ယခုနှစ် ပထမဆုံး ကြယ်မိုးရွာခြင်း မြန်မာနိုင်ငံကပါ မြင်တွေ့ရမည်
ယခုနှစ် ပထမဆုံး ကြယ်မိုးရွာခြင်း မြန်မာနိုင်ငံကပါ မြင်တွေ့ရမည်
ယခု ၂၀၂၄ ခုနှစ်၏ ပထမဦးဆုံးအကြိမ် ကြယ်မိုးရွာခြင်းဖြစ်စဉ်သည် ဇန်နဝါရီ ၃ ရက်မှ ၅ ရက်အတွင်း ဖြစ်ပေါ်နိုင်ကြောင်း earthsky.org သတင်းဌာနက ဇန်နဝါ ရီ ၃ ရက်တွင် ရေးသားဖော်ပြထားသည်။
အဆိုပါ ၂၀၂၄ ခုနှစ်၏ ပထမဦးဆုံးအကြိမ် ကြယ်မိုးရွာခြင်းဖြစ်စဉ်ကို မြန်မာနိုင်ငံကလည်း မြင်တွေ့ရမည်ဖြစ်ကြောင်း Myanmar Astronomy & Science Enthusiasts Society(MASES)ထံမှ သိရသည်။
ကြယ်မိုးရွာခြင်းဖြစ်စဉ်သည် ဇန်နဝါရီ ၃ ရက်ညပိုင်းမှ ၅ ရက် နံနက်ပိုင်း နေမထွက်မီအချိန်များတွင် မြင်တွေ့ရနိုင်မည် ဖြစ်ကြောင်းသတင်းတွင် ဆက်လက်ဖော်ပြထားသည်။
Quadrantids Meteor Shower မှ ကျဆင်းလာသည့် ကျောက်ခဲများကို 2003 EH1 ဟု အမည်ပေးထားပြီး ဥက္ကာပျံတစ်ခုက ကျန်ရစ်ခဲ့သည့် ကျောက်ခဲလေးများဖြစ်ကြောင်း သိပ္ပံပညာရှင်များကယူဆထားကြသည်ဟု ဆိုသည်။
ကြယ်မိုးရွာခြင်းကို ဇန်နဝါရီ ၄ ရက် (ယနေ့) မြန်မာစံတော်ချိန် ည ၈ နာရီခန့်မှ ၅ ရက်နံနက်ပိုင်း နေမထွက်မီအချိန်အထိ ဖြစ်နိုင်ကြောင်း ခန့်မှန်းထားကြသည်။ ကြယ်မိုးရွာခြင်းဖြစ်စဉ်ကို ၁၈၂၅ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ကြသည်ဟု သိရသည်။
Quadrantid Meteor Shower သည် တစ်နာရီကို အနည်းဆုံးမိုင် ၆၀မှ အများဆုံး မိုင် ၂၀၀ကြားကျဆင်းလေ့ရှိပြီး Fireball ဟုခေါ်သည့် အလွန်တောက်ပသော ကြယ်မိုးကျဆင်းခြင်းကို မြင်တွေ့ရတတ်သည်ဟုသိရသည်။ ကြယ်မိုးရွာခြင်းကို ကြည့်မည်ဆိုပါက ကောင်းကင်ကြည်လင်ပြီး အလင်းရောင်နည်းပါးသောနေရာမှသာ ကြည့်ရှုသင့်သည်ဟုဆိုသည်။
Comments
Post a Comment