည်၊ သတိထားပါ။ ပိုင်ဆိုင်ရရှိနေသော ဝင်ငွေများကို စည်းကမ်းမဲ့ မသုံးစွဲသင့်ပါ။ မရွေ့ပြောင်းနိုင်သော အိုးအိမ်၊မြေယာအသစ်များ ဝယ်ယူပိုင်ဆိုင်ရမည်။ ဥပဒေနှင့် မလွတ်ကင်းသော လုပ်ငန်းများ လုံးဝမလုပ်သင့်ပါ။ စည်းကမ်း နှင့်ညီညွတ်သော ကုမ္ပဏီ လုပ်ငန်းသစ်များ လုပ်ငန်းတိုးချဲ့ခြင်းများ ပြုလုပ်ရမည်။ ပညာရေးထူး ချွန် ထက်မြက်မည်။ အတွင်းနေအတူနေ ပုဂ္ဂိုလ်များ၏ သစ္စာ ဖောက်ခံရလိမ့်မည်။ ကျန်းမာရေး ကောင်းပါသည်။ အဆုတ်အအေးမမိစေရန် ဂရုစိုက်ပါ။
ယတြာ - မွေးနေ့တိုင်း ပေါင်မုန့်၅လုံး ဆွမ်းတော်ကပ်ပါ။
==================
တနင်္လာနေ့ဖွားသားသမီးတို့သည်တစ်နှစ်လုံး မည်သည့်လုပ်ငန်းလုပ်လုပ် မဝံ့မရဲလုပ်ကိုင်နေရမည်၊ ရိုးသား ပွင့်လင်းသလောက်ပတ်ဝန်းကျင်၏ အသုံးချခံ ရမည်။ အိမ်ထောင်ရေးမှာလည်းမကြာခဏ စိတ်အနှောင့် အယှက် ကြုံရမည်။ လမ်းပေါ်တွင် အချိန်ကုန်နေမည်။ နိုင်ငံရပ်ခြားတွင် သွားရောက်တာဝန် ထမ်းဆောင်ခြင်း၊ နိုင်ငံခြား ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ခြင်းများ အကျိုးပေးမည်။ အတိုက်အခိုက် များစွာဖြင့် ယှဉ်ပြိုင် ရင်ဆိုင်၍ အနိုင်ရမည့် နှစ်ဖြစ်သည်။ ရှာဖွေထားသော ဥစ္စာပစ္စည်းများကို ဂရုတစိုက် ထိန်းသိမ်းပါ။
အခိုးခံရတတ်သည်။ ကျောင်းသား ကျောင်းသူများ ပညာရေး အနည်းငယ်ညံ့သည်။ အတွေးအခေါ်အယူအဆ အကြံဉာဏ်သစ်များ ရရှိမည့် နှစ်ဖြစ်သည်။
စီးပွားရေးလုပ်ငန်း၊ ဒီ အိုးအိမ် သစ် ဝယ်ယူထူထောင်ခြင်းများ အကျိုးရှိမည်။
အထက်စီးမှ မဆက်ဆံမိရန် အထူးဂရုစိုက်ပါ။ ကဆုန်လတန်ဆောင်မုန်းလများတွင် အစစအရာရာ ဂရုစိုက်နေထိုင်ပါ။ နယုန်လနှင့် နတ်တော်လများတွင် ထူးထူးခြားခြားအောင်မြင်မှုများ ရမည်။ ဤတစ်နှစ်လုံးတွင် မိခင်နှင့်ပတ်သက်၍
လည်းကောင်း၊ ငွေကြေးသုံးစွဲရာတွင်လည်းကောင်းအထူးဂရုစိုက်လုပ်ဆောင်ရန် အရေးကြီး၏။
ယတြာ - အုန်းနို့ခေါက်ဆွဲ (သို့မဟုတ်)အုန်းဆွမ်း မကြာခဏ လှူဒါန်းပါ။
==================
အင်္ဂါနေ့ဖွားသားသမီးတို့သည် ဤတစ်နှစ်လုံးလုပ်သမျှ ကိုင်သမျှ အဆင်ပြေနေလိမ့်မည်။ကာယကံရှင်ကိုယ်တိုင် ပျင်းရိနေ တတ်သည်။အိုးအိမ်နေရာပြောင်း ရွေ့ခြင်း၊အလုပ် နေရာပြောင်း ရွေ့ခြင်းများကြုံတွေ့ရမည်။
လက် အောက် ငယ်သား များနှင့် ပတ်သက်၍ ကတိစကားလွန် သွားတတ်သည်။ ရပ်ဝေးခရီး သွား ရမည်။ အပျို၊လူပျိုများ တရားဝင်မင်္ဂလာဆောင်ရလိမ့်မည်။ ဤတစ်နှစ်လုံးတွင်အာမခံမရဲပါနှင့်ဖခင်နှင့်ပတ်သက်၍စိတ်ညစ်စရာ ကြုံရမည်။ အကြီးအကဲများနှင့်ပတ်သက်ပြီး အာမခံ မရဲသင့်ပါ။ ပညာရေးထူးချွန်မည်။ ဘွဲ့ထူး၊ဂုဏ်ထူးများ ရမည့်နှစ်ဖြစ်သည်။ ခရီးသွားလာရာတွင် အထူးဂရုစိုက်ပြီးမှသွားပါ။ ကဆုန် လနှင့် နတ်တော်လများတွင် အကြောင်းတရားမရှိဘဲ စိတ်ဆင်းရဲစရာ ကိစ္စရပ်များ ကြုံရလိမ့်မည်။
ဤနှစ်တွင် အချောင်ရသော ပိုက်ဆံငွေကြေး၊ တံစို့ လက်ဆောင်များကို သတိထားပြီးမှလက်ခံပါ။ အမဲသားလုံးဝ မစားပါနှင့်။
ယတြာ ’အနံ့မွှေးသောပန်းမျိုးစုံမွေးနေ့တိုင်း ဘုရားရှင်အားလှူဒါန်းပါ။
=================
ဗုဒ္ဓဟူးနေ့ဖွားသားသမီးတို့သည်ဉာဏ်ရွှင်နေလိမ့်မည်။ စကားပြောရာ တွင် ဂရုတစ်စိုက်ပြောဆိုပါ။ ပိုင်ဆိုင်မှုများတိုးတက်လာလိမ့်မည်။ အပျို၊လူပျိုများ တရားဝင် မင်္ဂလာဆောင်ရလိမ့်မည်။ ခိုးယူပေါင်းသင်းခြင်းကိစ္စရပ်များကို လုံးဝမပြု လုပ်သင့်ပါ။ ကောင်း သော ခရီး၊ မြတ်သောခရီးများသွားရမည်။ ကျန်းမာရေး တစ်နှစ် လုံးကောင်းနေလိမ့်မည်။ မိုးတွင်းကာလ အအေးမမိစေရန် ဂရုစိုက်ပါ။ ကိုယ်ပိုင်မြေကွက်များ ဝယ်ယူရန်ကောင်းသည်။အိုးအိမ် မြေနေရာသစ်များ ဝယ်ယူရခြင်း၊ပိုင်ဆိုင်ရခြင်းများကြုံရမည်။ မိခင်ကျန်းမာရေး အနည်းငယ် ချူချာတတ်သည်။ အတူနေ၊ အတွင်းနေသူများ၏ စိတ်ဒုက္ခ၊လူမှုဒုက္ခပေးမှုကို ခံရမည်။ စီးပွားရေးလုပ်ငန်းများတွင် စွန့်စား၍ ရင်းနှီးမြှုပ်နှံမှုများ လုံးဝမပြုလုပ်သင့်ပါ။ ပြုလုပ်ခဲ့လျှင်လည်း ဆုံးရှုံးမည်။
ယတြာ- အုန်းသီးပေါင်မုန့်(၆)ခုမွေးနေ့တိုင်းဆွမ်းလောင်းပါ။
===============
ကြာသပတေးနေ့ဖွားသားသမီးတို့သည်ဤတစ်နှစ်လုံး ပညာရေး ထူးချွန်မည်။
ကောင်းသတင်းကျော်ဇောလိမ့်မည်။ နှစ်လယ်ပိုင်းတွင် ရည်ရွယ်ချက်ပျောက်၊ လမ်းပျောက်မှုများ ဖြစ်ပွားမည်။ မည်သည့် ကိစ္စကိုမှ အလောတစ်ကြီး မဆုံးဖြတ်သင့်ပါ။ စိတ်ဝင်စားသည့် စီးပွားရေးလုပ်ငန်းအသစ်များကိုသာ ဇောက်ချ လုပ်ကိုင်ပါ။ မှန်မှန်ကန်ကန်ဖြောင့်ဖြောင့်တန်းတန်း လုပ်ကိုင်တတ်သော မိတ်ဆွေအသစ်များတွေ့မည်။ ဤနှစ်တွင် စပ်တူ ရှယ်ယာလုပ်ငန်းများ လုံးဝ
မလုပ်သင့်ပါ။ .ခရီးသွား စရာ ရှိလျှင်လည်း အပေါင်းအဖော်များနှင့်မသွားသင့်ပါ။ တစ်ကိုယ်တည်းသွားသင့်သည်။ ပျော်ပါးရသောကိစ္စများ လုံးဝ မလုပ်သင့်ပါ။ အပေါင်းအသင်းမိတ်ဆွေများကလည်း မိမိ၏ကောင်းသတင်းကို ဖျက်ဆီးတတ်သည်။ ဤနှစ်တွင် နာမည်တစ်ဟုန်တိုးတိုးတက်မှုကိုဂရုစိုက်ပါ။ ဥပဒေနှင့်ငြိစွန်းသော မည်သည့်ကိစ္စရပ်ကိုမျှ မပြုလုပ်သင့်ပါ။
ယတြာ – ခရီးသွားမည့်ပုဂ္ဂိုလ်များအား လမ်းစရိတ်မကြာခဏလှူဒါန်းပါ။
============
သောကြာနေ့ဖွားသားသမီးတို့သည်ဤနှစ်တွင် တစ်နှစ်လုံးတွင်မည်သည့် ကိစ္စလုပ်လုပ် ထပ်ကာထပ်ကာ ပြုလုပ်ရမည့်နှစ်ဖြစ်သည်။ လူမှုရေးပြဿနာများကိုတတ်နိုင်သမျှရှောင်ရှားပါ။ အောက်လက် ငယ်သားများနှင့် ပတ်သက်ပြီး . အာမခံရမည့်အလုပ်များ မပြုလုပ်သင့်ပါ။ မလွတ်လပ်သူ အမျိုးသား အမျိုးသမီးများ၏ လမ်းဖွင့်ပေးခြင်းကို ကြုံတွေ့ရမည်ဖြစ်၍ ဂရုစိုက်၍ ရှောင်ရှားပါ။ ပညာရေးတွင်လည်းတိုးလိုတန်းလန်း ဖြစ်တတ်သည်။
အပျို၊လူပျိုများ တရားမဝင်ငြိစွန်းတတ်သဖြင့် အထူးဂရုစိုက်၍ နေထိုင်ပါ။
အမျိုးသမီးများသွေးသားနှင့်ပတ်သက်သောရောဂါများ ဖြစ်မည်။
လူမျိုးခြားများနှင့်ပတ်သက်ပြီး အာမခံမရဲသင့်ပါ။ နတ်တော်လနောက်ပိုင်းတွင် ကောင်းသတင်းများ ကျော်ဇောပြီး ဝင်ငွေတိုးတက်ရရှိလိမ့်မည်။ ဩဇာအာဏာ တိုးပွားလိမ့်မည်။
ယတြာ -မွေးနေ့တိုင်းသံဃာတော်များကိုနို့ထမင်းလှူပါ။
================================
စနေနေ့ဖွား သားသမီးတို့သည် တစ်နှစ်လုံး အလုပ်ဖိစီးမှုဒဏ်ခံရ မည်။
ကျက်စာကို စိတ်မဝင်စားဘဲ တွက်စာကို လုပ်နေရင်း အချိန်ကုန်နေလိမ့်မည်။
ဝင်သမျှငွေမမြဲဘဲ အကြွေးတင်နေမည်။ ဝင်ငွေ၊ထွက်ငွေ မမျှမတဖြစ်လိမ့်မည်။ ဝါခေါင်လဆန်းပိုင်းမှစပြီး အညံ့များပြေပျောက်၍ အကောင်းဘက်သို့ဦးတည်လာလိမ့်မည်။ ကောင်းသတင်း ကျော်ဇောလိမ့်မည်။ သြဇာအာဏာတိုးတက်မည်။ မရနိုင် မဖြစ်၊နိုင်သော ကိစ္စရပ်များကို ဇွတ်ဖန်တီး၍ မယူပါနှင့်၊
ပြာသို၊တပို့တွဲလများတွင်စစ်ဆေးမေးမြန်း ခံရတတ်သည်။ နိုင်ငံရေးနှင့်ပတ်သက်ပြီး ပါးစပ် စည်းကမ်း ရှိသင့်ပါသည်။
ယတြာ – မကောင်းကျိုးပျောက် ကောင်းကျိုးရောက်စေရန် ရှောက်လုံးယိုမကြာခဏ စားသောက်လှူဒါန်းပေးပါ။

Comments
Post a Comment