ရွှေပေါ်ကျွန်းဆရာတော်ဘုရားကြီး ချီးမြှင့်‌ တော်မူသော တြိ တြံ တြာ

 

ရွှေပေါ်ကျွန်းဆရာတော်ဘုရားကြီး ချီးမြှင့်‌ တော်မူသော တြိ တြံ တြာ

 

ကျေးဇူးတော်ရှင်ရွှေပေါ်ကျွန်းဆရာတော်ဘုရားကြီးက သီလလုံ၍ ဘာသာရေးမြဲသော တပည့်သာဝက အပေါင်းတို့အား ချီးမြှင့်တော်မူခဲ့သော တြိ တြံ တြာ အစီအရင်ဖြစ်ပါတယ်။

 

တြိ = ဘုရား၊ တရား၊ သံဃာ တို့၏ တန်ခိုးရှိန်စော်အာနုဘော်တော်တို့ကြောင့်

တြံ = ကြံစည်အပ်သည့် စီးစိမ်ဥစ္စာရတနာရွှေငွေတို့သည်

တြာ= မကြာချက်ချင် အလျှင်အမြန် ရောက်လာပါစေသတည်း ...

 

မွေးနေ့ နံနက် (၉:၄၅) နာရီတိတိအချိန်တွင် ဘုရားစင်ရှေ့၌ ထိုင်ကာ တြိ တြံ တြာရေးထားသော စတေကာကိုကိုင်၍ “ဥုံ တြိ တြံ တြာ” ဟု အခေါက်ရေ (၁၀၀၀) တိတိ ရွတ်ဖတ်ပူဇော်စီရင်ရမည်။

ရွတ်ဖတ်စီရင်သူသည် စီရင်မည့်နေ့၌ အနည်းဆုံး ငါးပါးသီလလုံခြုံရမည်၊ အရက်သေစာမသောက်ရ၊ ကျွဲသားနွားသားမစားရ (သားသတ်လွတ်စားနိုင်လျှင်ပိုကောင်းသည်) ၊ ရေချိုးသန့်စင်ရမည်။

အလုပ်ရုံ၊ ပွဲရုံ၊ ဆိုင်ခန်း၊ မော်တော်ယာဉ်များတွင် စတေကာကပ်ခြင်း (သို့) ချိတ်ဆွဲထားခြင်းဖြင့် စီးပွား‌လာဘ်လာဘများသိသာထင်ရှားစွာတိုးတက်အောင်မြင်စေနိုင်ပါသည်။

[ မှတ်ချက် ။ ။ ဘာသာရေးမမြဲသူ၊ ကျွဲသား၊ နွားသားစားသူ၊ အရက်သေစာသောက်သုံးသူ၊ သူများသားမယားပစ်မှားစော်ကားသူများ လုပ်ဆောင်စီရင်ရန် လုံးဝမသင့်လျှော်ပါ။ ]

 

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ