ခုနစ်နေ့ဘုရားရှိခိုး

(၁) ပဋိသန္ဓေယူသောနေ့

=================

သုံးလူ့ရှင်ပင် ကျွန့်ထိပ်တင် သောင်းခွင်စကြဝဠာ နတ်ဗြဟ္မာတို့ ညီညာရုံးစု တောင်းပန်မှုကြောင့် ရတုနဂို ရွှမ်းရွှမ်းစိုသည် ဝါဆိုလပြည့် ကြွက်မင်းနေ့ဝယ် ချမ်းမြေ့ကြည်ဖြူ သန္ဓေယူသည် နတ်လူငြိမ်းဖို့ ကိန်းပါကို။



(၂) ဖွားတော်မူသောနေ့

================

သန္ဓေယူခါ ဆယ်လကြာသော် မဟာသက္ကရာဇ် ခြောက်ဆယ့်ရှစ်ကြုံ ကဆုန်လပြည့် သောကြာနေ့ဝယ် ချမ်းမြေ့စုံစီ လုမ္ဗနီ၌ မဟီလှိုက်ဆူ ဖွားတော်မူသည် နတ်လူအောင်မြို့ လမ်းပါကို။

(၃) တောထွက်တော်မူသောနေ့

=====================

ဖွားမြင်မြောက်သော် ဆယ့်ခြောက်နှစ်ရွယ် ပျိုနုနယ်၌ သုံးသွယ်ရွှေနန်း သိမ်းမြန်းပြီးလစ် ဆယ့်သုံးနှစ်လျှင် ဘုန်းသစ်လျှံထူ စံတော်မူ၍ ရွယ်မူနုဖြိုး နှစ်ဆယ့်ကိုးဝယ် လေးမျိုးနိမိတ် နတ်ပြဟိတ်‌ကြောင့် ရွှေစိတ်ငြိုငြင် သံဝေပိုက ဝါဆိုလပြည့် ကျားမင်းနေ့ဝယ် ချမ်းမြေ့ရဂုံ တောရပ်လှုံသည် စုံမြိုင်ပင်ရိပ် ခန်းမှာကို။

(၄) ဘုရားဖြစ်တော်မူသောနေ့

=====================

တောရပ်မြိုင်ပေါ် ခြောက်နှစ်ပျော်၍ ခါတော်တစ်ဖုံ ပွင့်ချိန်ကြုံက ကဆုန်လပြည့် ဆင်မင်းနေ့ဝယ်

မြေ့ပရမေ ပလ္လင်ဗွေထက် ရွှေညောင်တော်ကြီး ဗိတာန်ထီးနှင့် မငြီးကြည်ဖြူ နေတော်မူလျက်

ရန်သူခပင်း အမိုက်သင်းကို အရှင်းပယ်ဖျောက် အလင်းပေါက်က ထွန်းတောက်ဘုန်းတော် သောင်းလုံးကျော်သည် သုံးဖော်လူတို့ ငြိမ်းပါကို။

(၅) ဓမ္မစကြာဟောတော်မူသောနေ့

========================

ဘုရားဖြစ်ခါ မိဂဒါသို့ စကြာရွှေဖွား ဖြန့်ချီသွား၍ ငါးပါးဝဂ္ဂီ စုံအညီနှင့် မဟီတစ်သောင်း တိုက်အပေါင်းမှ ခညောင်းကပ်လာ နတ်ဗြဟ္မာအား ဝါဆိုလပြည့် စနေနေ့ဝယ် ကြွေ့ကြွေ့လျှံတက် ဓမ္မစက်ကို မိန့်မွက်ထွေပြား ဟောဖော်ကြားသည် တရားနတ်စည် ရွမ်းတယ်ကို။

(၆) ပရိနိဗ္ဗာန်စံတော်မူသောနေ့

======================

တရားနတ်စည် ဆော်ရွမ်းလည်က သုံးပြည်ဘုံသိုက် တစ်သောင်းတိုက်ဝယ် ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာသတ္တဝါကို ခေမာသောင်သို့ ဖောင်ကူးတို့ဖြင့် ဆောင်ပို့ပြီးခါ ဝါလေးဆယ့်ငါး

သက်ကားရှစ်ဆယ် စုံပြည့်ကြွယ်က ရာလေးဆယ့်ရှစ် သက္ကရာဇ်ဝယ် နယ်မလ္လာတိုင်း စံတိုင်းမယုတ်

ကုသိနာရုံ အင်ကြင်းစုံ၌ ကဆုန်လပြည့် အင်္ဂါနေ့ဝယ် ချမ်းမြေ့နိဗ္ဗူ စံတော်မူသည် ဝှန်းဆူသောင်းလုံး ကျော်တယ်ကို။

(၇) တေဇောဓာတ်လောင်တော်မူသောနေ့

============================

နိဗ္ဗူစံပြီ ရှုမအီသား သိင်္ဂီရွှေလှော် အလောင်းတော်ကို ထိုရော်ကဆုန် လဆုတ်ကြုံ၍ ဂဠုန်နေ့ဝယ် ခိုးငွေ့မနှော ဓာတ်တေဇောလျှင် ရှင်စောဉာဏ်စက် ဓိဋ္ဌာန်ချက်ဖြင့် လျှံတက်ကော်ရော် မီးပူဇော်သည်

မွေတော်ရှစ်စိတ် ကြွင်းတယ်ကို။

ဆုတောင်း

=======

ထိုခုနစ်နေ့ သာချမ်းမြေ့ကို ဆွေ့ဆွေ့ကြည်ဖြူ အာရုံယူလျက် သုံးလူတို့နတ် မြတ်ထက်မြတ်သား ကိုယ်တော်ဖျားကို သုံးပါးမှန်စွာ ဝန္ဒနာဖြင့် သဒ္ဓါဖြိုးဖြိုးကျွန်ရှိခိုးသည် ကောင်းကျိုးခပ်သိမ်း ကြွယ်စေသောဝ်။ အဆုံးဘဝ တိုင်ပြန်ကလည်း ပညာ့အရာ အဘိဓမ္မာနှင့် ကြေငြာကျော်ကြား လူအများကို တရားစည်ကြီး ခြိမ့်ခြိမ့်တီး၍ မီးဆယ့်တတန် ငြိမ်းရာမှန်သည် နိဗ္ဗာန်အောင်မြို့ ရောက်စေသောဝ်။

 

လယ်တီဆရာတော်ဘုရားကြီး













Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ