၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ
၁.၄.၂၀၂၃ မှ ၃၀.၄.၂၀၂၃ အထိ တနင်္ဂနွေသားသမီးများအတွက် တစ်လစာကံကြမ္မာဟောကိန်း။
တနင်္ဂနွေသားသမီးများသည်
ဒီကာလတွင် အနာဂတ်အတွက် အစီအစဉ်ကောင်းများ ချမှတ်ရတတ်သည်။
လုပ်ငန်းအပြောင်းအရွှေ့၊ အိမ်အပြောင်းအရွှေ့များ ဖြစ်ပေါ်လိမ့်မည်။
ရပ်ဝေးမှ စာအဆက်အသွယ်၊ အချိတ်အဆက်ကောင်းများ ရောက်လာလိမ့်မည်။
စာချူပ်စာတမ်း၊ စာရင်းဇယားကိစ္စများ အဆင်ပြေအောင်မြင်လိမ့်မည်။
လက်မှတ်ရေးထိုးခြင်း၊ အရောင်းအဝယ်ကိစ္စစကားပြောဆွေးနွေးခြင်းတို့
အဆင်ပြေလိမ့်မည်။ ဘာသာရေးဆိုင်ရာအလုပ်များ ပေါ်ပေါက်လာရတတ်သည်။
ပညာရေးနှင့်ပတ်သက်ပြီး သင်တန်းကိစ္စ၊ အင်တာဗျူးကိစ္စများ
အောင်မြင်လိမ့်မည်။ ရေကြောင်းခရီး၊ ပြည်ပခရီးများ ဒီရက်ပိုင်းအတွင်း
လုပ်ဆောင်ပါက အဆင်ပြေချောမွေ့လိမ့်မည်။ ၁ ရက် ၂ ရက် ကြားရက်များတွင်
ကံဇာတာအနည်းငယ် ညိုးမှိန်ရတတ်သည်။ ကျန်းမာရေးအနည်းငယ် ချူချာလိမ့်မည်။
ခါးနာခြင်း၊ ခါးကိုက်ခြင်း၊ အမြင့်မှချော်ကျခြင်းတို့ ကြုံတွေ့ရတတ်သည်။
ဆေးရုံ၊ ဆေးခန်းရောက်ရတတ်သည်။ ခြေထောက်ပိုင်းတွင် ထိခိုက်ဒဏ်ရာရခြင်း၊
အနာတရဖြစ်ခြင်းတို့ ကြုံတွေ့ရတတ်သည်။ ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက်
အကျဥ်းအကြပ်ပြဿနာများ ကြုံတွေ့ရတတ်သည်။ အလုပ်များ၊ ရည်ရွယ်ချက်များ
ရှေ့မဆက်နိုင်ဘဲ တို့လို့တန်းလန်းဖြစ်နေရတတ်သည်။ ငွေများဝင်သော်လည်း
အဖတ်မတင်ဖြစ်ရတတ်သည်။ နေအိမ်အနီး၌ နာရေးကိစ္စပေါ်ပေါက်ရတတ်သည်။ မိမိမှာလည်း
အငြိမ်နေသည်မရှိဘဲ လှုပ်ရှားရုန်းကန်နေရတတ်သည်။ မြေကိစ္စ၊
အမွေကိစ္စတို့အတွက် စကားများရန်ဖြစ်ရတတ်သည်။ သူတစ်ပါး၏
အကြောင်းမဲ့စွပ်စွဲပြောဆိုခြင်းကိုခံရတတ်သည်။ ဟိုဟာလုပ်ရကောင်းနိုးနိုး၊
ဒီဟာလုပ်ရကောင်းနိုးနိုးနှင့် အချိန်ကုန်သွားရတတ်သည်။ မည်သည့်အခက်အခဲနှင့်
ကြုံသည်ဖြစ်စေ စိတ်ရှည်ရှည်ထားပြီး ရင်ဆိုင်ဖြေရှင်းပါက အခက်အခဲများမှ
လွတ်မြောက်ပါလိမ့်မည်။ ၂ ရက်နေ့ နောက်ပိုင်းတွင်တော့
ကံဇာတာပြန်လည်ပွင့်လင်းတိုးတက်လာပါလိမ့်မည်။ အရေးကြီးသော ကိစ္စများကို
တပြိုင်နက်ထဲ ကြုံတွေ့လာရတတ်သည်။ မိမိကိုးကွယ်သော မယ်တော်တစ်ဦးဦးက
ကူညီမ,စလိမ့်မည်။ တရားရုံးအမှုအခင်းတို့နှင့် ရင်ဆိုင်ပတ်သက်ရတတ်သည်။
သို့သော်မိမိကသာ အနိုင်ရရှိလိမ့်မည်။
လူမှုရေး
လူမှုရေးတွင် မိမိအပေါ်မှာ အမြင်မကြည်မှုများရှိသော်လည်း မိမိကို လူအများက ပြစ်တင်ပြောဆိုခြင်းကို မဝံ့ရဲသောကာလဖြစ်သည်။
အချစ်ရေး
အချစ်ရေးတွင် ချစ်သူနှစ်ယောက် တပြိုင်နက်ထဲထားမိ၍ တစ်ယောက်ယောက်ကို ရွေးချယ်ရခက်သော ကာလဖြစ်သည်။
အိပ်မက်
ကလေးများ လွတ်လပ်ပျော်ရွှင်စွာ ဆော့ကစားနေသည်ကို အိပ်မက်ပါက ကံကောင်းလာပါလိမ့်မည်။
အကျိုးပေးဂဏန်း
၀-၂-၁
ယတြာ
ကံ့ကော် ၂ ညွှန့်အား ဘုရားတွင် ကပ်လှူပူဇော်ပေးပါ။
၁.၄.၂၀၂၃ မှ ၃၀.၄.၂၀၂၃ အထိ တနင်္လာသားသမီးများအတွက် တစ်လစာကံကြမ္မာဟောကိန်း။
တနင်္လာသားသမီးများသည်
ဒီကာလတွင် စီးပွားလုပ်ငန်းများ အဆင်ပြေကောင်းမွန်နေရတတ်သည်။
မိတ်ဆွေအပေါင်းအသင်းများက ကူညီမ,စမှုကို ရရှိရတတ်သည်။ ကြာသပတေးသားသမီး၊
ကြာသပတေးနာမည်ရှင်တို့၏ အကူအညီကောင်းများကို ရရှိရတတ်သည်။ ဆရာသမားများနှင့်
ရန်အတိုက်အခံ ဖြစ်ပွားရတတ်သည်။ ဒီရက်ပိုင်းအတွင်း ဘာသာရေးကို
ဖိဖိစီးစီးလုပ်ကိုင်ပါက အကျိုးထူးတစ်ခုကို ရရှိရတတ်သည်။ လူချစ်လူခင်
များပြားနေရတတ်သော ကာလဖြစ်သည်။ ချစ်သူခင်သူများနှင့်
ပျော်ရွှင်ဖွယ်ရာခရီးများ သွားရောက်ရတတ်သည်။ အချစ်ရေးကိစ္စ၊
မင်္ဂလာကိစ္စတို့တွင် ပါင်ကူညီလုပ်ကိုင်ရတတ်သည်။ အလွန်ကောင်းသော
စက်ပစ္စည်းတစ်ခုကို ရရှိရတတ်သည်။ ရေကြောင်းခရီး တစ်ခုခုသွားရောက်ရတတ်သည်။
ရပ်ဝေးမှ ဝမ်းသာစရာ၊ စိတ်ချမ်းသာစရာ သတင်းကောင်း၊ ဧည့်သည်ကောင်းများ
ရောက်ရှိလာရတတ်သည်။ ကံကြမ္မာ၏ မျက်နှာသာပေးခြင်းကို ခံရသောကာလဖြစ်သည်။
အခွင့်အလမ်းကောင်း၊ အလုပ်အကိုင်ကောင်းများ ရရှိရတတ်သည်။ ဝန်ထမ်းဖြစ်ပါက
အကြီးအကဲ၏ မျက်နှာသာပေးခြင်း၊ အခွင့်အရေးပေးခြင်းကို ခံရတတ်သည်။
ကိုယ်ပိုင်လုပ်ငန်းဖြစ်ပါက လုပ်ငန်းတိုးချဲ့ဖို့ အခွင့်အရေးကောင်း၊
အချိတ်အဆက်ကောင်းများနှင့် ကြုံတွေ့ရတတ်သည်။ ကျန်းမာရေးညံ့သောသူများ
အနာနှင့်ဆေးတွေ့ပြီး ပြန်လည်သက်သာကောင်းမွန်လာရတတ်သည်။
နာမည်ဂုဏ်သတင်းကြီးမြင့်ခြင်း၊ ဆုတံဆိပ်များ ရရှိခြင်းတို့
ကြုံတွေ့ရတတ်သည်။ အစစအရာရာ မိမိလုပ်သမျှ အကောင်းထင်ခံရသော ကာလဖြစ်သည်။
အောက်လက်ငယ်သား၊ သားသမီးတို့၏ သတင်းကောင်းများကို ကြားသိရတတ်သည်။
စပ်တူလုပ်ငန်းများ အောင်မြင်မှုရရှိရတတ်သည်။ ဘာကိုပဲလုပ်လုပ်
ရဲရဲဝံ့ဝံလုပ်ရမည့် ကာလဖြစ်သည်။ ဧကန်မုချတိုးတက်ပါလိမ့်မည်။
လူမှုရေး
လူမှုရေးတွင် လူအများ၏ ရိုသေလေးစားခြင်းကို ခံရ၍ မိမိဘာလုပ်လုပ် ချီးမွမ်းခံရသော ကာလာဖြစ်သည်။
အချစ်ရေး
အချစ်ရေးတွင် ချစ်သူနှစ်ဦး ပျော်ရွှင်ကြည်နူးရ၍ ဟန်နီးမွန်းခရီးများ ထွက်ခွာရတတ်သည်။
အိပ်မက်
စကြာဝဠာထဲမှာ ကြယ်များကို ခူးဆွတ်စားသုံးနေရသည်ဟု အိပ်မက်ပါက ကံကောင်းလာပါလိမ့်မည်။
အကျိုးပေးဂဏန်း
၆-၇-၉
ယတွာ
မိမိချစ်ခင်ရသူများကို မုန့်ဝယ်ကျွေးလိုက်ပါ။
၁.၄.၂၀၂၃ မှ ၃၀.၄.၂၀၂၃ အထိ အင်္ဂါသားသမီးများအတွက် တစ်လစာကံကြမ္မာဟောကိန်း။
အင်္ဂါသားသမီးများသည်
ဒီကာလတွင် တစ်ယောက်ယောက်က မိမိကို ထိန်းချုပ်အကြပ်ကိုင်နေသကဲ့သို့
စိတ်တွင်ခံစားရတတ်သည်။ မိမိအား အောက်လမ်းနည်းဖြင့် ပြုစားနေသကဲ့သို့
ဖြစ်ပေါ်ခံစားရတက်သည်။ သူတစ်ပါးကို အာမခံလိုက်မိ၍
မိမိမှာစိတ်ညစ်စိတ်သောကရောက်ရတတ်သည်။ အစာမှားခြင်း၊ အစာအဆိပ်သင့်ခြင်းများ
ကြုံတွေ့ရတတ်သည်။ သတိထားပါ။ သူတစ်ပါးက မိမိအား မတရားစွပ်စွဲပြောဆိုခြင်းကို
ခံရတတ်သည်။ သည်းခံလိုက်ပါ။ ပြန်လည်မတုံ့ပြန်ပါနှင့်။ လုပ်ငန်း၌
ရန်အတိုက်အခံပေါ်ပေါက်ရတတ်သည်။ မိမိမလုပ်ချင်သော အလုပ်များ
စိတ်မပါစွာလုပ်ကိုင်ရတတ်သည်။ ခြေလက်ခိုက်မိ၍ ထိခိုက်အနာတရဖြစ်ရတတ်သည်။
လုပ်သမျှကိုင်သမျှ အလွဲလွဲအချော်ချော် ဖြစ်ရသောကာလဖြစ်သည်။
အိမ်မွေးတိရစ္ဆာန်များကြောင့် စိတ်ညစ်ရခြင်း၊ စကားများရန်ဖြစ်ရခြင်းတို့
ကြုံတွေ့ရတတ်သည်။ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကြားရက်များတွင်
ကံကြမ္မာအပြောင်းအလဲများ ဖြစ်ပေါ်လာပါလိမ့်မည်။ အလုပ်နေရာထိုင်ခင်း၊
အိမ်နေရာထိုင်ခင်းများ အပြောင်းအရွှေ့ဖြစ်ပေါ်လိမ့်မည်။
ထေ့ငေါ့နေသောကိစ္စများ ပြေလည်သွားလိမ့်မည်။ မိမိအပေါ်
မကြည်ဖြူသောသူများနှင့် အဆင်ပြေညှိနှိုင်းပြေလည်သွားရတတ်သည်။
ငွေအကုန်အကျများ လျော့ပါးသက်သာလိမ့်မည်။ ရုတ်တရက် အကူအညီကောင်းရရှိခြင်း၊
စီးပွားတိုးတက်ခြင်းများ ဖြစ်ပေါ်လိမ့်မည်။ အကူအညီ၊ အထောက်အပံ့ကောင်းများ
ရရှိရတတ်သော ရက်အပိုင်းအခြားဖြစ်သည်။ ထီပေါက်ခြင်း၊ ချဲပေါက်ခြင်း၊
ဘောနပ်ရခြင်းတို့ကြောင့် ငွေအစုလိုက်အပြုံလိုက် ဝင်လိမ့်မည်။ ၄ ရက် ၅ ရက်
နောက်ဆုံးရက်များတွင်တော့ အကြီးအကဲများကြောင့် စိတ်သောကရောက်ရတတ်သည်။
အိမ်တွင်းရေး၊ အိမ်ထောင်ရေး အဆင်မပြေဖြစ်ရတတ်သည်။ အစိုးရ၏ ချီးမြှင့်မှုကို
ခံယူရရှိရတတ်သည်။ ပညာရေးတွင် ဖြေဆိုထားသော စာမေးပွဲများ
အောင်မြင်လိမ့်မည်။ မိမိအနီးအနားရှိ လူတစ်ယောက်ယောက်၏ အကူအညီတစ်ခုခုကို
ရရှိရတတ်သည်။ စာချုပ်စာတမ်းကိစ္စများ၌ လက်မှတ်ရေးထိုးရတတ်သည်။ ခြေထောက်၊
ဒူး၊ ခါးတို့တွင် ကျန်းမာရေးညံ့ဖျင်းရတတ်သည်။ သတိထားပါ။
လူမှုရေး
လူမှုရေးတွင် အကြီးအကဲနေရာရရှိသော်လည်း ခေါင်းခံရ၍ အလွန်စိတ်ညစ်ရသောကာလဖြစ်သည်။
အချစ်ရေး
အချစ်ရေးတွင် အမေ သို့မဟုတ် အစ်မကြီးတစ်ယောက်ယောက်၏ ထိန်းချုပ်အကြပ်ကိုင်ခြင်းကို ခံရတတ်သည်။
အိပ်မက်
မိမိကိုယ်တိုင် မင်းဧကရာဇ်တစ်ပါးဖြစ်နေရသည်ဟု အိပ်မက်ပါက ကံကောင်းလာပါလိမ့်မည်။
အကျိုးပေးဂဏန်း
၈-၄-၅
ယတြာ
ခွေးများကို အမဲသား ၈ တုံး ကျွေးလိုက်ပါ။ အညံ့အခိုက်တွေ ပြေပျောက်ပါစေလို့ ရွတ်ဆိုပေးပါ။
၁.၄.၂၀၂၃ မှ ၃၀.၄.၂၀၂၃ အထိ ဗုဒ္ဓဟူးနှင့်ရာဟု သားသမီးများအတွက် တစ်လစာကံကြမ္မာဟောကိန်း။
ဗုဒ္ဓဟူးနှင့်ရာဟု
သားသမီးများသည် ဒီကာလတွင် အိမ်တွင်းရေးပြဿနာများ ပေါ်ပေါက်ရတတ်သည်။
သားသမီးရှိသူများ သားသမီးတစ်ဦးဦးအတွက် စိတ်ညစ်စိတ်သောကရောက်ရတတ်သည်။
တောင်ဖက်အရပ်သို့ ခရီးတစ်ခုသွားရတတ်သည်။ ဘုရားဆင်းတုတော်များ၊ ဓာတ်ပုံများ
အိမ်သို့ကြွရောက်လာရတတ်သည်။ ငွေများဝင်သော်လည်း ထွက်စရာများ
ဆက်တိုက်ပေါ်ပေါက်ရတတ်သည်။ မိမိ၏ အကြောင်းကို မကောင်းသတင်းပြောခြင်း၊
စွပ်စွဲနာမည်ဖျက်ခြင်းများ ပေါ်ပေါက်ရတတ်သည်။
အကြောင်းမဲ့ရန်လုပ်ပုတ်ခတ်ခြင်းများ တွေ့ကြုံရတတ်သည်။ မိမိဘာပဲလုပ်လုပ်
အကောင်းပြောခြင်းမခံရ ဖြစ်ရတတ်သည်။ မိမိအား မနာလိုသူ၊
မကောင်းကြံမည့်သူများက မိမိ၏ အနီးအနားတွင် ရှိနေရတတ်သည်။ သတိထားပါ။ ၁
ရက်နေ့မှ ၃ ရက်နေ့အထိ ကြားရက်များတွင် လာဘ်လာဘများ ရွှင်လန်းရတတ်သည်။
အဖိုးတန်ပစ္စည်းများ ဝင်ရောက်ရတတ်သည်။ ဘာသာရေးပုဂ္ဂိုလ်များ မိမိအိမ်သို့
ကြွရောက်လာရတတ်သည်။ အလုပ်ထဲ၌ နာမည်ကောင်းရရှိရတတ်သည်။ အောက်လက်ငယ်သားများ၏
အကူအညီကို ရရှိရတတ်သည်။ ဘာသာရေးနှင့်သက်ဆိုင်သော ပွဲများ၊ ခရီးများ
သွားရောက်ရတတ်သည်။ ပညာရေးနှင့်ပတ်သက်ပြီး နာမည်ကောင်းရရှိရတတ်သည်။
ဆုတံဆိပ်များ ရရှိရတတ်သည်။ ၄ ရက် ၅ ရက် နှောင်းပိုင်းရက်များတွင်တော့
ကံဇာတာအနည်းငယ် ပြန်လည်နိမ့်ကျရတတ်သည်။ ရုတ်တရက် အမြင့်မှလိမ့်ကျခြင်း၊
ချော်ကျခြင်းတို့ ကြုံတွေ့ရတတ်သည်။ ခါးနာခြင်း၊ လက်ကျိုးခြင်း၊
လက်ထိခိုက်အနာတရဖြစ်ခြင်းတို့ ကြုံတွေ့ရတတ်သည်။ ငွေလိမ်ခံရခြင်း၊ သူခိုး
ခိုးခံရခြင်းတို့ ကြုံတွေ့ရတတ်သည်။ ထင်မှတ်မထားသော ရုတ်တရက်အန္တရာယ်များ
ကျရောက်ရတတ်သည်။ မီးဘေး၊ လျှပ်စစ်ဘေး၊ သဘာဝဘေးအန္တရာယ်များ အထူးသတိထားရမည့်
ကာလဖြစ်သည်။ အိုးအိမ်နေရာထိုင်ခင်းအတွက် အပူသောကရောက်ရတတ်သည်။
လုပ်ငန်းအကြံအစည်များ ပျက်စီးဆုံးရှုံးရတတ်သည်။ ဆရာတုဆရာယောင်များနှင့်
တွေ့ရတတ်သည်။ သတိထားပါ။
လူမှုရေး
လူမှုရေးတွင် မိမိဘာသာမိမိ
မည်သည့်အဖွဲ့အစည်းနှင့်မှ မပါဝင်ဘဲ တစ်ယောက်ထဲ အေးအေးဆေးဆေးနေထိုင်ပါက
ကောင်းပါလိမ့်မည်။ သို့မဟုတ်ပါက မနာလိုသူများ၏ ချောက်တွန်းပုတ်ချခြင်းကို
ခံရတတ်သည်။
အချစ်ရေး
အချစ်ရေးတွင် ဘာမဟုတ်သည့်ကိစ္စလေးနှင့် ရန်ထဖြစ်ပြီး ပြတ်စဲရတတ်သည်။
အိပ်မက်
ကြည်လင်သန့်ရှင်းသော ကန်ရေပြင်များ အိပ်မက်ပါက ကံကောင်းလာပါလိမ့်မည်။
အကျိုးပေးဂဏန်း
၈-၅-၆
ယတွာ
မြတ်စွာဘုရားကို ထမင်းဖြူဖြူ ၁ ပွဲ ကပ်လှူပြီး လိုရာဆုတောင်းပါ။
၁.၄.၂၀၂၃ မှ ၃၀.၄.၂၀၂၃ အထိ ကြာသပတေးသားသမီးများအတွက် တစ်လစာကံကြမ္မာဟောကိန်း။
ကြာသပတေးသားသမီးများသည်
ဒီကာလတွင် အချစ်ရေး၊ အိမ်ထောင်ရေးတို့တွင် ပြဿနာပေါ်ပေါက်ရတတ်သည်။
လေထိုးလေအောင့်ဖြစ်ရတတ်သည်။ အောက်လက်ငယ်သားဒုက္ခပေးခြင်းကို ခံရတတ်သည်။
မိစိုင်ဖစိုင်ရိုးရာနတ်များ၏ အနှောင့်အယှက်များကို ကြုံတွေ့ရတတ်သည်။
ထင်မှတ်မထားသော ရန်သူအန္တရာယ်များနှင့် ကြုံတွေ့ရတတ်သည်။ တစ္ဆေ၊ သရဲများ
ခြောက်ခံရတတ်သည်။ တုန်လှုပ်ချောက်ခြားဖွယ် အိပ်မက်ဆိုးများလည်း
မြင်မက်ရတတ်သည်။ စိတ်နှင့်ကိုယ်နှင့်မကပ်ဘဲ ဖြစ်နေရတတ်သော ကာလဖြစ်သည်။
လုပ်ငန်းကိုင်ငန်းများ ရှေ့သို့မတိုးဘဒ နှောင့်နှေးနေရတတ်သည်။
အရောင်းအဝယ်သမားများ အရောင်းအဝယ်ကျဆင်းနေရတတ်သည်။ နားရောဂါ၊
မျက်စိရောဂါများ ဖြစ်ပေါ်ရတတ်သည်။ အကျိုးမရှိသော ခရီးများ
ထွက်ခွာနေရတတ်သည်။ သက်ကြီးရွယ်အိုများ အိမ်၌လာရောက်တည်းခိုခြင်း
မရှိစေရန်သတိပြုပါ။ တည်းခိုမိပါက မိမိအိမ်၌ နေထိုင်မကောင်းဖြစ်ပြီး
ဆေးဖိုးဝါးခအကုန်အကျများရတတ်သည်။ မိုက်မဲရူးသွပ်စွာ တဇွတ်ထိုးတဇောင်ကန်း
လုပ်ကိုင်မှုများကြောင့် မလိုလားအပ်သော အန္တရာယ်များနှင့်
ရင်ဆိုင်ကြုံတွေ့ရတတ်သည်။ လုပ်သမျှကြံသမျှ အလွဲလွဲအချော်ချော်
အမှားမှားအယွင်းယွင်းဖြစ်နေရတတ်သည်။ ၃ ရက်၊ ၄ ရက်၊ ၅ ရက်
နောက်ပိုင်းရက်များတွင် ဆရာသမားကောင်း၊ အကြီးအကဲကောင်းတို့ထံမှ
အကူအညီကောင်းများကို ပြန်လည်ရရှိလာရတတ်သည်။ ရပ်ဝေးမှ သတင်းကောင်း၊
ဧည့်သည်ကောင်းများ ရောက်ရှိလာရတတ်သည်။ ပညာရေးကိစ္စ၊ စာမေးပွဲကိစ္စများ
ကောင်းမွန်စွာဖြေဆိုနိုင်လိမ့်မည်။ ပြည်ပအလုပ်အကိုင်၊ သင်တန်းကိစ္စများလည်း
ဒီကာလတွင် အောင်မြင်လိမ့်မည်။ ရပ်ဝေးမှ လက်ဆောင်ပစ္စည်း
ရောက်ရှိလာရတတ်သည်။ စက်ပစ္စည်း အသစ်တစ်ခုဝင်လိမ့်မည်။ ငွေကြေးလာဘ်လာဘ
ရွှင်လန်းသော ရက်အပိုင်းအခြားဖြစ်သည်။ အိမ်အနောက်ပိုင်းကို ပြင်ရလိမ့်မည်။
ပြင်နိုင်ပါက အလွန်လက်ရာကောင်းပါလိမ့်မည်။
လူမှုရေး
လူမှုရေးတွင် လူအများ၏ ကဲ့ရဲ့ခြင်း၊ ရှုံ့ချခြင်းကို ခံရတတ်သည်။
အချစ်ရေး
အချစ်ရေးတွင် ချစ်သူ၏ စွန့်ခွာခြင်းကိုခံရ၍ ရူးမတတ်ခံစားရတတ်သည်။
အိပ်မက်
ငြိမ်သက်တိတ်ဆိတ်သော နေရာတစ်ရာသို့ရောက်ရှိပြီး တရားထိုင်နေရသည်ဟု အိပ်မက်ပါက ကံကောင်းလာပါလိမ့်မည်။
အကျိုးပေးဂဏန်း
၅-၀-၉
ယတြာ
ဆွမ်းခံကြွသော ဘုန်းကြွးတစ်ပါးကို ဖယောင်းတိုင် ၁ ထုပ် လှူဒါန်းလိုက်ပါ။
၁.၄.၂၀၂၃ မှ ၃၀.၄.၂၀၂၃ အထိ သောကြာသားသမီးများအတွက် တစ်လစာကံကြမ္မာဟောကိန်း။
သောကြာသားသမီးများသည်
ဒီကာလတွင် စပ်တူရှယ်ယာလုပ်ငန်းများ လုပ်ကိုင်ရတတ်သည်။ မိမိထက်အသက်ကြီးသူ၊
ဂုဏ်ကြီးသူတစ်ဦးဦး၏ ကူညီမ,စမှုကို ရရှိလိမ့်မည်။ စိတ်ချမ်းသာစရာများ
ဆက်တိုက်တွေ့ကြုံရတတ်သည်။ လာဘ်လာဘများ၊ ဝင်ငွေများ ကောင်းမွန်နေရတတ်သည်။
အလုပ်သစ်၊ အကိုင်သစ်၊ နေရာထိုင်ခင်းအသစ်များ ရရှိရတတ်သည်။
ဆွေမျိုးမိတ်ဆွေတစ်ဦးဦး၏ ကျန်းမာရေးညံ့သော သတင်းကို ကြားသိရတတ်သည်။
ပညာကောင်းတစ်ခုကို ရရှိရတတ်သည်။ အလုပ်ထဲ၌ ရာထူးတိုးခြင်း၊
နာမည်ကောင်းရခြင်း၊ အခွင့်အရေးကောင်းများ ရရှိခြင်းတို့ ကြုံတွေ့ရတတ်သည်။
ကောင်းသောခရီးဝေးများ သွားရတတ်သည်။ ကွဲကွာနေသော
မိတ်ဟောင်းဆွေဟောင်းများနှင့် ပြန်လည်ဆုံဆည်းရတတ်သည်။ အဆက်အသွယ်သစ်၊
အချိတ်အဆက်သစ်များ ရောက်ရှိလာရတတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများမှလည်း
အကျိုးအမြတ်ရရှိတတ်သလို၊ မိမိကိုယ်တိုင်ဦးဆောင်ရသော လုပ်ငန်းများမှလည်း
အကျိုးအမြတ်ရရှိရတတ်သည်။ အရေးကြီးသောကိစ္စများကို
ပြတ်ပြတ်သားသားခိုင်ခိုင်မာမာ ဆုံးဖြတ်ရမည့် ကာလဖြစ်သည်။ လက်၌
ထိခိုက်အနာတရဖြစ်ရတတ်သည်။ ထုံကျင်ကိုက်ခဲခြင်း၊ အနာတရဖြစ်ခြင်းတို့
ကြုံတွေ့ရတတ်သည်။ ရွှေထည်ပစ္စည်းတစ်ခု ဝင်ရောက်လိမ့်မည်။ ရပ်ဝေးမှ
ဆွေမျိုးမိတ်ဆွေတစ်ဦး ရောက်ရှိလိမ့်မည်။ ခရီးထွက်ရတတ်သည်။
ကောင်းသောခရီးဖြစ်လိမ့်မည်။ ငွေရေးကြေးရေးအတွက်တော့ အနည်းငယ်
စိတ်သောကရောက်ရတတ်သည်။ အလုပ်သစ်၊ နေရာသစ်များ ပြောင်းရွှေ့ရတတ်သည်။
မျက်စိကို ဥပါဒ်ပေးလိမ့်မည်။ ဘိုးတော်၊ ဝိဇ္ဇာတစ်ဦးဦး၏ ကူညီခြင်း၊
မ,စခြင်းကို ရရှိရတတ်သည်။
လူမှုရေး
လူမှုရေးတွင် မိမိကို ပြိုင်ဆိုင်ရန်လုပ်သူများရှိသော်လည်း အကာအကွယ်ပေးသူများလည်း ပေါ်ပေါက်ရတတ်သည်။
အချစ်ရေး
အချစ်ရေးတွင် လက်ရှိချစ်သူအပြင် နောက်တစ်ယောက်နှင့် ထပ်ပြီးချိတ်ဆက်နေရတတ်သည်။
အိပ်မက်
ဝတ်ဖြူစင်ကြယ်ဝိဇ္ဇာများကို အိပ်မက်ပါက ကံကောင်းလာပါလိမ့်မည်။
အကျိုးပေးဂဏန်း
၇-၃-၁
ယတြာ
မြတ်စွာဘုရားအား ရွှေသင်္ကန်းကပ်လှူပူဇော်ပေးပါ။
၁.၄.၂၀၂၃ မှ ၃၀.၄.၂၀၂၃ အထိ စနေသားသမီးများအတွက် တစ်ပတ်စာကံကြမ္မာဟောကိန်း။
စနေသားသမီးများသည်
ဒီကာလတွင် ရပ်ဆိုင်းထားသောလုပ်ငန်းများ ပြန်လည်ရှင်သန်လာလိမ့်မည်။
ရွှေဝင်လိမ့်မည်။ ဆွေမျိုးထဲမှ အမျိုးသမီးတစ်ဦး၏ အကူအညီကို ရရှိရတတ်သည်။
ကွဲကွာနေသူ မိတ်ဆွေအပေါင်းအသင်းများနှင့် ပြန်လည်ဆုံဆည်းရတတ်သည်။
အံ့သြစရာကောင်းလောက်အောင် အကူအညီကောင်းပေးမည့်သူများ ပေါ်ပေါက်လာရတတ်သည်။
မိမိမျှော်လင့်ထားသော အကြောင်းအရာများ လက်ဝယ်ပိုင်ဆိုင်ရရှိရတတ်သော
ကာလဖြစ်သည်။ နာမည်ဂုဏ်သတင်းများ တိုးတက်ကောင်းမွန်လာရတတ်သည်။
ထူးခြားသောစာအုပ်တစ်အုပ်မှ အကြံကောင်းဉာဏ်ကောင်းများ ရရှိရတတ်သည်။
ကျန်းမာရေးညံ့နေသူများ ဆရာကောင်းများနှင့် တွေ့ကြုံပြီး
အနာနှင့်ဆေးတွေ့ပြီး ပြန်လည်သက်သာကောင်းမွန်လာရတတ်သည်။
နိုင်ငံရပ်ခရီးစီစဥ်ထားသူများ ဒီကာလတွင် အဆင်ပြေချောမွေ့စွာ
ထွက်ခွာရတတ်သည်။ ပြည်ပမှလည်း အဆက်အသွယ်ကောင်း၊ အချိတ်အဆက်ကောင်းများ
ရောက်ရှိလာရတတ်သည်။ အလုပ်အကိုင်များ ကောင်းမွန်၍ ဝင်ငွေလာဘ်လာဘများလည်း
ရွှင်လန်းရတတ်သောကာလဖြစ်သည်။ မင်းစိုးရာဇာအကြီးအကဲများ၏
ဂုဏ်ပြုချီးမြှင့်ခြင်းကို ခံယူရရှိရတတ်သည်။ မိမိသိုလှောင်ထားသော
သိုလှောင်ပစ္စည်းများမှ အကျိုးအမြတ်များရရှိရတတ်သည်။ သိကြား မ,သကဲ့သို့
ရုတ်တရက် စီးပွားတိုးတက်ခြင်းများ ဖြစ်ပေါ်လိမ့်မည်။ စိတ်ချမ်းသာမှုများ
တစ်ခုပြီးတခုရရှိလိမ့်မည်။ အကြံအစည်များအားလုံးအဆင်ပြေသွားရတတ်သည်။
သားသမီးတစ်ဦးဦး၏ အောင်မြင်သောသတင်းကို ကြားသိရတတ်သည်။ အမေ သို့မဟုတ်
ဘဝဟောင်းက မယ်တော်တစ်ဦးဦး၏ ကူညီမ,စမှုကို ရရှိလိမ့်မည်။
မျက်နှာချင်းဆိုင်အိမ်၌ အလှူမင်္ဂလာတစ်ခုခု ပြုလုပ်ရတတ်သည်။
ထိုသို့ပြုလုပ်ပါက မိမိအိမ်၌လည်း ကြီးပွားတိုးတက်ခြင်းကို
ရရှိခံစားရလိမ့်မည်။ ထီပေါက်ခြင်း၊ ချဲပေါက်ခြင်း၊ ငွေကြေးလာဘ်လာဘ
ရွှင်လန်းခြင်းများ ကြုံတွေ့ရတတ်သည်။ ငွေအလုံးအရင်းနှင့် ဝင်ရောက်ရတတ်သည်။
ဝမ်းသာစရာ သတင်းများကြားသိရတတ်သည်။ စာချုပ်စာတမ်းကိစ္စများ
အောင်မြင်ချောမွေ့လိမ့်မည်။
လူမှုရေး
လူမှုရေးတွင် အရင်ကမိမိကို အမြင်မကြည်သောသူများကလည်း အမြင်ကြည်လာပြီး လူမှုပေါင်းသင်းဆက်ဆံရေးတွင် မျက်နှာပန်းပွင့်ရသော ကာလဖြစ်သည်။
အချစ်ရေး
အချစ်ရေးတွင် အလွန်စန်းပွင့်ပြီး ချစ်သူဟောင်းများနှင့် ချစ်သူသစ်တို့ကြား ဗျာများရသောကာလဖြစ်သည်။
အိပ်မက်
ကမ္ဘာပတ်ပြီး ခရီးထွက်နေရသည်ဟု အိပ်မက်ပါက ကံကောင်းလာပါလိမ့်မည်။
အကျိုးပေးဂဏန်း
၀-၁-၂
ယတြာ
အမေအရွယ် သက်ကြီးရွယ်အိုများကို မိမိတတ်နိုင်သလောက် ငွေကြေးထောက်ပံ့ပေးကမ်းလှူဒါန်းလိုက်ပါ။
#ဆရာဇေယျာနိုင်







Comments
Post a Comment