ကျင့်စဥ်အစစ်အမှန်ဟူသည်

 

ကျင့်စဥ်အစစ်အမှန်ဟူသည်

နောက်ပိုင်းတွေ့လာရတာက ကျင့်စဥ်ဆိုပြီး တောင်ရေး မြောက်ရေး စိတ်ထင်ရာ ရေးထားတာတွေကို တွေ့ရပါတယ် ။ တစ်ချို့ကလည်း ဆရာတော်ကြီးတွေရဲ့ အတွေ့အကြုံတွေ ၊ သြဝါဒတွေကို သူ့အတွေ့အကြုံလို ပြန်လည် လုပ်ကြံ ရေးထားတာလည်း တွေ့ရပါတယ် ။ တစ်ချို့ကလည်း မဖြစ်နိုင်တဲ့ တစ်ရက်ကို ပုတီးအပတ်တစ်ထောင်လိုမျိုး ကျင့်ဖို့ ရေးထားတာတွေကိုလည်း တွေ့ရပါတယ် ။

အဲဒါတွေက နားမလည်တဲ့သူတွေအတွက် အလွန်အန္တရာယ်များပါတယ် ။ တကယ်တော့ ကျင့်စဥ်တစ်ခုက နည်းစနစ်ကနေ စီးဆင်းလာတာပါ ။ နည်းစနစ်မှန်မှ ကျင့်စဥ်မှန်ပါတယ် ။ မဟုတ်ရင် အချိန်ကုန် လူပန်းတာပဲ အဖတ်တင်တတ်ပါတယ် ။

လိုင်းပေါ်မှာ ကျင့်စဥ်အများကြီးကနေ ဘယ်လိုအကျိုးရှိအောင် ကျင့်မလဲ... ။ အဲဒါက တကယ်သိချင်စရာပါ ။ ဒါမျိုးတွေကို ကြိုသိလို့ ပြည်ဝေပုလ္လဆရာတော်ကြီးက သူ့စာအုပ်တစ်နေရာမှာ ရေးထားတာ ရှိပါတယ် ။

ကျင့်စဥ်တစ်ခုက

၁ ။ ပညာရှိသူတော်ကောင်းများက လက်ခံကြတာမျိုး မဟုတ်ရင်

၂ ။ အဲဒီကျင့်စဥ်ကျင့်လို့ အသားအရေ ဣန္ဒြေကြည်လင်ခြင်း မဖြစ်ရင်

၃ ။ သိသာထင်ရှားသော အကျိုးထူး မပြရင်

အဲဒီကျင့်စဥ်ကို ကျင့်စရာမလိုဘူး...လို့ ပြောထားခဲ့ပါတယ် ။ အဲဒီအချက်တွေနဲ့ ပြောင်းပြန်ယူရင် ကျင့်စဥ်လမ်းမှန်တယ်လို့ အဓိပ္ပါယ်ရပါတယ် ။

ကျင့်စဥ်တွေ ၊ အဓိဋ္ဌာန်တွေ ခေတ်စားတဲ့ ဒီဘက်ခေတ်ကာလမှာ ဒါတွေက သတိစရာ ဖြစ်ပါတယ် ။ တစ်ချို့သော သူတွေက တောင်ရေး မြောက်ရေးနဲ့ ကျင့်စဥ်ဆိုပြီး မသိနားမလည်သူတွေကို လုပ်လာတာကို တွေ့ရလို့ပဲ ဖြစ်ပါတယ် ။ ကျင့်စဥ် အစစ်အမှန် ဟုတ် မဟုတ် အထက်ပါ သုံးချက်နဲ့ သတိထားဖို့ လိုပါကြောင်း မေတ္တာရပ်ခံ အသိပေးပါရစေ ။

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ