ရုက္ခစိုးထံမှအကူညီရယူရန် အစီရင်နှင့် ဂါထာ

 

ရုက္ခစိုးထံမှအကူညီရယူရန် အစီရင်နှင့် ဂါထာ

ပြုလုပ်ရမည့်ပုံစံ

ပထမဦးစွာ မိမိတို့နဲ့အနီးဆုံး၌ရှိသော ဗောဓိပင်ကို ရှာပါ။
ရေ(၁၀)ခွက်
အမွှေးတိုင်(၁၀)တိုင်
ဆီမီး(၁၀)တိုင်
ကွမ်းယာ (၁၀)ယာ တို့ကို ပြင်ဆင်ပြီး အောက်ပါအတိုင်းပြောပါ။
"ရုက္ခစိုးနတ်မြတ်အတွက် အလင်းတိုင်များ၊ နံ့သာတိုင်များ၊ ရေချမ်းနှင့်ကွမ်းယာများ လှူပသည်ဆက်ပါသည်။
ပြန်လှူဒါန်းလိုက လှူဒါန်းပြီးလိုရာဆုယူနိူင်ပါစေ။ အသုံးပြုလိုက သုံးနိူင်ပါ၏" ဟု ပြောပါ။

ပြီးလျှင် ရုက္ခစိုး ဂါထာရွတ်ရန်-

"" ဥုံ - ယက္ခရုက္ခစိုး နတ်ရုက္ခစိုး
မနိုးစိမ့်စိမ့် မအိပ်စက်စက်
အကျွန်ုပ်အား ကောင်းကျိုးချမ်းယူဆောင်ပေးလော့""
(၃၇ ခေါက်ရွတ်ပွားပါ)

ပြီးလျှင် မေတ္တာပွားပါ။ ရုက္ခစိုးနှင့်တကွ သတ္တဝါ အပေါင်းတို့အား အမျှဝေပါ။ မိမိ လိုအပ်ဆုံးဆုကို (၁၀)ကြိမ်တိတိ
နူတ်ဖြင့် ဖွင့်ဟကာ တောင်းပါ။ ရက်ပိုင်းအတွင်း ထူးခြားပါ၏ ။

အထူးသတိထားရန်

အစီရင်လုပ်ထားသည့် တပါတ်အတွင်း မူးရစ်ရမ်းကားခြင်း၊ ပြဿနာဖြစ်ခြင်း၊ ရန်ဖြစ်ခြင်း၊ ကိုယ့်ကြောင့် သူတပါးမျက်ရည်ကျစေခြင်းမဖြစ်ပါစေနှင့်။ သူတပါး စိတ်ညစ်ညူးပါက ၄င်းအစီရင် ထင်သလောက်မဖြစ်ထွန်းတတ်ပါ။

မှတ်ချက်
တန်ခိုးနည်းပါးသည့် ရုက္ခစိုးနတ်ရှိသော ဗောဓိပင်မှာ အစီရင်လုပ်မိလျှင် အကျိုးမခံစားရသည် ဖြစ်တတ်၏။ ဒါဆို နောက်ထပ် ဗောဓိပင်ရှာပြီး ထပ်မံပြုလုပ်ပါ။ ဗောဓိပင် ၃ပင်အထိ ၃ကြိမ်အထိလည်း သေချာအောင် ဆက်တိုက်လုပ်နိူင်ပါသည်။

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ