ကလေးငယ်တွေ နေမကောင်းဖြစ်လျှင်

 

ကလေးငယ်တွေ နေမကောင်းဖြစ်လျှင်

သက်ကြီးရွယ်အို နဲ့ အရွယ်ငယ်တဲ့ သားသားမီးမီးလေးတွေဟာ မကြာခဏဆိုသလို ဖျားနာတတ်ကြပါတယ် ။ ကျန်းမာစေဖို့ ဆရာနွေသစ်ဦးရေးသားထားတဲ့ ကျန်းမာစေဖို့ ဓါတ်ယတြာတမျိုးကို ဗဟုသုတရစေရန် မျှဝေရေးသားတင်ပြအပ်ပါတယ် ။ မူရင်းရေးသားသူအား credit ပေးပါတယ် ။နေထိုင်မကောင်းတဲ့သူရှိခဲ့ရင် ထိုသူရဲ့ အာယုဂြိုလ် ရဲ့ ဓါတ်နံဖြစ်တဲ့သစ်သီး နဲ့ ဘယာကြော် ၃ခုတင်ပြီး အိမ်ဘုရားမှာ တင်လှုဆုတောင်းပေးရပါတယ်။ 

နေမကောင်းတဲ့သူက - 

တနင်္ဂနွေဆိုလျင်-ပေါင်မုန့် ၁၉ချပ်ပေါ် ဘယာကြော်၃ခုတင်လှုပါ။
တနင်္လာဆိုလျင်-ရှောက်သီး ၁၂စိတ်ပေါ် ဘယာကြော်၃ခုတင်လှုပါ။
အင်္ဂါဆိုလျင်-သဘောင်္သီး ၂၁စိတ်ပေါ် ဘယာကြော်၃ခုတင်လှုပါ။
ဗုဒ္ဓဟူးဆိုလျင်-အုန်းသီး ၆စိတ်ပေါ် ဘယာကြော်၃ခုတင်လှုပါ။
ကြာသပတေးဆိုလျင်-စမူဆာ ၈ခုပေါ် ဘယာကြော်၃ခုတင်လှုပါ။
သောကြာဆိုလျင်-နာနတ်သီး ၁၀စိတ်ပေါ် ဘယာကြော်၃ခုတင်လှုပါ။
စနေဆိုလျင်-ကိတ်မုန့် ၁၅ချပ်ပေါ် ဘယာကြော်၃ခုတင်လှုပါ။


Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ