နယုန်လမွေးဖွားသူများအကြောင်း၊ ဆောင်ရန်၊ ရှောင်ရန်နှင့် ယတြာ

 

နယုန်လမွေးဖွားသူများအကြောင်း၊ ဆောင်ရန်၊ ရှောင်ရန်နှင့် ယတြာ

နယုန်လတွင်မွေးဖွားသူများသည် ဘာမဆိုစိတ်ဝင်စားတတ်၏။ မိတ်ဖွဲ့ကောင်း၏အပေါင်းအသင်းအလွန်မက်မည်။ အပေါင်းအဖော်နှင့်နေရမှပျော်တတ်တယ်။စိတ်ထိခိုက်လွယ်ပြီးလိုချင်တာအငမ်းမရဖြစ်တတ်တယ်။ တဇွတ်ထိုးလုပ်တတ်တယ်၊ စိတ်နှစ်ခွရှိမယ်၊ဘယ်ကိစ္စမဆို စိတ်ဒွိဟနှင့် ဆုံးဖြတ်ရခက်နေတတ်တယ်။သို့သော် အသိဉာဏ်ထက်မြက်ကြမယ်။ ယောက်ျားပီသသော စိတ်ဓါတ်ရှိမယ်။ အမျိုးသမီးများမှာလည်း ထက်မြက်ကြမယ်။ ယောကျာၤးဆန်မယ်။ မလိမ်တတ် မညာတတ်။ ဘယ်အခက်အခဲမျိုးကိုမှ နောက်မဆုတ်တတ်။ လွတ်လပ်မှုကိုမြတ်နိုးတယ်။ စည်းကမ်းဘောင်တို့ကိုလုံးဝမကြိုက်အထူးလွတ်လပ်လိုစိတ်ရှိမယ်။

ငွေကိုပြင်းထန်စွာရှာတတ်တယ်။ လောင်းကစားဘက်ရောက်သွားတတ်တယ်။ သူဋ္ဌေးဖြစ် ခွေးဖြစ်ကြံတတ်၏။ သုံးစရာရှိက သုံးပစ်တတ်၏။ ကုန်သွားကလည်း မနှမြောတတ်။ ရွှေတစ်နေ့ငွေတစ်နေ့ဖြစ်နေမယ် ။ လောဘကြီးတတ်တယ်။ အတွေးအခေါ်ဉာဏ်ထက်သလောက် အစွန်းရောက်တတ်တယ်။ အပြုသမားဖြစ်လျှင်လည်း သူများထက်ပို၍ ထူးခြားစွာအများကောင်းကျိုးဆောင်ရွက်တတ်တယ်။ အပြုသမားမဖြစ်က အဖျက်သမားကြီးဖြစ်တတ်မယ်။ လောင်းကစားမှုကို အထုံဝါသနာ အစွဲကြီးစွာ ပါလာတတ်ပြီး တစ်ချီကောင်းပွပေါက်ကြံတတ်တယ်။ ဆင်ခြင်ကရှောင်နိုင်မယ်။ သစ်လွင်တောက်ပမှု၊ သန့်ရှင်းသန့်ရပ်မှုကို နှစ်သက်မယ်သူတစ်ပါးအပေါ် အယုံအကြည်နည်းပါးပြီး။ အမြဲတမ်း စရိုက်နှစ်မျိုးဖြစ်နေတတ်မည်။

ဘာသာရေးတွင် ပါရမီထူးတတ်ပြီး အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်နိုင်စွမ်းသော ပါရမီထူးရှိမယ်။ စိတ်မြန်၊ ကိုယ်မြန်ရှိတယ်။ သူတစ်ပါးမတွေးသောရှုထောင့်မှ ထူးခြားထက်မြက်စွာ တွေးတတ်ပြီး ချက်ချင်းထလုပ်တတ်တယ်။ အပေါ်ယံသိမ်မွေ့သလောက် အတွင်းစိတ်မာကြောခိုင်ခန့်မာတတ်တယ်။ မဟုတ်မခံမာနကြီးမယ် သူတစ်ပါးတို့အတွက် ပြဿနာ အခက်အခဲများရင်ဆိုင်ရခြင်းမျိုး မကြာခဏ ကြုံတတ်တယ်။ စိတ်မြန်ကိုယ်မြန်လုပ်ခြင်းကို အမြဲရှောင်ပါ။ နယုန်လမွေးဖွားသူတို့သည် အဖော်အပေါင်းကိုနှစ်သက်သော်ငြား သူတစ်ပါးတို့အပေါ်တွင်သံသယစိတ်၊ မယုံကြည်သောစိတ်ကြောင့် တစ်ကိုယ်တည်းအထီးကျန်စွာနေရတတ်တယ်။ အလုပ်တစ်ခု မပြီးစီးမီနောက်ထပ်တစ်ခုကို ပြောင်းလုပ်တတ်တယ်။

သူတစ်ပါးအပေါ် အလွယ်တကူ မယုံတတ်သော်လည်း ယုံမိပြီဆိုကထိုသူပြောသမျှ အမှားကိုပင် အမှန်ထင်ကာ ယုံတတ်တယ်။ ကိစ္စတစ်ခုဖြစ်လာကအနီးကပ်လူပြောသမျှ ယုံမိတတ်တယ်။ဘဝတွင် ကိုယ်ကျိုးသက်သက် မကြည့်၊ စိတ်လိုက်မာန်ပါထင်ရာစိုင်းတတ်ခြင်း၊ အများအတွက် ဆောင်ရွက်နိုင်ခြင်းတို့သည်သူများထက်ပိုထူးတတ်တယ်အချစ်ရေးအိမ်ထောင်ရေး အလှအပမက်မအပျော်အပါးမက်၏။ အချစ်ရေးတွင် အရူးအမူးချစ်တတ်ကြ၏။ အပြောင်းအလဲမြန်တတ်ကြ၏။ အချစ်ရေးတွင် လိမ္မာပါးနပ်စွာဖြင့် အချစ်ဇာတ်လမ်းများ ဖန်တီးတတ်ကြ၏။ ထို့ကြောင့် အချစ်ရေးအိမ်ထောင်ရေးသာယာပြီးမှမထင်မှတ်ဘဲကွဲတတ်ကြရတတ်ပါတယ်။ အများစုသည်တကယ်ချစ်မိကဘာမှ မမြင်လောင်အောင် ချစ်တတ်ကြမယ်။ အနုပညာဝါသနာကြီးပြီး ဘဝကို စိတ်ကူးယဉ်ဆန်စွာ လှုပ်ရှားတတ်တယ်။

နယုန်လမွေးဖွားသူများသည်ပတ်ဝန်းကျင်ကို ဆွဲဆောင်နိုင်ဖို့ အမြဲကြိုးစားနေတတ်ကြ၏။ ထုံးတမ်းစဉ်လာတို့ကို သိပ်လက်မခံကြ။ လွပ်လပ်စွာ၊ ပျော်ရွှင်စွာနေထိုင်လိုကြမည် ခေတ်မီသော အတွေးအခေါ်တို့နှင့် ခေတ်မီစွာကျင့်သုံးတတ်တယ်။ ချစ်လိုက် မုန်းလိုက်နှင့် နားလည်ရအလွန်ခက်၏။စကားတတ်ပြီး လျှို့ဝှက်သိပ်သည်းစွာ ပြောဆိုတတ်၏။ တစ်ခါတစ်ရံ အုံ့ပုန်းချစ်နှင့် ချစ်နေတတ်တယ် အမျိုးသားကော၊ အမျိုးသမီးများပါ အိမ်ထောင်ပြုပြီးမှ ခြေငြိမ်တတ်၏။ ထူးခြားချက်မှာ ဘဝအစကတည်းက အကြောင်းကြောင်းကြောင့် အထီးကျန်ဆန်သော ခံစားမှုရှိနေခဲ့တတ်ကြ၏။ သို့သော် ဘဝအစကတည်းက ပြည့်စုံမှု၊ကြွယ်ဝမှုတို့ ဖြစ်နေတတ်ကြ၏။ ဘဝတူလူတန်းစားထဲတွင်ပြည့်စုံသူများဖြစ်တတ်ကြ၏ဉာဏ်ထက်ခြင်း၊ ဇွဲကောင်းခြင်းတို့နှင့်အတူ သာမန်သူတို့ထက်ပို၍ စွမ်းရည်ပြည့်ဝနေတတ်၏။

သူတစ်ပါးတို့ထက်နှစ်ဆပို၍စွမ်းဆောင်နိုင်ကြ၏။ စိတ်ဒွိဟဖြစ်ခြင်း၊ အလုပ်အမျိုးမျိုးပြောင်းလုပ်ခြင်း၊ အလုပ်နှစ်ခု ပြိုင်တူလုပ်ခြင်း ဆင်ခြင်ပါသူတစ်ပါးအပေါ် သံသယကြီးသလောက် ယုံမိလျှင်ပုံအပ်ခြင်းရှောင်သင့်ပါတယ်။ ကိုယ့်ဒူးကိုယ်ချွန် အောင်မြင်မည်။ လူမျိုးခြားတို့နှင့်ဆက်စပ်ပြီးအောင်မြင်တတ်၏။ ဘဝတွင် ခက်ခဲစွာ ရုန်းကန်ယူရမည်ဟူသော လွဲမှားသည့် အတွေးများကို ဖယ်ထားပါ။ လွတ်လပ်ပေါ့ပါးစွာ ယုံကြည်စိတ်ဖြင့်လုပ်ရင်း လွယ်ကူစွာအောင်မြင်တတ်ပါတယ်။ လက်လွယ်ခြင်းလက်ဖွာခြင်းရှောင်ပါ။ လောင်းကစားနှင့် ဖြတ်လမ်းစီးပွားမှန်သမျှ ရှောင်ပါ။ အလုပ်နှစ်ခု တွဲလုပ်ရမည်။ ပိုင်ပိုင်နိုင်နိုင် ရွေးချယ်ပြီးမှလုပ်ပါ။ ငွေရှာ၍လွယ်မည်။ ဖက်စပ်လုပ်ငန်းကောင်းကျိုးပေးမည်။ လုပ်ငန်းတစ်ခု မပြီးပြတ်မီအခြားလုပ်ငန်းတစ်ခုလုပ်ရန် အခြေအနေမျိုး မကြာခဏကြုံမည်။ သတိပြုပါ။ ဘဝတွင် အတက်အကျများစွာ ကြုံတတ်၏။

ကုမ္ပဏီအလုပ်၊မန်နေဂျာအလုပ်၊ ဖက်စပ်လုပ်ငန်းအဝတ်အထည်လုပ်ငန်း၊တေးသံသွင်းဆိုင်၊ အနုပညာလုပ်ငန်းများ၊ စာပေ၊ ဂျာနယ်သတင်းထောက်အလုပ်များ အထူးကောင်းကျိုးပေးတတ်၏။ အထူးမှာ အတတ်ပညာတစ်ခု ထူးချွန်ကာ နိုင်ငံခြားအထိရောက်ရှိတိုးတက်သွားတတ်၏။ ဘာမဆိုပြတ်သားစွာရွေးချယ်သင့်ပါတယ်။လိုက်နာသင့်သောသူ၏  အကြံဉာဏ်ကို မာနကင်းစွာ အကြံယူလိုက်နာသင့်၏။ မနာလိုမှု၊ ဝေဖန်မှုများ အမြဲသည်းခံပါ။ခေါ င်းမမာပဲ တည်ကြည်စွာကြိုးစားပါ။ အထူးအောင်မြင်သွားပါမယ်။ ဝါသနာပါ၍ ဆေးပညာလိုက်စားခဲ့ပါက မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ ခွဲစိပ်ပါရဂူကြီးများဖြစ်တတ်ပါတယ်။ စာရေးဆရာဘက်တွင်အချစ်ရသစာပေဖြင့် အထူးအောင်မြင်နိုင်တယ်။ မည်သို့ပင်ဖြစ်စေမည်သည့်လုပ်ငန်းပဲ လုပ်လုပ် လွယ်ကူစွာဖြင့် စီးပွားဖြစ်ထွန်းသူများသာ ဖြစ်တတ်ပါတယ်။ ငွေကံပွင့်သူများဟု ဆိုရမည်။

ကျန်းမာရေးအနေအထားများက အထူးသတိပြုသင့်သည်မှာ ဘာရောဂါမှမဖြစ်သေးဘဲ အထူးစိုးရိမ်နေတတ်ခြင်းပင်ဖြစ်၏။ သို့သော် တစ်ခါတစ်ရံတွင် ထင်သလိုပြုမူနေထိုင်ခြင်းအပျော်အပါးလောင်းကစားဘက်တွင်များခြင်းတို့ကြောင့် ကျန်းမာရေးထိခိုက်တတ်တယ်။ အထူးသဖြင့် အတွေးလွန်သဖြင့် အိပ်မပျော်သောရောဂါ ရတတ်၏။ ဝမ်းဗိုက်နှင့် အူလမ်းကြောင်းတွင် ရောဂါရတတ်၏။ သွေးလုံးလေလုံးရောဂါ ရတတ်၏။ လည်ပင်းအကျိတ်ရောဂါနှင့် ဦးနှောက်အာရုကြောရောဂါတို့ဖြစ်တတ်၏။ သို့သော်နယုန်လမွေးဖွားသူတို့သည် ရောဂါကြီးကြီးမားမား ဖြစ်ခဲပါသည်။ ကျန်းမာရေးအတွက်အသက်ရူလေ့ကျင့်ခန်း(အာနာပါနကို အမြဲတမ်း ပြုလုပ်နေထိုင်ပါ။ နယုန်လမွေးဖွားသူတို့သည် အများအားဖြင့် စိတ်အတက်အကျမြန်မယ်တစ်ချီကောင်း ပွပေါက်ကြံတတ်သည်။ ယုံကြည်ရာ စွတ်လုပ်တတ်၏။ထို့ကြောင့်ဘဝသည်လည်း အတက်အကျမြန်၏။ ရွှေတစ်နေ့ငွေတစ်နေ့ဖြစ်နေတတ်ပါသည်။

အိမ်ထောင်ရေးတွင်လည်း သာယာနေပြီးမှ ရုတ်တရက် ပြိုကွဲသွားတတ်၏။ အပြောင်းအလဲမြန်ပြီးဆန်းသစ်မှုကို လိုလားမည်။ ခေါင်းမာစွာတဇွတ်ထိုးလုပ်တတ်တယ်သူတစ်ပါးအတွက်လည်း စွန့်လွှတ်ရဲတယ်။ ကိုယ်တိုင်လည်း စွန့်လွှတ်ရဲ၏။ ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေမှန်ရာကိုပြောတတ်၊ လုပ်တတ်လွန်းသဖြင့် အကျိုးစီးပွား ထိခိုက်တတ်၏။ ငွေကြေးအထူးကံကောင်းတတ်တယ် မထင်မှတ်သော အမွေအနှစ်၊ ထီပေါက်စသော ပွပေါက်များကြုံပြီး ထိပ်သို့ရောက်သွားတတ်၏။ အသင်းအဖွဲ့၊ ကုမ္ပဏီတို့တွင်နေရာကောင်းရသွားပြီးကြီးပွားသွားတတ်တယ်။

မိဘဆွေမျိုး အထောက်အပံ့ရမှုနည်းတတ်ပြီး ကိုယ်ထူးကိုယ်ချွန်ရပ်တည်အောင်မြင်တတ်ကြသည်။ ဆွေမျိုးများထက် သူတစိမ်း၊ လူမျိုးခြားကောင်းကျိုးခံစားရပြီး ကြီးပွားတတ်၏။ဘဝတွင် သူတစ်ပါးတို့၏ မနာလိုမှု၊ ဝေဖန်မှု၊ တိုက်ခိုက်မှုတို့ကို မကြာခဏခံရတတ်တယ်ချီးမွမ်းမှုထက် ကဲ့ရဲ့မှုပြုလိုသူများသာမကြာခဏခံရမည်။

နယုန်လမွေးဖွားသူတို့သည် အပေါင်းအဖော်မက်မောသော်လည်း အခြေအနေအရ တစ်ယောက်တည်းနေရသော အခါမျိုးတွင်လည်း ပင်ပန်းစွာ ရုန်းကန်၍ တိုက်ခိုက်ပြောဆို၍ ရင်ဆိုင်မည်ဆိုသော ရန်လိုစိတ်ပယ်ပါ။ အေးအေးဆေးဆေးပဲဟု သဘောထား၍လုပ်ပါမယုံသင်္ကာစိတ်၊ စိတ်အားငယ်စိတ်တို့ကို ပယ်ပါ။ ဘယ်ကိစ္စမဆို ရဲရဲဝံ့ဝံ့နှင့်အေးဆေးတည်ငြိမ်စွာ ပြောဆိုဖြေရှင်းပါ။ လုပ်ကိုင်ပြုမူပါ။

အထူးသဖြင့် အဖြူရောင်၊ ငွေရောင်၊ အဝါနုရောင်၊ ဆင်စွယ်ရောင်တို့ကို အထူးဆောင်ပါ။ အနက်၊ အညို ရှောင်ပါ။ စိန်ကို ပလက်တီနနှင့်ကွင်းပြီး လက်စွပ်ဝတ်ပါ။ အမျိုးသမီး၊ အမျိုးသားအားလုံး ပလက်တီနမ်နှင့်ဖြစ်စေ၊ ရွှေနှင့်ဖြစ်စေ စိန်ကို လက်စွပ်ကွင်းပြီး လက်ခလယ်တွင် ဝတ်ဆင်ထားပါ။အမျိုးသားများ ကြောင်ကျောက်ကို ရွှေနှင့်ကွင်းပြီး လက်ညှိုးတွင် ဝတ်ဆင်ထားပါ။ နှင်းဆီပန်းကို အထူးဆောင်နိုင်၏။ နှင်းဆီပန်းအဝါ၊ အဖြူလာဘ်ကောင်းပါမည်။



Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ