ပျားအုံနိမိတ်အကြောင်း သိကောင်းစရာ

 

ပျားအုံနိမိတ်အကြောင်း သိကောင်းစရာ

 မြန်မာလူမျိုးရှေ့လူကြီးသူမများဟာ မြန်မာရိုးရာဓလေ့ထုံးထမ်းများအရအိမ်တစ်အိမ်များပျားစွဲတဲ့အခါ ပျားလာရာအရပ်ကို ကြည့်ပြီး ကံကောင်းမလား ကံဆိုးမလားဆိုတာကို နိမိတ်ယူကြပါတယ်။
ပျားလာရာအရပ်ကိုသာ သတိထားပြီးကြည့်နိုင်မယ်ဆိုရင် အတိတ်နိမိတ်ကောက်ရာမှာပိုပြီးလွယ်ကူမှန်ကန်နိုင်ပါတယ်။
အိမ်ရှေ့ဘက်ကလာပြီး ပျားအုံစွဲပါက စီးပွားပျက်တတ်တဲ့အတွက်ကြောင့် အမြန်ဆုံးဖယ်ရှားဖို့အကြုံပြုချင်ပါတယ်။
အိမ်ရဲ့အနောက်ဘက်မှလာ၍စွဲပါက လာဘ်လာဘမှရတတ်တာကြောင့်ကောင်းတဲ့အတိတ်နိမိတ်ပါ။ အိမ်၏တောင်ဘက်မှ ပျားလာ၍ဆွဲသော် အိမ်တွင်းသောကရောက်တတ်ပါတယ်။
အိမ်၏မြောက်ဘက်မှလာ၍ပျားစွဲခဲ့သည်ရှိသော်စီးပွားရေးကျတတ်ပါတယ်။
ပျားသည် အိမ်ရဲ့အရှေ့မြောက်ဘက်မှလာစွဲပါက ချီးမြောက်ပူဇော်ခြင်းခံရပေမည်။
အိမ်ရဲ့အရှေ့တောင်ဘက်မှလာစွဲပါက ကြံစည်ထားသမျှ အောင်မြင်တတ်ပါတယ်။
အိမ်ရဲ့အနောက်မြောက်ဘက်မှပျားလာဆွဲခဲ့သည်ရှိသော် ဥစ္စာပစ္စည်းတိုးပွားလာနိုင်သည်။
ပျားသည်အနောက်တောင်မှ လာစွဲပါက ဘေးတွေ့တတ်တာမို့သတိထားနေထိုင်သင့်ပါတယ်။
အိမ်ရဲ့အရှေ့တံခါးမှာ ပျားလာစွဲပါက လာဘ်ရတက်ပါတယ်။
ပျားလာရာအရပ်အလိုက် အကျိုးစီးပွားဖြစ်ထွန်းတာ အကျိုးယုတ်တာတွေလဲဖြစ်လာနိုင်တာမို့ဗဟုသုတအနေနဲ့တင်ပြပေးလိုက်ပါတယ်။ 


Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ