ရွှေပေါ်ကျွန်းအဖဆရာတော်ဘုရားကြီး၏ သပိတ်ဝင်အိတ်ဝင် အိတ်ဝင်ကျင့်စဉ်


 ရွှေပေါ်ကျွန်းအဖဆရာတော်ဘုရားကြီး၏ သပိတ်ဝင်အိတ်ဝင် အိတ်ဝင်ကျင့်စဉ်


၁။ မြတ်စွာဘုရားရှင်အား ပဲဆွမ်းကို သပိတ်တွင်ထည့်၍ နံနက်အာရုဏ်ဆွမ်းကပ်လှူရမည်။

၂။ လွယ်အိတ်တစ်လုံးတွင် မြန်မာငွေ (သို့) နိုင်ငံခြားငွေတန်ဖိုးအမြင့်ဆုံးကိုထည့်၍ လွယ်အိတ်ထဲတွင် လက်နှစ်ဖက်လုံးထည့်ပြီး သဗ္ဗဇေယျဂါထာကို ၁၀၈ခေါက်ပြည့်အောင် ရွတ်၍ပူဇော်ရမည်။

၃။ ကျင့်စဉ်ကျင့်ဆောင်နေစဉ် တနင်္လာနံဖြစ်သော ခွေး၊ ကျီး၊ ငှက်တို့ကို မိမိတို့စွမ်းနိုင်သလောက် အာဟာရဒါနပြုပါ။ ခွေးဆိုလျှင် တနင်္လာနံငါးဟင်းနှင့် ထမင်းကိုနယ်၍ ကျွေးသင့်ပါသည်။

၄။ မိမိမွေးရက်ဩ အညွန့်နေ့မှစတင် ကျင့်ဆောင်ရပါမည်။ တနင်္ဂနွေသားသမီးဖြစ်ပါက တနင်္လာနေ့မှ စတင်ကျင့်ဆောင်ရမည်ဖြစ်ပါသည်။

၅။ ကျင့်ဆောင်ရမည့် ရက်အရေအတွက်မှာ မိမိ၏အမြစ်နံဂြိုလ်သက်+မိမိ၏မွေးနံဂြိုလ်သက်+မိမိ၏ အညွန့်နံဂြိုလ်သက်၊ ၃ခုပေါင်း၍ ရသည့်ဂဏန်းအတိုင်း ဖြစ်ပါသည်။

(က) တနင်္ဂနွေသားသမီးများ
စနေ+တနင်္ဂနွေ+တနင်္လာ
၁၀ + ၆+ ၁၅ = ၃၁ရက်

(ခ) တနင်္လာသားသမီးများ
တနင်္ဂနွေ+တနင်္လာ+အင်္ဂါ
၆ + ၁၅ + ၈ = ၂၉ရက်

(ဂ) အင်္ဂါသားသမီးများ
တနင်္လာ+အင်္ဂါ+ဗုဒ္ဓဟူး
၁၅ + ၈ + ၁၇ = ၄၀ရက်

(ဃ) ဗုဒ္ဓဟူးသားသမီးများ
အင်္ဂါ+ဗုဒ္ဓဟူး+ကြာသပတေး
၈ + ၁၇ + ၁၉ = ၄၄ရက်

(င) ကြာသပတေးသားသမီးများ
ဗုဒ္ဓဟူး+ကြာသပတေး+သောကြာ
၁၇ + ၁၉ + ၂၁ = ၄၇ရက်

(စ) သောကြာသားသမီးများ
ကြာသပတေး+သောကြာ+စနေ
၁၉ + ၂၁ + ၁၀ = ၅၀ရက်

(ဆ) စနေသားသမီးများ
သောကြာ+စနေ+တနင်္ဂနွေ
၂၁ + ၁၀ + ၆ = ၃၇ရက်

ပဲနှင် ဆန်ကို တစ်ခါတည်းရောချက်၍လည်းကောင်း၊ ဆွမ်းပေါ်တွင် ပဲပြုတ်ဆီဆမ်းကိုတင်၍လည်းကောင်း၊ ပဲဆွမ်းအဖြစ် ကပ်လှူနိုင်ပါသည်။ ပဲထောပတ်ကိုအသုံးပြုလျှင်ပိုကောင်းပါသည်။
ထီပေါက်၊ ထောပတ်၊ ထောပတ်သီးတို့မှာ ဓာတ်တူနံတူများဖြစ်ကြပါသည်။

ဒိဝါ တပတိ အာဒိစ္စော
ရတ်တိမာဘာတိ စန်ဒိမာ
သန္နဒ္ဓေါ ခတ္တိယော တပတိ
စျာယီ တပတိ ဗြာဟ္မဏော
အထ သဗ္ဗမဟောရတ္တိ ံ
ဗုဒ္ဓေါ တပတိ တေဇသာ
တာဒိသံ တဇေသမ်ပန်နံ
ဗုဒ်ဓံ ဝန်ဒာမိ အာဒရံ
နမက္ကာရာ နုလာဝေန
သဗ္ဗေ ပူရေန္တု သင်္ကပ္ပာ
သပိတ်ထဲ ပဲဆွမ်းရောက်သလို လွယ်အိတ်ထဲငွေဝင်ရောက်ကြပါစေ။

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ