ဒီဇင်ဘာလအတွက် ကံကြမ္မာဟောစာတမ်း

 


၂၀၁၄-ခု ၊ ဒီဇင်ဘာလအတွက် ကံကြမ္မာဟောစာတမ်း


တနင်္ဂနွေသားသမီးများအတွက်

ဒီလအတွင်းမှာ သင်၏ ကံဇာတာကို ပြောရရင်တော့ သင်၏ ကံဇာတာကတော့ သင်၏ စိတ်တိုင်းကျ ကောင်းနေဖို့ ရှိနေပါတယ်။ သင်ဘာပဲ လုပ်မယ် စိတ်ကူး စိတ်ကူး အောင်မြင်မယ့် အနေအထားရှိပါတယ်။ အတိတ်ဘဝပေါင်း များစွာက တော်စပ်ခဲ့ဘူးသော ပဋ္ဌာန်းဆက်များက ကူညီ စောင့်ရှောက်တဲ့ အချိန်ကာလ ဆိုရင်လည်း မမှားပါဘူး။ ပြည်တွင်းခရီး ပြည်ပခရီးတွေလည်း အောင်မြင်ဖို့ ရှိပါတယ်။ ကောင်းဖို့လည်း မြင်ပါတယ်။ ဘာကိစ္စအတွက်ပဲ ဖြစ်ဖြစ် အင်တာဗျူး ရမယ် ဆိုရင်လည်း အောင်မြင်ဖို့ သေချာပါတယ်။  အစိုးရဝန်းထမ်း ဆိုပါက ဒီအချိန်မှာ မုချ ရာထူးတိုးကိန်း ရှိပါတယ်။ ကျောက်မြက်ရတနာ အဖိုးတန် ပစ္စည်းတွေ ဝယ်ယူ ဆုဆောင်းမယ်ဆိုရင်လည်း ကောင်းပါတယ်။ အမြန်အစွန်းတွေလည်း ရရှိတတ်ပါတယ်။အိမ်ထောင်မရှိသေးသူ လူလွတ်များကတော့ ဒီအချိန်မှာ စေ့စပ်ကြောင်းလမ်းကိစ္စ မင်္ဂလာကိစ္စ ကြုံရတတ်ပါတယ်။  လက်ထပ်မင်္ဂလာပွဲလည်း ပြုလုပ်ရတတ်ပါတယ်။  ပြောရရင်တော့ အချစ်ရေး ကောင်းတယ်။ ကြင်ဖော်ကြင်ဖက် တွေ့ရှိရတတ်တယ်။  စက်ပစ္စည်းနဲ့ ပါတ်သက်လာရင်လည်း ဝင်လာတတ်ပါတယ်။ စိန်ထည်ပစ္စည်းတွေလည်း ဝင်လာတတ်ပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ မိဘကို ကောင်းမွန်စွာ ပြုစု စောင့်ရှောက်နိုင်တဲ့ အချိန်လည်း ဖြစ်ပါတယ်။ လုပ်ငန်း ကိုင်ငန်းများ သိသိသာသာ အောင်မြင်မည့် အချိန်ကာလကို ရောက်ရှိနေပြီ။ ရတနာဘုံ ဆိုက်ပြီလားလို့တောင် မေးရမယ့် အခြေအနေမျိုးပါ။  စီးပွားရေး လုပ်ငန်း သစ်တွေလည်း လုပ်ကိုင် သင့်တယ်။ တိုးချဲ့သင့်ပါတယ်။ ကိုယ့်ကို တွေ့သမျှ မြင်သမျှ မိတ်ဆွေကောင်း ဆရာသမားကောင်းများကလည်း လှိုက်လှိုက်လှဲလှဲ ကူညီပေးပါလိမ့်မည်။ ပညာရေးနှင့် ပါတ်သက်ပြီးရင်လည်း ကောင်းပါတယ်။ သင်တန်းကိစ္စ အတတ်ပညာကိစ္စတွေမှာ အောင်မြင်နိုင်ပါတယ်။ စီးပွားရေး သိသိသာသာ တိုးတက်မည်။ သိကြားမလိုက်သကဲ့သို့ လက်ရှိအခြေအနေထက် အဆမတန် မြင့်တက်သွားတတ်သည်။ ငွေရှာလို့ လွယ်လိုက်တာကလည်း မပြောပါနှင့်။ ကိုယ်က နည်းနည်း လုပ်ပြီး များများ ဝင်မယ့် အခြေအနေမျိုး ဖြစ်ပါတယ်။ ထီတွေဘာတွေ ကံစမ်းသင့်တဲ့ အခြေအနေပါပဲ။ ကိုယ့်ရဲ့ လုပ်ငန်းမှာ လာရောက်ရင်းနှီး မြှုတ်နှံမယ့် သူတွေကိုလည်း တွေ့ကြုံ၇တတ်ပါတယ်။ ကျန်းမာရေး အနေနှင့်ကတော့ အရမ်းကြီး ဆိုးဆိုးရွားရွား မဖြစ်ပေမယ့် ရုတ်တရက် ဒူးနာခြင်း နှလုံးအားနည်းခြင်းများ ဖြစ်တတ်ပါတယ်။ သွေးလေကြောင့် ဖျားနာတတ်ပါတယ်။ သင့်အတွက် ဒီလထဲမှာ ကံဇာတာ ကောင်းမွန်စေသော နေ့ရက်များကတော့ ကြာသပတေးနေ့နှင့် အင်္ဂါနေ့ဖြစ်ပါတယ်။ အရေးကြီးတဲ့ ကိစ္စတွေကို အဲဒီ နေ့ရက်တွေမှာ ဆောင်ရွက်ပါ။ ရှောင်သင့်တဲ့နေရက် တွေကတော့ စနေနေ့ နှင့် ဗုဒ္ဓဟူးနေ့တွေ ဖြစ်ပါတယ်။ သင်ဟာ ထီထိုးခြင်းကို ဝါသနာပါသူ ဖြစ်ပါက (၃၅)(၅၃)(၅၇) စသော ဂဏန်းတွဲများ ပါအောင် ထိုး၍ ကံစမ်းသင့်ပါတယ်။ ကံဇာတာကောင်းဖို့အတွက် ဒါမှမဟုတ် မကောင်းတာတွေ ပြေပျောက်စေဖို့ အတွက်ကတော့ မုန့်စိမ်းပေါင်း (၈)ပန်းကန် ကပ်လှူ ဆုတောင်းပါလေ။


တနင်္လာသားသမီးများအတွက်

ဒီလအတွင်းမှာ သင်၏ ကံဇာတာကို ပြောရရင်တော့ စီးပွားဥစ္စာတွေ ဒီရေအလား တိုးတက်လာတတ်ပါတယ်။ ရေတံခွန်ပေါ်က ရေတွေ ကျလာသလို ငွေတွေကလည်း ဟိုကနေ ဒီကနေ လှိမ့်ဝင်လာတတ်ပါတယ်။  လက်ရှိ အလုပ်အကိုင် တိုးတက်လို့လည်း ဝင်ငွေကောင်းတတ်သလို ထီပေါက်လို့လည်း ဝင်တွေ ရတတ်ပါတယ်။ ဆိုလိုတာကတော့ ထီပေါက်ကံ အားကောင်းတဲ့ အချိန် ဆိုပါတော့။ ဒါပေမယ့် ဒီနေရာမှာ တစ်ခု သတိထားရမှာကတော့ သင် ဘာကိစ္စကိုပဲ ဆောင်ရွက်ဆောင်ရွက် အစပိုင်းမှာ အခက်အခဲလေးတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ပြီးဆုံးအောင် အကောင်းအထည်ဖော်ပါ။ မုချ အောင်မြင်မှု့ ရပါလိမ့်မည်။ ရှင်သီဝလီပုံတော့ ရှင်ဥပဂုတ္တ ပုံတော်တွေ သင့်ဆီကို အလိုလို ကြွရောက်လာတတ်ပါတယ်။ အင်မတန် ကောင်းတဲ့ နိမိတ်ကောင်းပါပဲ။ သေချာတာကတော့ ဒီအချိန်မှာ သင့်ထံကို အိမ်ထောင်ပရိဘောဂ ပစ္စည်း အသစ်တွေလည်း ဝင်လာလိမ့်မည်။ ဟောင်းနေတဲ့ သင့်နေရာလေးကိုလည်း သစ်လွင်သွားအောင် ပြင်ဆင်ရတတ်ပါသေးတယ်။ ကားရှိနေရင်လည်း ကားဟောင်းနဲ့ ကားသစ် လဲလှယ်ခွင့် ရရှိပါလိမ့်မည်။ မဖြစ်စလောက် ယဉ်တိုက်မှု့ကလေးတွေတော့ သတိထားပါ။ ဒါကလည်း လုံး၀ မဖြစ်စလောက် ပါပဲ။ ဘာမှ စိတ်ပူစရာ မရှိပါဘူး။ တကယ့်ကို မထိတ်သာ မလန့်သာလေး ဖြစ်ပါတယ် အိမ်ထောင်ရှိသူများအတွက်တော့ အိမ်ထောင်ရေးမှာ တဗျစ်တောက်တောက် ဖြစ်တတ်ပါတယ်။ အိမ်ထောင်မရှိသူတွေကတော့ ဒီအချိန်ကာလ အိမ်ထောင်ကျတတ်တဲ့ ကာလ ဖြစ်တတ်ပါတယ်။ လူလွတ်တွေ ခိုးရာ လိုက်ပြေးဖြစ်တတ်ပါတယ်။ ကျန်းမာရေးကတော့ ခြေလက်မှာ ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိတတ်ပါတယ်။ ဂရုစိုက်ပါ။ ဗိုက်အောင့်တာရယ် မျက်နှာမှာ အဖုအပိန့်လေးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် စိတ်ပူစရာ မရှိပါဘူး။ အလိုလို ပျောက်သွားပါလိမ့်မယ်။ သင့်အတွက် ဒီလထဲမှာ ကံဇာတာ ကောင်းမွန်စေသော နေ့ရက်များကတော့ ဗုဒ္ဓဟူးနေ့ နှင့် သောကြာနေ့ဖြစ်ပါတယ်။ အရေးကြီးတဲ့ ကိစ္စတွေကို အဲဒီ နေ့ရက်တွေမှာ ဆောင်ရွက်ပါ။ ရှောင်သင့်တဲ့နေရက် တွေကတော့ တနင်္ဂနွေနေ့နဲ့ ကြာသပတေးနေ့ ဖြစ်ပါတယ်။ သင်ဟာ ထီထိုးခြင်းကို ဝါသနာပါသူ ဖြစ်ပါက (၄၂)(၄၆)(၆၄) စသော ဂဏန်းတွဲများ ပါအောင် ထိုး၍ ကံစမ်းသင့်ပါတယ်။ ကံဇာတာကောင်းဖို့အတွက် ဒါမှမဟုတ် မကောင်းတာတွေ ပြေပျောက်စေဖို့ အတွက်ကတော့ တနင်္ဂနွေ ညနေပိုင်းမှာ ဘဲဥဟင်းချက်ပြီး နွမ်းပါးသူများကို ဒါနပြုပါလေ..။



အင်္ဂါသားသမီးများအတွက်

ဒီလအတွင်းမှာ သင်သည် အဆိုးထဲကနေ အကောင်းကို ရောက်လာတဲ့ အချိန်ပါပဲ။ ဝင်စရာ ရှိတဲ့ ငွေတွေလည်း ချောချောမောမော ဝင်လာမယ်။ ကိုယ်က အကူအညီ တောင်းစရာတောင် မလိုပဲ ကူညီမယ့် လူတွေကလည်း အလိုလို ရောက်လာတတ်ပါတယ်။  ကံဇာတာ ကောင်းတဲ့ အချိန်ဆိုတော့ အလှူ အတန်းတွေလည်း ဆောင်ရွက် ပြုလုပ်ရတတ်ပါတယ်။  နိုင်ငံခြား ခရီးကိစ္စ ကြံစည်စိတ်ကူး ထားသူများ ဒီအချိန်မှာ ထူးခြားတတ်ပါတယ်။ အခုမှ စတင်မည့်သူများကလည်း ဒီအချိန်မှာ စတင်သင့်ပါတယ်။  ကိုယ့်အိမ်မှာဆိုရင်တော့ မိဘ ဒါမှမဟုတ် အကြီးအကဲတွေနှင့် အဆင်မပြေ ဖြစ်တတ်ပါတယ်။ အလုပ်ထဲမှာ ဆိုရင်လည်း ကိုယ့်အထက်လူကြီးကြောင့် ကိုယ့်မှာ စိတ်အနှောက်အယှက် ဖြစ်ရတတ်ပါတယ်။ လူမျိုးခြား ဘာသာခြား နိုင်ငံခြားနှင့် ပါတ်သက်သော ကိစ္စများ အထူးအောင်မြင်တတ်ပါတယ်။  အကျိုးလည်း ပေးတတ်ပါတယ်။  ပညာရေးကိစ္စ သင်တန်းကိစ္စတွေမှာ ဆိုရင်တော့ အဆင်မပြေ ဖြစ်ခြင်း ထစ်ငေါ့ခြင်း ဖြစ်တတ်ပါတယ်။ ကိုယ်ရည်ရွယ်ထားတာက တစ်မျိုး ကိုယ်ဖြစ်နေတာက တစ်မျိုး ဖြစ်နေတတ်ပါတယ်။ နောက်ပြီး ဒီအချိန်မှာ ကိုယ်မှာ ရှိတဲ့ ရွှေတွေလည်း အကြောင်းအမျိုးမျိုးကြောင့် ထွက်နေတတ်ပါတယ်။ သားသမီးကို အကြောင်းပြု၍  ပြောဆို ဖြေရှင်းစရာ ကိစ္စလေးတွေ ကြုံရတတ်ပါသေးတယ်။ ဘာကိစ္စပဲဖြစ်ဖြစ် အရောင်းအဝယ် လုပ်လို့ စာချုပ်စာတမ်း လက်မှတ်ရေးထိုးရင်တော့ အထူး သတိထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်မှတ်ရေးထိုး မှားတတ်ပါတယ်။ အိမ်ထောင်မရှိသူများ အချစ်ရေးမှာ အကောင်းဘက်ကို အလေးသာနေပါတယ်။ ချစ်သူနှင့် အဆင်ပြေခြင်း လက်ထပ်ဖြစ်ခြင်း ဆောင်ရွက်သင့်ပါတယ်။ အောင်မြင်တတ်ပါတယ်။ ကျန်းမာရေးနှင့် ပါတ်သက်လို့တော့ ယားနာလေးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် စိတ်ပူစရာ တော့ မရှိပါဘူး။ အရိုးကျိုးခြင်း အကျိတ်အခဲ ဖြစ်ခြင်းစတဲ့ ဝေဒနာလေးတွေ ဂရုစိုက်သင့်ပါတယ်။ သင့်အတွက် ကံကောင်းစေသော နေ့ရက်များကတော့ တနင်္လာနေ့နှင့်စနေနေ့ ဖြစ်ပါတယ်။ ရှောင်သင့်သော နေ ရက်များကတော့ တနင်္ဂနွေနေ့ နှင့် ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။ ထီတွေဘာတွေ ကံစမ်းချင်တယ် ဆိုရင်တော့ (၂၃)(၂၇) (၇၁)(၇၂) စသော နံပါတ်များ ပါသော ဂဏန်းများ ထိုးသင့်ပါတယ်။  ခြုံပြီး ပြောရရင်တော့ ဒီအချိန်ဟာ သင့်အတွက် ကံကောင်းပါတယ်။ ဒါပေမယ့် မပြောပလောက်တဲ့ အညံ့အခိုက်လေးတွေ ပြေပြောက်စေဖို့အတွက် ဘုရားတစ်ဆူဆူ၏ တနင်္လာဒေါင့်မှာ ကံကော်ညွန့် (၂) ညွန့် ၊ တံခွန်လုံး (၇) လုံးကို လှူဒါန်းပြီး အညံ့အခိုက်လေးများ ပြေပျောက်စေရန် ဆုတောင်းပါလေ။ မိမိ ကံဇာတာ ပွင့်လန်းပြီး ကောင်းမွန်စေဖို့အတွက် မိမိနေအိမ်ဘုရားမှာ ဒိန်ချဉ် ၂- လှူဒါန်းပြီး ဆုတောင်းပါ။


ဗုဒ္ဓဟူးသားသမီးများအတွက်

ဒီလအတွင်းမှာ သင်သည် ပညာရပ် တစ်ခုခုကို စတင် သင်ယူ ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် သင်တန်း တစ်ခုခု တက်ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် အဖွဲ့အစည်း တစ်ခုခု အတွင်းကိုလည်း ဝင်ရောက်ရတတ်ပါတယ်။ လုပ်ရတဲ့ အလုပ်တွေကလည်း တစက်ကလေးမှ နားချိန် အားချိန် မရသလို ဖြစ်နေပါတယ်။ ဒါကြောင့် အလုပ်လုပ်ရတာ အရမ်းလည်း ပင်ပန်းနေတတ်ပါတယ်။ ဒီအချိန်မှာ အမွေရစရာ ရှိတဲ့ လူတွေဆိုရင်တော့ အမွေတွေဘာတွေ ရတတ်တာပေါ့။  မြေတွေလည်း ဝင်လာတတ်ပါတယ်။ အလုပ်ထဲမှာ မိမိရဲ့ အထက်က အကြီးအကဲ များ၏ ကူညီ မဆမှု့ ခံရတတ်ပါတယ်။  အတိအကျ ပြောရရင်တော့ ကြာသပတေး သားသမီးတို့  စနေသားသမီးတို့ ဖြစ်တတ်ပါတယ်။ နိုင်ငံခြား ခရီးကိစ္စ အကြံအစည်များ အောင်မြင်ပါလိမ့်မည်။ ပြည်ပခရီးကိစ္စ ဒီအချိန်မှာ စတင် ဆောင်ရွက်သင့်ပါတယ်။ ဒီနေရာမှာ အရေးကြီးတာ တစ်ခု ပြော ချင်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဒီကာလ အလုပ် မပြောင်းသင့်သေးပါဘူး။ ရုတ်တရက် တဇွက်ထိုး အလုပ်ပြောင်း ပစ်ချင်စိတ်တွေ ပေါ်လာတတ်ပါတယ်။ ရုတ်တရက် အလုပ် ထွက်ချင်စိတ် ပေါ်လာတတ်ပါတယ်။ လက်ရှိအလုပ်က တော်သေးတယ်။ နောက်ပြောင်းလိုက်တဲ့ အလုပ်က ဒီထက်မက ပိုဆိုးနေတတ်ပါတယ်။ ဒါကြောင့် အလုပ်အပြောင်းအရွေ့ကို နည်းနည်း သတိထားသင့်ပါတယ်။ ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို အထူးသတိထား သိမ်းဆည်းပါ။ သူခိုးခိုး ခံရလို့ ပျောက်ဆုံးတတ်ပါတယ်။ ဒီကာလမှာ ငွေကို သတိထား ချွေချွေတာတာ သုံးစွဲသင့်ပါတယ်။ ပိုက်ဆံမလောက်လို့ ကိုယ်မှာ ရှိတဲ့ ပစ္စည်းတွေကို ထုခွဲရောင်းချ သုံးစွဲရတတ်ပါတယ်။ ကျမ်းမာရေးအနေနဲ့ကတော့ ရောဂါဟောင်းတွေ ပြန်ပြန်ပေါ်တတ်တယ်။ ပြောချင်တာက ရောဂါတွေ ပျောက်လိုက်ပေါ်လိုက် ဖြစ်တတ်ပါတယ်။ အဓိကကတော့ သွေးအားနည်း သောရောဂါ ၊ စိတ်ဓာတ်များ တအားကျဆင်းခြင်း ဖြစ်တတ်ပါတယ်။ အိမ်ထောင် ရှိသူများ အကြီးအကဲကြောင့်လည်းကောင်း ဆွေမျိုးသားခြင်း ကြောင်းလည်းကောင်း အဆင်မပြေ ဖြစ်တတ်ပါတယ်။ အိမ်ထောင်မရှိသူများအတွက်ကတော့ အချစ်ရေး ကောင်းခြင်း လင်ကောင်းသားကောင်း ရခြင်း ဇနီးကောင်း တွေ့ခြင်း ဖြစ်တတ်ပါတယ်။ ဒါကတော့ ကောင်းတဲ့ အချက် ဖြစ်ပါတယ်။  သင့်အတွက် ဒီလထဲမှာ ကံဇာတာ ကောင်းမွန်စေသော နေ့ရက်များကတော့ ကြာသပတေးနေ့နဲ့ စနေနေ့ဖြစ်ပါတယ်။ အရေးကြီးတဲ့ ကိစ္စတွေကို အဲဒီ နေ့ရက်တွေမှာ ဆောင်ရွက်ပါ။ ရှောင်သင့်တဲ့နေရက်တွေကတော့ တနင်္လာနေ့နှင့် သောကြာနေ့ ဖြစ်ပါတယ်။ သင်ဟာ ထီထိုးခြင်းကို ဝါသနာပါသူ ဖြစ်ပါက (၅၇)(၅၆)(၇၁)(၇၈) စသော ဂဏန်းတွဲများ ပါအောင် ထိုး၍ ကံစမ်းသင့်ပါတယ်။  ခြုံပြီး ပြောရရင်တော့ ဒီအချိန်ဟာ သင့်အတွက် ကံဇာတာ နည်းနည်း မှေးမှိန်နေတယ်လို့ ပြောရမလိုပါပဲ။ ဒါကြောင့် သင်၏ ကံဇာတာများ တိုးတက်ကောင်းမွန်စေရန် ဖြစ်ဖြစ် မကောင်းသော အညံ့အခိုက်များ ပြေပျောက်ရန်ပဲ ဖြစ်ဖြစ် ဘုရားတစ်ဆူဆူ၏ အင်္ဂါထောင်တွင် ထီးဖြူ (၁၂)လက် လှူဒါန်း ဆုတောင်းပါ။ အိမ်ဘုရားမှာတော့ ထောပတ်ထမ်း (၅)ပွဲ ဆက်ကပ်လှူဒါန်းပါ။ ဒါဆိုရင်တော့ ညံ့နေသော သင်၏ ကံဇာတာ အညံ့အခိုက်များ ပြေပျောက်ပြီး ကံဇာတာကောင်းများ ကောင်းမွန်လာပါလိမ်မည်။


ကြာသပတေးသားသမီးများအတွက်

ဒီလအတွင်းမှာ သင်၏ ကံဇာတာကို ပြောရရင်တော့ စိတ်ညစ်စရာတွေက တစ်ဖက် ၊ ပျော်စရာတွေက တစ်ဖက် ကြုံတွေ့နေရတတ်ပါတယ်။ နောက်ပြီး ဘာပဲဖြစ်ဖြစ် နှစ်ကြိမ်နှစ်ခါ ကြုံရတတ်ပါတယ်။ ဆိုလိုတာက ကောင်းတာဖြစ်ရင်လည်း နှစ်ခါ ၊ ဆိုးတာဆိုရင်လည်း နှစ်ကြိမ် ကြုံမယ်ပေါ့။ သူတစ်ပါး ကိစ္စတွေကို ကိုယ်က လိုက်ပြီး ခေါင်းခံ ဖြေရှင်းပေးရတတ်တယ်။ အကျိုးပေးတဲ့ ကောင်းတဲ့ ခရီးတွေကတော့ မကြာခနဆိုသလို သွားရတတ်တယ်။ နောက်ပြီး ဒီအချိန်မှာ အလုပ်နေရာ အိမ်နေရာ ကောင်းသော အပြောင်းအရွေ့တွေ ဖြစ်တတ်တယ်။ အလုပ်သစ်ရတာ ဒါမှမဟုတ် လက်ရှိနေရာကို အသစ်ဖြစ်အောင် ပြုပြင်ရတာတွေလည်း လုပ်ရတတ်တယ်။ ကိုယ်က စိတ်ကူးမရှိပဲ ပညာတစ်ခု သင်ခွင့်ရတာ ၊ ဒါမှမဟုတ် သင်တန်းတက်ခွင့် ရတာတွေလည်း ဖြစ်တတ်ပါတယ်။ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်ထဲမှာတော့ နည်းနည်းလောက် ဂရုစိုက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်ထဲမှာ စိတ်အနှောက်အယှက် ဖြစ်စရာလေးတွေနဲ့ ကြုံတွေ့ရတတ်လို့ပါပဲ။ အလုပ်ကိစ္စ ပြဿနာလေးတွေ ဖြေရှင်းရတတ်လို့ပါပဲ။ နောက်ပြီး ကိုယ့်ရဲ့ တပည့်ရင်းတွေ လူယုံတွေ ကိုယ်နဲ မတည့်တဲ့လူဆီ ရောက်သွားတတ်တယ်။ ပြီးတော့ ကိုယ်နဲ့ မတည့်တဲ့ ကိုယ်ပြိုင်ဘက်နဲ့ ပေါင်းပြီး ကိုယ့်ကို မကောင်းကြံတာ မကောင်းပြောတာ ခံရတတ်ပါတယ်။ ဝန်ထမ်းအလုပ် လုပ်ကိုင်နေကြသူများ အတွက်ကတော့ အင်မတန် ပျော်ဖို့ ကောင်းတဲ့ အချိန် ဖြစ်ပါတယ်။ မိမိ ဌာနမှာ အကြီးအကဲတွေက အကူအညီကောင်းတွေ ပေးမယ့် အခြေအနေ ရှိနေပါတယ်။ ဘုရားဖူးခရီး သွားဖို့အတွက် အကောင်းဆုံး အခြေအနေပါပဲ။ အရောင်းအဝယ် ခရီးတွေဆိုရင်တော့ ရှုံးတတ်ပါတယ်။ ဒီနှစ်မှာ နောက်ထပ် ဒုက္ခပေးနိုင်သူကတော့ လူမျိုးခြား ဘာသာခြားကလည်း ဒုက္ခပေးတတ်ပါသေးတယ်။ သတိထားသင့်ပါတယ်။ အိမ်ထောင်ရှိတဲ့ သူတွေကတော့ အိမ်ထောင်ရေး ရှုပ်ထွေးမှု့တွေ ဖြစ်တတ်သလို အိမ်ထောင်ရေးကို ခါးခါးသီးသီး စိတ်ကုန်သွားတာမျိုးတွေလည်း ဖြစ်တတ်ပါသေးတယ်။ အိမ်ထောင်မရှိတဲ့ သူတွေကတော့ အချစ်ရေးမှာ ဘေးလူ ဝင်ရှုပ်လို့ ပြတ်သွားရမတတ် အခြေအနေတွေ ကြုံရတတ်ပါတယ်။ ကျန်းမာရေး အနေနှင့်ကတော့ မီးပူလောင်ခြင်း ၊ ရေနွေးပူလောင်ခြင်း ဖြစ်တတ်ပါတယ်။ ဆေးထိုးဆေးသောက်ရင်လည်း ဂရုစိုက်ပါ။ ဘာကြောင့်လဲဆိုတော့ မှားတတ်ပါတယ်။ ဆေးမှား အစာမှား ဖြစ်တတ်ပါတယ်။ ဒါကတော့ ကျန်းမာရေးပေါ့။  သင့်အတွက် ဒီလထဲမှာ ကံဇာတာ ကောင်းမွန်စေသော နေ့ရက်များကတော့ သောကြာနေ့ နှင့် တနင်္ဂနွေနေ့ဖြစ်ပါတယ်။ အရေးကြီးတဲ့ ကိစ္စတွေကို အဲဒီ နေ့ရက်တွေမှာ ဆောင်ရွက်ပါ။ ရှောင်သင့်တဲ့နေရက်တွေကတော့ အင်္ဂါနေ့နှင့် စနေနေ့ ဖြစ်ပါတယ်။ သင်ဟာ ထီထိုးခြင်းကို ဝါသနာပါသူ ဖြစ်ပါက (၁၁)(၁၆)(၆၁)(၆၆) စသော ဂဏန်းတွဲများ ပါအောင် ထိုး၍ ကံစမ်းသင့်ပါတယ်။ ကံဇာတာကောင်းဖို့အတွက် ဒါမှမဟုတ် မကောင်းတာတွေ ပြေပျောက်စေဖို့ အတွက်ကတော့ ဘုန်းတော်ကြီးကို နို့ဆီ (၃)ဘူး လှူပေးပါ။ ဘုရားတစ်ဆူဆူ၏ စနေထောင့်မှာ ထီးနီ(၁၀)လက် လှူပေးပါလေ။



သောကြာသားသမီးများအတွက်

ဒီလအတွင်းမှာ သင်၏ ကံဇာတာကို ပြောရရင်တော့ ကံဇာတာ ကောင်းနေသလားဆိုတော့ ကံဇာတာက စင်းလုံးချောကြီးလည်း မကောင်းသေးဘူး။ အရမ်းလည်း ညံ့မနေပါဘူး။ အကောင်းဘက်မှာ အလေးသာနေတယ်လို့တော့ ပြောလို့ ရမှာပါ။ စတင်ခြင်းဆိုတာ ဒီအချိန်လေးပါပဲ။ ဘာတွေ စတင်မှာလဲဆိုတော့ လုပ်ငန်းသစ်တွေ စတင်ရတတ်ပါတယ်။ အကြံအစည် သစ်တွေ စတင်ရတတ်ပါတယ်။ အဆက်အသွယ် သစ်တွေ ရောက်လာတတ်ပါတယ်။ ဆိုလိုတာက အလုပ်သစ် အကိုင်သစ်တွေ စတင် လုပ်ကိုင်ရပေမယ့် အကျိုးအမြတ်တွေကတော့ ထင်သလောက် မရရှိတတ်သေးပါဘူး။  ထင်သလောက် အမြတ်အစွန်း မရရှိတတ်သေးပါဘူး။ အလုပ်တွေကလည်း များလွန်းတော့ ကိုယ်က ဟိုဟာ လုပ်ရတော့မလိုလို ဒီဟာ လုပ်ရတော့ မလိုလိုတွေလည်း ဖြစ်တတ်ပါတယ်။ သတိထားရမှာက ပုံမအော မိပါစေနှင့်။ ငွေမြုတ်သွားတတ်ပါတယ်။ သတိထာားပါ။ စပ်တူရှယ်ရာ လုပ်ငန်းတွေ စတင်ရတတ်ပါတယ်။ စက်ပစ္စည်းနှင့် ပါတ်သက်လို့ကတော့ အင်မတန် ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။ ရောင်းမယ်ဆိုလည်း ကောင်းပါတယ်။ ဝယ်မယ်ဆိုလည်း ကောင်းပါတယ်။ ကိုယ်က စိတ်မပါဘဲနှင့် သူတစ်ပါး ကိစ္စအတွက် ခရီး ထွက်ရတတ်ပါတယ်။ ကျန်းမာရေး အနေနှင့်ကတော့ ဦးခေါင်းပိုင်း ဂရုစိုက်ပါ။  ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာ ရရှိခြင်း ၊ မကြာခန ခေါင်းမူး ခေါင်းကိုက်ဖြစ်ခြင်း ဖြစ်တတ်ပါတယ်။ အိမ်ထောင်သည်များ အနေနှင့်ကတော့ အိမ်ထောင်ရေးမှာ တစ်ဦးနှင့်တစ်ဦး တစ်ယောက်နှင့် တစ်ယောက် သံသယဖြစ်ခြင်း မယုံမကြည် ဖြစ်ခြင်းလေးတွေ ကြောင့် စကား များနေရတတ်ပါတယ်။ လူပျိုလူလွတ်တွေ အတွက်ကတော့ အချစ်ရေး ကံဇာတာ ကောင်းတယ် ဆိုပေမယ့် စန်းပွင့်လွန်းပြီး မလွတ်လပ်သူနှင့် ချစ်သူရည်းစား ဖြစ်ရတတ်တယ်။ သင့်အတွက် ဒီလထဲမှာ ကံဇာတာ ကောင်းမွန်စေသော နေ့ရက်များကတော့ တနင်္ဂနွေနေ့နှင့် အင်္ဂါနေ့ဖြစ်ပါတယ်။ အရေးကြီးတဲ့ ကိစ္စတွေကို အဲဒီ နေ့ရက်တွေမှာ ဆောင်ရွက်ပါ။ ရှောင်သင့်တဲ့နေရက် တွေကတော့ တနင်္လာနေ့နဲ့ ကြာသပတေးနေ့ ဖြစ်ပါတယ်။ သင်ဟာ ထီထိုးခြင်းကို ဝါသနာပါသူ ဖြစ်ပါက (၁၃)(၁၆)(၃၁) စသော ဂဏန်းတွဲများ ပါအောင် ထိုး၍ ကံစမ်းသင့်ပါတယ်။ ကံဇာတာကောင်းဖို့အတွက် ဒါမှမဟုတ် မကောင်းတာတွေ ပြေပျောက်စေဖို့ အတွက်ကတော့ အိမ်ဘုရားမှာ အုန်းဆွမ်း မကြာခန လှူဒါန်းပေးပါ။



စနေသားသမီးများအတွက်

ဒီလအတွင်းမှာ သင်၏ ကံဇာတာကို ပြောပြရမယ် ဆိုရင်တော့ အင်မတန်ကို ဝမ်းသာ ပျော်ရွှင်ရမယ့် အချိန်ကာလ တစ်ခုပါပဲ။ ပျော်စရာလည်း ကောင်းမယ်။ စိတ်ချမ်းသာစရာလည်း ကောင်းမယ်။  ဘာလုပ်လုပ် ဘာကြံကြံ အဆင်ပြေ အောင်မြင့်မယ့် အချိန်ကာလ တစ်ခုဆိုပါတော့။ ရည်ရွယ်ချက် မရှိပါပဲ ရုတ်တရက်ကြီး ထပြီး အလှူဒါနလည်း လုပ်ရတတ်ပါတယ်။ ကောင်းပါတယ်။ ရည်ရွယ်တုန်းကတော့ သေးသေးလေး နောက်တော့ ကြီးသွားတတ်ပါတယ်။ ကောင်းမွန်တဲ့ သတင်းကောင်းတွေ ကြားရတတ်ပါတယ်။ အလုပ်သစ် အကိုင်သစ်တွေ အဆက်အသွယ်ကောင်းတွေ အိမ်ပေါ်ကို ရောက်လာမယ့် အခြေအနေပါပဲ။ ဘာသာရေးနဲ့ ပါတ်သက်သော ပုံတော်များ ဝင်လာတတ်ပါတယ်။ နိမိတ်ကောင်းပါပဲ။ အလုပ်နေရာတို့ အိမ်နေရာတို့လည်း လက်ရှိနေရာထက် ပိုကောင်းတဲ့ နေရာကို ပြောင်းရွေ့ရတတ်ပါတယ်။ ပြောရရင်တော့ ဒီအချိန်မှာ သင်က ဖြစ်သလို နေနေတာတောင် တွေ့တဲ့လူတွေက အရမ်းလှနေပါလားလို့ ပြောဆို ချိန်းမွန်းမယ့် အခြေအနေ ရှိနေပါတယ်။ ဒါကလည်း သင်က ကံကောင်းနေတာကိုး။ တစ်ချိန်တုန်းက ကိုယ့်ကို မခေါ်တဲ့လူတွေက ကိုယ့်ကို ပြန်ခေါ်လာမယ်။ အဆင်မပြေတဲ့ လူတွေနဲ့ ပြန်ပြီး အဆင်ပြေလာမယ်။ ကံကောင်းနေတာကိုး။  ကိုယ့်ရဲ့ ဆရာသမားလို သဘောထားတဲ့ သူတွေနဲ့တော့ အဆင်မပြေမှု့လေးတွေ အဖုအထစ်လေးတွေ ဖြစ်တတ်ပါတယ်။ မြေကိစ္စ အမွေကိစ္စ ဖြေရှင်းပေးရတတ်ပါတယ်။  အိမ်ထောင်သည်တွေ အဖို့ကတော့ အထူးသတိ ထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အင်မတန် စန်းပွင့်တဲ့ ကာလ ဖြစ်တဲ့ အတွက် လက်ရှိ အိမ်ထောင်ရေး အဆင်မပြေ ပြိုကွဲတတ်ပါတယ်။ အိမ်ထောင်မရှိသူများကတော့ အချစ်ရေးမှာ အကောင်းဘက်ကို အလေးသာနေပါတယ်။ ချစ်သူခင်သူ ဝိုင်းဝိုင်းလည်နေမယ့် ကာလ ဖြစ်နေပါတယ်။ ကိုယ့်အတွက် ကောင်းမွန်သော အိမ်ထောင်ဖက်ကို ရွေးချယ်ခွင့် ရမယ့် အခြေအနေပါပဲ။ ကျန်းမာရေး အနေနှင့်ကတော့ ဆီးအောင် ဆီးကိုက်တတ်တယ်။ သွားနာခြင်း သွားကိုက်ခြင်း ဖြစ်တတ်ပါတယ်။ အစာမှား ဆေးမှားလည်း ဖြစ်တတ်ပါသေးတယ်။ သင့်အတွက် ဒီလထဲမှာ ကံဇာတာ ကောင်းမွန်စေသော နေ့ရက်များကတော့ ဗုဒ္ဓဟူးနေ့ နှင့် တနင်္လာနေ့ဖြစ်ပါတယ်။ အရေးကြီးတဲ့ ကိစ္စတွေကို အဲဒီ နေ့ရက်တွေမှာ ဆောင်ရွက်ပါ။ ရှောင်သင့်တဲ့နေရက်တွေကတော့ အင်္ဂါနေ့နှင့် သောကြာနေ့ ဖြစ်ပါတယ်။ သင်ဟာ ထီထိုးခြင်းကို ဝါသနာပါသူ ဖြစ်ပါက (၂၄)(၄၂)(၄၆)(၆၄) စသော ဂဏန်းတွဲများ ပါအောင် ထိုး၍ ကံစမ်းသင့်ပါတယ်။ ကံဇာတာကောင်းဖို့အတွက် ဒါမှမဟုတ် မကောင်းတာတွေ ပြေပျောက်စေဖို့ အတွက်ကတော့ ကလေးများကို ချောကလက် လက်ဆောင်ပေးပါ။ ဘုရားရင်ဘတ်တော် ရွှေချပေးပါ။

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ