အရဟံရဲ့ အဓိပ္ပါယ်

အရဟံရဲ့ အဓိပ္ပါယ်
🙏🏻🙏🏻🙏🏻🙏🏻🙏🏻

အရဟံရဲ့ ပထမအဓိပ္ပါယ်
အ+ရဟ။ ရဟ ဆိုတာ ဆိတ်ကွယ်ရာ၊ အ ဆိုတာ မရှိဘူး။ အ+ရဟ ဆိုတာ ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို မလုပ်ဘူးလို့ ဆိုလိုတယ်။ ဒီနေ့ခေတ် လူကြီးလူကောင်းဆိုသူတွေတောင် ကွယ်ရာကျ မဟုတ်တာလုပ်တတ်တယ်။
မြတ်စွာဘုရားကျတော့ ဆိတ်ကွယ်ရာတောင်မှ မကောင်းတာမလုပ်ဘူး။
လူရှေ့သူရှေ့ဆို ဝေးရောပေါ့။ ကွယ်ရာတောင်မှ မကောင်းတာမလုပ်ဘူးဆိုတာ
အင်မတန်မှ ရိုးသားဖြူစင်တယ်လို့ အဓိပ္ပါယ်ရတယ်။

အရဟံရဲ့ ဒုတိယအဓိပ္ပါယ်

အရ+ဟ။ အရ ဆိုတာ ကိလေသာရန်သူ၊ ဟ ဆိုတာ ဖယ်ရှားပြီးတာ။
လောဘ ဒေါသ မောဟ စတဲ့ ရန်သူတွေကို ဖယ်ရှားပြီးသူလို့ အဓိပ္ပါယ်ရတယ်။
နောက်တစ်မျိုးက အရ ဆိုတာ သံသရာစက်ဘီးကြီးရဲ့ အကန့်တွေကိုခေါ်တယ်။ မြတ်စွာဘုရားရဲ့သန္တာန်မှာ သံသရာလည်ဖို့ အထောက်အပံ့ဖြစ်တဲ့ အကန့်တွေ ဒေါက်တွေကို ဖျက်ဆီးပြီးပြီလို့ ဆိုလိုတယ်။

အရဟံရဲ့ တတိယအဓိပ္ပါယ်

အရဟ ဆိုတာ ထိုက်တန်သူ။ သီလအားဖြင့်လည်း ကြီးမြတ်တော်မူတယ်။
သမာဓိအားဖြင့်လည်း ကြီးမြတ်တော်မူတယ်။ ပညာအားဖြင့်လည်း ကြီးမြတ်တော်မူတယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားဟာ အားလုံးသောသတ္တဝါတွေရဲ့
ပူဇော်အထူးကို ခံယူဖို့ ထိုက်တန်သူလို့ ဆိုလိုတယ်။

ပါမောက္ခချုပ် ဆရာတော် ဘာသာရေးထူးချွန်သူ အမျိုးသားများအကြောင်း
အပိုင်း (၅) တရားတော်မှ

 

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ