ကြွေးတောင်းကြွေးကြေယတြာ
ကြွေးတောင်းကြွေးကြေယတြာ
လိုအပ်သောပစ္စည်းများ
၁။ အဆစ်တစ်ဖက်ပိတ်ဝါးဆစ် ၃ ခု
၂။ မြေဆီမီးခွက် ၁ ခွက်
၄။ မှိုင်းကိုင်စက္ကူ ၃ လက်မပတ်လည်အရွယ် တစ်ရွက်
၅။ မုန်ညင်းဆီအနည်းငယ်
ကြာသပတေးနေ့ညနေနေဝင်ချိန်လုပ်ရပါမည်
ပုံပါအတိုင်း ဝါးဆစ်သုံးခုကို ဖိုခနောက်ဆိုင်ထား၍ နေရာချပါ။
အဆစ်ပိတ်တဲ့ဖက်ကို အပြင်ဖက်ထားပါ။ အပေါ်က ဆီမီးခွက်တင်ပါ။
မှိုင်းကိုင်စက္ကူ တွင် စာရေးပါ။
(နမူနာ.... ကျွန်ုပ်ထံမှငွေချေးယူထားသောဒေါ်တင်မြင့်ကျွန်ုပ်၏ငွေအားအမြန်ဆုံးပြန်ဆပ်ပါစေ)
ကိုယ်ကကြွေးကြေချင်ပါက
(နမူနာ..ကျွန်ုပ်သည်ဒေါ်တင်မြင့်ကိုဆပ်ရန်ရှိသောအကြွေးအမြန်ဆုံးပြန်ဆပ်နိုင်ပါစေ ဟု ရေးပါ)
မှိုင်းကိုင်စက္ကူ ကို လေးထောင့် ပုံစံ ခေါက်ပြီး ဆီမီးခွက်ထဲ ထည့်ပါ။
မီးစာထည့်ပါ။ မုန်ညင်းဆီထည့်ပါ။
မီးမညှိခင် အကြွေးယူထားသူကို အလုပ်အကိုင်အဆင်ပြေပါစေ၊ ကြွေးပြန်ဆပ်နိုင်ပါစေကြောင်း မေတ္တာပို့ပါ။ ပြီးမှ မီးညှိပြီး ဆုတောင်းပါ။
နောက်ရက်များတွင် အဆင်ပြေတဲ့အချိန် မိုင်းကိုင်စက္ကူမှာ စာရေးထည့်၊ မီးစာထည့်၊ မေတ္တာပို့ ပြီးမှမီးညှိပြီးဆုတောင်းပါ။
ပြန်ဆပ်နိုင်ပါလျက် တင်းခံနေသောသူများအား ၃ ပါတ်ထက်ပိုမထွန်းပါနှင့်။
အကုသိုလ်ကို ကြောက်ရပါမည်။
တခေတ်တခါက နာမည်ကျော် ဆီမီးခွက်ဆရာကြီးဦးထွန်းကျော်ရဲ့ သမားလက်ကိုင်ပညာကို မျှဝေပေးလိုက်ပါသည်။
Comments
Post a Comment