တေဇော(သို့မဟုတ်)`မီး´
တေဇော(သို့မဟုတ်)`မီး´
ဟိုဘက်ကမ်းက မီးရောင်ထိန်..၊
ဆီမီးရောင်ဝါ လင်းပါလို့..၊
မနှင်းတို့အိမ်..။
ဒီဘက်ကမ်းက မီးရောင်မှိန်..၊
ဆီမီး ရောင်ဝါ ကင်းပါပေါ့..၊
`ငဘ´တို့အိမ်..။
တို့တိုင်းဋ္ဌာနီဝယ်..၊
`ကံ´ကြမ္မာရယ် မညီညွှတ်သောကြောင့်..၊
တုံးအောက်ကဖား..ပြားသည့်ဖားကပြား..၊
ဖောင်းသည့် ဖားက..ဖောင်း..၊
ကောင်းကြရောပဲ..။
မနက်ခင်း..နေထွက်သော်လည်း..၊
ဘဝတွေက..မှောင်မိုက်ဆဲ..။
ညနေခင်း..နေဝင်သော်လည်း..၊
ဘဝတွေက..ကြွေပျက်ဆဲ..။
အိပ်စက်နားချိန်မှာ..
စိတ်သက်သာခွင့် ရဖို့အရေး..၊
ဘုရားစင်ထက်က..ရောင်ဝါမီးကို..၊
လှမ်းမျှော်ကာကြည့်လိုက်ပြန်တော့..၊
အလင်းမဲ့နေဆဲ..ပျက်နေဆဲ..။
အမှောင်ခွင်းမည့် `ဘ´မင်းခေါင်လည်း..၊
မေးစေ့ကိုင်ဆဲ..တွေးနေဆဲ..။
တေဇောမီးရယ်က..
ကပ်ရောဂါ တစ်ခုပါ တကား..။
ကုရာနတ္ထိ..ဆေးမရှိပါ တကား..။
စာကြွင်း.. ဝိဇ္ဇာတို့၏ အတွေးသာလျှင်ဖြစ်ပေ၏ ။
နိုင်ငံရေး မဟုတ်ပါခင်ဗျာ ။
Comments
Post a Comment