၄၉ရက် အဓိဋ္ဌာန် ဘာကြောင့် ဝင်ကြသလဲ
၄၉ရက် အဓိဋ္ဌာန် ဘာကြောင့် ဝင်ကြသလဲ
အကျင့်စခန်းမှာ အဓိဋ္ဌာန်သမား အတော်များများ ၄၉ ရက် အဓိဋ္ဌာန်ဝင်လေ့ ရှိကြပါတယ်။
"ဘုရား အရိယာတို့ မည်သည် . . .
ကျင့်ကတည်းက ကိုယ့်အတွက် မဟုတ်ဘူးဗျ။
သတ္တဝါ ဝေနေယျများအတွက်
ခုနှစ်ရက်သားသမီးများ အတွက်ဗျ။
ခုနှစ်ရက် သားသမီးများ အတွက်ဆိုတော့ ခွန် ခွန် နှစ်လီ ၄၉ မို့လားဗျ . . .
အဲဒါကြောင့် ၄၉ရက် အဓိဋ္ဌာန် ဝင်ပြီဆိုကတည်းက
ခုနှစ်ရက်သားသမီးအတွက် အလုပ်လုပ်ရတယ်။
ဘုရားရှင် ကိုယ်တော်မြတ်ကြီးက စပြီး ၄၉ ဂဏန်းကို သုံးသွားတာပဲ . . .
ဘုရားအဖြစ် ရောက်တော်မူမည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ့မနက်စောစော သုဇာတာ သူဌေးသမီးကပ်တဲ့ ဃနာနို့ဆွမ်းကို ဘုဉ်းပေးတာ ဘယ်နှလုတ်လဲဗျ . . .
အဲ့ဒါ ခုနှစ်ရက် သားသမီးအကျိုး လောကအကျိုး ရည်ညွှန်းတာပဲဗျ . ဘုရားဖြစ်တော့ကောဗျာ . . .။
ဗောဓိပင်နဲ့ ရွှေပလ္လင်ကစပြီး သတ္တဌာန ခုနှစ်ဌာန သီတင်းသုံးသွားတယ် မဟုတ်လား တစ်ဌာန တစ်ဌာနစီမှာလည်း ဘယ်နှစ်ရက် သီတင်းသုံးသွားတာလဲဗျ . . .
'ခုနှစ်ဌာန ခုနှစ်ရက်စီ ဆိုတော့ ခုနှစ်ရက်သားသမီး ကယ်ချွတ်ဖို့ ရည်ရွယ်တော်မူတာပဲ ဒါလည်း ခုနှစ်ဌာန ခုနှစ်ရက်စီဆိုတော့ ၄၉ ပဲမဟုတ်လား။
ဒါကြောင့် နှောင်းခေတ် အဓိဋ္ဌာန်သမား တွေဟာလည်း ဘုရားသာသနာမှာ ဘုရားလမ်းစဉ်လိုက်ပြီး
၄၉ ရက် အဓိဋ္ဌာန်ဝင်ကြလေ့ ရှိတယ်။
ဘုရား အရိယာတို့မည်သည် . . .
ကျင့်ကတည်းက ကိုယ့်အတွက် မဟုတ်ဖူးဗျ .
မဟာဗောဓိမြိုင်ဆရာတော်



Comments
Post a Comment